News

Ford ၏ စွမ်းအင်နှစ်မျိုးသုံး Hybrid ကားများ ရောင်းအားတက်

hybird-car

အမေရိကန်နိုင်ငံ၌ စွမ်းအင်နှစ်မျိုးသုံး (Hybrid)ကားများ ရောင်းချရမှုတွင် တိုယိုတာ ကုမ္ပဏီထုတ်ကားများက ဆက်လက် စိုမိုးနေသော်လည်း Ford ကုမ္ပဏီထုတ် စွမ်းအင် နှစ်မျိုးသုံး Fusionနှင့် C-Max ကားများမှာလည်း သိသာစွာ ရောင်းအားတက်လာကြောင်း သိရသည်။ တိုယိုတာ ကုမ္ပဏီက Hybridဈေးကွက်၏ ထက်ဝက်ကျော်ခန့် စိုးမိုးထားဆဲ ဖြစ်သော်လည်း ဖို့ဒ်၏ စွမ်းအင်နှစ်မျိုးသုံး Hybridကားများ ရောင်းချရမှုမှာ ဧပြီလအတွင်း ၁၈ရာခိုင်နှုန်း တိုးတက်လာခဲ့သဖြင့် ဒုတိယနေရာမှ လိုက်နေသည်။

ယမန်နှစ်က တစ်နှစ်အတွင်း ရောင်းချခဲ့ရသော စွမ်းအင် နှစ်မျိုးသုံး ကားအရေအတွက် ၃၅,၄၉၆စီးကိုလည်း ယခုလအတွင်း ကျော်ဖြတ်နိုင်မည်ဟု ဖို့ဒ်ကုမ္ပဏီက မျှော်လင့် ထားသော်လည်း ဖို့ဒ်ကားကုမ္ပဏီအနေဖြင့် Hybrid ကားဈေးကွက်၌ တိုယိုတာအား အမီလိုက်ရန် အရှိန်မြှင့် လုပ်ဆောင် ရမည်ဖြစ်သည်။ တိုယိုတာသည် ပြီးခဲ့သည့် နှစ်က ယင်းကားအမျိုးအစားများ အစီးရေ ၂၃၆,၀၀၀အထိ ရောင်းချခဲ့ရပြီး ယခုနှစ်တွင်လည်း ထို့ထက်ပိုမို ရောင်းချနိုင်မည်ဟု မျှော်လင့်ထားကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *