News

ကိုရီးယားတွင် Samsung Galaxy Note ဖုန်းများ ဆယ်သန်း ရောင်းချရ

ကိုရီးယားတွင် Samsung Galaxy Note ဖုန်းများ ဆယ်သန်း ရောင်းချပြီးဖြစ်ကြောင်း Samsung က ကြေညာပါတယ်။ ကိုရီးယား တွင် Phablet များရေပန်းစားပြီး ဖုန်းအသုံးပြုသူအားလုံး၏ (၄၁) ရာခိုင်နှုန်းသည် ငါးလက်မထက်ကြီးသော Phablet User များဖြစ်ကြောင်း စစ်တမ်းတစ်ရပ်က ဖော်ပြခဲ့ဖူးပါတယ်။ တစ်ကမ္ဘာလုံးအတိုင်းအတာ နဲ့ ယှဉ်လျှင် (၇) ရာခိုင်နှုန်းကသာ Phablet ဖုန်းများအသုံးပြုကြတာဖြစ်ပါတယ်။

Samsung က Galaxy Note ဖုန်းများထုတ်လုပ်ရောင်းချနေသည်မှာ သုံးနှစ်ရှိပြီဖြစ်ပါတယ်။ ပထမဆုံး ထုတ်လုပ်ရောင်းချခဲ့တဲ့ Galaxy Note ဟာ တစ်ကမ္ဘာလုံး မှာ သန်းငါးဆယ် ရောင်းချခဲ့ရပါတယ်။ အဆိုပါ Galaxy Note ကို ၂၀၁၁ ခုနှစ် မှာ ဘာလင်တွင် ပြုလုပ်ခဲ့တဲ့ IFA ပွဲမှာ စတင်မိတ်ဆက်ခဲ့ပြီး Galaxy Note နဲ့အတူ S Pen ကိုလည်း စတင်ပွဲထုတ်ခဲ့တာဖြစ်ပါတယ်။ အရွယ်အစား ကြီးမားတဲ့ Phablet ဈေးကွက်ကို စတင်ခဲ့တဲ့ဖုန်းဆိုရင်လည်း မမှားပါဘူး။

အဲဒီ Note ဖုန်းနောက်မှာတော့ Galaxy Note 2 ကို ထုတ်လုပ်ခဲ့ပြီး ဒီနေ့ခေတ် Phablet လောကမှာ မင်းမူနေတဲ့ Galaxy Note 3 ကိုထုတ်လုပ်ခဲ့ပါတယ်။ ဈေးကွက်ထဲမှာ Phablet ဖုန်းများစွာ ပေါ်ထွက်နေပေမယ့် S Pen နဲ့ Samsung ရဲ့ ကိုယ်ပိုင်ဆော့ဝဲ TouchWiz တို့ ကြောင့် Note 3 ဟာ ပြိုင်စံရှားဖြစ်နေတာဖြစ်ပါတယ်။

Note ဖုန်းတွေရဲ့ တစ်ကမ္ဘာလုံး ရောင်းချရတဲ့နှုန်းတွေကို လေ့လာကြည့်ရင် ပိုမို အထင်ကြီးလေးစားစရာ ကောင်းပါတယ်။ ပထမဆုံးမျိုးဆက်နှစ်ခု ရဲ့ ရောင်းအားဟာ (၃၈) သန်း ကျော်ခဲ့ပါတယ်။ အခုတော့ သန်းငါးဆယ်ကျော်သွားပြီဖြစ်ပါတယ်။

Galaxy Note ဖုန်းများ ကိုရီးယား မှာ ဆယ်သန်း ရောင်းချရတဲ့ အတွက် Samsung က ဇန်နဝါရီလ (၁၇) ရက်နေ့မှ ဖေဖော်ဝါရီလ(၇) ရက်နေ့အတွင်း အထူးပွဲတစ်ခုပြုလုပ်ပေးမှာဖြစ်ပြီး Customers များကို ကံစမ်းမဲများဖောက်ပေးမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။