News

သမ္မတဦးသိန်းစိန် နိုဘယ်ဆုစာရင်း ထပ်မံတင်သွင်းခံရ

မြန်မာနိုင်ငံ သမ္မတဦးသိန်းစိန်သည် ၂၀၁၃ခုနှစ်အတွက် ရွေးချယ်မည့် နိုဘယ်ဆု ဆန်ခါတင်စာရင်းတွင် ပါ၀င်နေကြောင်း သိရသည်။ ၂၀၁၃ခုနှစ် အောက်တိုဘာ ၇ရက်မှ ၁၁ရက်အထိ နော်ေ၀နိုင်ငံ၌ ကျင်းပမည့် (၉၁)ကြိမ်မြောက် နိုဘယ်ဆု ချီးမြှင့်ပွဲတွင် နိုင်ငံတော်သမ္မတ ဦးသိန်းစိန်သည် Democratic Voice of Burma (DVB)နှင့်အတူ ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် အမည်စာရင်း တင်သွင်းခြင်း ခံခဲ့ရသည်ဟု သတင်းများ ထွက်ပေါ်နေကြောင်း နိုဘယ်ဆု ကော်မတီနှင့် နီးစပ်သော အသိုင်းအ၀ိုင်းမှ သိရသည်ဟု ဆိုသည်။

“ဒီကိစ္စကတော့ ဆုရွေးချယ်ရေးအဖွဲ့က ဆုမရွေးချယ်မီ တရား၀င် ထုတ်ဖော်ပြောကြားတာမျိုး မရှိပါဘူး။ ဘယ်လို ဒီသတင်းထွက်လာလဲတော့ မသိပါဘူး။ သူတို့အဖွဲ့ကနေ တစ်ယောက်ယောက် ကတော့ နီးတဲ့အခါ ထုတ်ပြောတာမျိုးတွေတော့ ရှိတတ်ပါတယ်”ဟု နိုင်ငံတော် သမ္မတရုံးမှ တာ၀န်ရှိသူတစ်ဦးက ပြောကြားသည်ဟု သိရသည်။

ယင်းနှင့်ပတ်သက်၍ နိုင်ငံရေး လေ့လာသူ ဦးကျော်လင်းဦးက “ကျွန်တော်တို့ နိုင်ငံရဲ့ ငြိမ်းချမ်းရေး ဖြစ်စဉ်ကို ကြည့်ရင် လက်နက်ကိုင်တပ်ဖွဲ့ ပေါင်းစုံနဲ့ ဆွေးနွေးရတာ ဖြစ်တဲ့အတွက် ပိုပြီးတော့ ခက်ခဲနက်နဲပါတယ်။ လက်ရှိအနေအထားနဲ့ ကြည့်ရင်လည်း ငြိမ်းချမ်းရေး အနေအထားက သူများနိုင်ငံတွေထက် ပိုပြီးတော့ မြန်မြန်ဖြစ်ထွန်းလာတာကို တွေ့ရတယ်။ အခု လက်နက်ကိုင်တပ်ဖွဲ့ ၁၄ဖွဲ့လောက်နဲ့ ထိတွေ့ဆက်ဆံ ပြီးသွားပြီ။ အောက်တိုဘာမှာလုပ်မယ့် ငြိမ်းချမ်းရေး လက်မှတ်ထိုးပွဲရှိတယ်။ ဒါတွေက သမ္မတကြီးရဲ့ နိုဘယ်ဆုရမယ့် လမ်းမှာ အများကြီး အထောက်အကူ ရနိုင်ပါတယ်”ဟု သုံးသပ်ပြောကြားသည်။

နိုင်ငံတော် သမ္မတဦးသိန်းစိန်သည် ၂၀၁၂ခုနှစ်အတွင်းက ငြိမ်းချမ်းရေး နိုဘယ်ဆုအတွက် ပဏာမ အမည်စာရင်း တင်သွင်းမှုတွင် ပါ၀င်ခဲ့သော်လည်း ရွေးချယ်ရာတွင် ဥရောပကော်မရှင်သာ ရွေးချယ်ခံခဲ့ရသည်။ သမ္မတကြီးဦးသိန်းစိန်သည် ၂၀၁၂ခုနှစ်အတွင်းက နိုင်ငံအတွင်းရှိ လက်နက်ကိုင်အဖွဲ့ ၁၁ဖွဲ့တွင် ၁၀ဖွဲ့နှင့် အပစ်အခတ် ရပ်စဲရေး လက်မှတ်ရေးထိုးနိုင်ခဲ့သူ ဖြစ်သည်။ ၂၀၁၂ခုနှစ်အတွင်းက နိုဘယ်ဆု မရရှိခဲ့သော်လည်း နယူးယောက် အခြေစိုက် နိုင်ငံတကာ ပဋိပက္ခများ ဖြေရှင်းရေးအဖွဲ့က ချီးမြှင့်သည့် ငြိမ်းချမ်းရေး ကြိုးပမ်းမှု ဆုချီးမြှင့်ခြင်း ခံခဲ့ရကြောင်း သိရသည်။ နိုဘယ်ဆုကို ၁၉၀၁ခုနှစ်တွင် စတင်ပေးခဲ့ခြင်းဖြစ်ပြီး ဒေါ်အောင်ဆန်းစုကြည်က ၁၉၉၁ခုနှစ်တွင် ငြိမ်းချမ်းရေး နိုဘယ်ဆု ရရှိခဲ့သည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

8 thoughts on “သမ္မတဦးသိန်းစိန် နိုဘယ်ဆုစာရင်း ထပ်မံတင်သွင်းခံရ

  1. Rain Snow says:

    I believe that Mr. President will achieve Noble Prize.

  2. ဒွိဟဖြစ်နေတဲ့ စိတ်ကို ဒီဆုပေးလိုက်ခြင်းအားဖြင့် အကောင်းဘက်ပါလာနိုင်တယ်ဆိုတဲ့ အတွေးကြော့င် စဥ်းစားခံရတာဖြစ်မယ်။

  3. Si Thu Kyaw says:

    မျှော်မနေပါနဲ့ မကောင်းတာနဲ့ ကောင်းတာ ချေပေးလို့ ရရိုးလား။

  4. Nyein Thu says:

    တကယ်လို့များဒီဆုမရခဲ့ရင်တောင် ဒီလိုစားရင်းတင်သွင်းခံရတာကမှဒေါ်မွတ်စုရခဲ့တဲ့ဆုထက် အများကြီးအဖိုးတန်တယ်

  5. မလုပ်ကြပါနဲ့ဂျာ မြင်မကောင်းရုမကောင်း

  6. ပေး တဲ. လူ တွေ က ဘာ ကို ကြည်. ပြီး ပေး တာ လဲ မ သိ ၀ူး နော် ….

  7. Tml Smart says:

    He’s not worth for it .

Leave a Reply

Your email address will not be published. Required fields are marked *