Review

“Cloud”ဟူသည်…

ဒီနေ့ခေတ် နည်းပညာပိုင်း ဆိုင်ရာမှာ လူပြောသူပြော များပြီး လူသိပ်မသိကြသေးတဲ့ “Cloud”ဆိုတာကို ရှင်းပြလိုပါတယ်။ Cloudဆိုတာ ဘာလဲ? Cloudကို ဘယ်အချိန်မှာ သုံးကြလဲ? Cloudဟာ သင့်စီးပွားရေး အတွက် ဘယ်လို အကျိုးဖြစ်ထွန်းစေလဲ စတာတွေပေါ့။ Facebook, Twitter, Tumblrတို့လိုမျိုး လူမှုကွန်ရက်တစ်ခုခု၊ ဒါမှမဟုတ် Google Driveလိုမျိုး “Online Data Storage”တစ်ခုခုကို သုံးတယ် ဆိုရင် သင်ဟာလည်း “Cloud”အသုံးပြုတဲ့လူ တစ်ယောက် ဖြစ်နေပါပြီ။

Cloudဆိုတာ တကယ်တော့ ဘာလဲ?

Cloudဆိုတာ ရုပ်ပိုင်းဆိုင်ရာအရ တကယ်လက်တွေ့ရှိတဲ့ အရာတစ်ခုတော့ မဟုတ်ပါဘူး။ “မတူညီတဲ့ လုပ်ဆောင်ချက် တစ်ခုစီရှိတဲ့ Serverတွေရဲ့ ကွန်ရက်”တစ်ခုသာ ဖြစ်ပြီး အဲဒီထဲက အချို့Serverတွေဟာ Computing Powerကို အသုံးပြုကာ Appတွေ Runတာနဲ့ Serviceတွေ ဖြန့်ေ၀တာ တွေကို လုပ်ဆောင်ကြပါတယ်။ ဥပမာပြရရင် Photoshop, Indesign စတာတွေကို ထုတ်လုပ်တဲ့ Adobeကုမ္ပဏီ ဆိုရင် မကြာသေးမီကမှ သူ့ရဲ့ “Creative Service”တွေကို Cloudပေါ်ရွှေ့ပြောင်း ခဲ့တာပါ။ ဒါကြောင့် Adobe Productတွေ ၀ယ်ယူချင်ရင် Setလိုက် ၀ယ်စရာမလိုတော့ဘဲနဲ့ “Adobe Creative Cloud”ကနေ လစဉ်ကြေး ပေးသွင်းပြီး ဆော့ဖ်၀ဲလ်တစ်ခုစီ ၀ယ်ယူနိုင်ပြီ ဖြစ်ပါတယ်။

Networkထဲမှာ ရှိတဲ့ အခြား Serverတွေရဲ့ တာ၀န်ကတော့ Dataတွေကို သိုလှောင်ဖို့ ဖြစ်ပါတယ်။ ဥပမာ တစ်ခုပြရရင် သင့်ရဲ့ စမတ်ဖုန်းကို သုံးပြီ ဓာတ်ပုံရိုက်လိုက်တဲ့ အခါ အဆိုပါ ဓာတ်ပုံက သင့်ဖုန်းထဲမှာ သိမ်းသွားမှာ ဖြစ်ပြီး Instagramလိုမျိုး လူမှုကွန်ရက်တစ်ခုခုမှာ တင်ရင်တော့ သင်ဟာ အဲဒီဓာတ်ပုံကို Cloudပေါ်သို့ တင်နေခြင်းပဲ ဖြစ်ပါတယ်။ ဒါကြောင့် “Cloud”ဆိုတာ Serverတွေရဲ့ ကွန်ရက်တစ်ခုပါပဲ။ အချို့ Serverတွေက Adobe Creative Cloudလိုမျိုး Online Serviceတွေကို ၀န်ဆောင်မှု ပေးသလို အချို့ Serverတွေ ကျပြန်တော့ Instagram, Dropboxလို နေရာတွေမှာ သင့်ရဲ့ Dataတွေ ထားသိုနိုင်ဖို့ လုပ်ဆောင် ပေးတာပါ။

သင့်အနေနဲ့ Cloudဆိုတာကြီးကို နေ့တိုင်း ထိတွေ့နေရပါတယ်။ Google Driveကနေ SkyDriveထိ၊ iCloudကနေ Evernoteအထိ ပေါ့။ သင့်ဖုန်းရဲ့ ဖုန်းတွင်းမှတ်ဉာဏ် သုံးစရာမလိုဘဲနဲ့ အချက်အလက်တွေကို Cloudပေါ်သို့ အချိန်မရွေး တင်နိုင်ပါတယ်။

Cloudကို သုံးလို့ ရတဲ့အကျိုး ကျေးဇူးတွေ

စီးပွားရေး လုပ်ငန်းတစ်ခုအနေနဲ့ သူတို့ရဲ့ အချက်အလက်တွေကို ထားသိုဖို့ Cloudမသုံးဘူး ဆိုရင် ကွန်ပျူတာ ပစ္စည်းတွေ ၀ယ်တာနဲ့ ကုန်ကျစရိတ် အရမ်းကြီးမြင့် သွားပါလိမ့်မယ်။ ဒါကြောင့် Cloudကို သုံးလိုက်တော့ စက်ပစ္စည်းတွေ ၀ယ်စရာ မလိုတော့ဘဲနဲ့ Cloudသုံးခပဲ ပေးရမှာ ဖြစ်ပါတယ်။ ဒါကြောင့် Cloudတွေ အနေနဲ့ များစွာ အလုပ်ဖြစ်နေပြီး ကုမ္ပဏီတွေလည်း ငွေကြေးတွေ Saveဖြစ်စေ ပါတယ်။

Cloudဖြစ်ပေါ် လာပုံ

လွန်ခဲ့တဲ့ ၁၉၅၀ပြည့်နှစ်တွေ လောက်တည်းက Cloudသဘောမျိုး Mainframeတစ်ခု တီထွင်ခဲ့ကြပါတယ်။ အဆိုပါ Mainframeဟာ အခန်းတစ်ခုစာလောက် ကြီးမားပြီး ဈေးလည်းအရမ်းကြီး ပါတယ်။ ဒါကြောင့် အဖွဲ့အစည်း(ကုမ္ပဏီ)တွေ အနေနဲ့ တစ်ယောက်ချင်းစီကို အဲဒီလို Mainframeတစ်ခုစီ ၀ယ်မပေးနိုင်တဲ့ အတွက် Userတွေ အများကြီး Dataတွေကို ေ၀မျှသုံးစွဲနိုင်တဲ့ “Time Sharing”ဆိုတဲ့ စနစ်တစ်ခုကို လုပ်ဆောင်ခဲ့ကြပါတယ်။ အဆိုပါ စနစ်ဟာ ဒီနေ့ခေတ်မှာ “Cloud”တွေ ဖြစ်ပေါ်လာဖို့ အဓိကအကြောင်းရင်း ပါပဲ။

Cloudသမိုင်းမှာ နောက်ထပ် အဓိကဖြစ်စဉ် ကတော့ ၁၉၆၉ခုနှစ်မှာ Developerတစ်ယောက်က ARPANET(Advanced Research Projects Agency Network)ဆိုတဲ့ ကွန်ရက်တစ်ခု တီထွင်ဖန်တီး ခဲ့တာပါ။ တစ်နေ့နေ့မှာ ဘယ်သူမဆို ဘယ်နေရာကို ရောက်ရောက် Dataတွေ၊ Programတွေ ရယူသုံးစွဲ နိုင်ရမယ် ဆိုတဲ့ ရည်မှန်းချက်နဲ့ လုပ်ဆောင်ခဲ့တာ ဖြစ်ပါတယ်။ သို့သော် အဲဒီကာလတည်းက Internetဟာ Cloudစနစ် သုံးလို့ရလောက်အောင် လုံလောက်တဲ့ Bandwidthမရှိခဲ့တာ ၁၉၉၀ပြည့်နှစ်တွေ အထိပါပဲ။

ဒီနေ့ခေတ် နည်းပညာနယ်ပယ်မှာ လူတိုင်းနှုတ်ဖျား ပြောနေကြတဲ့ “Cloud Computing”ဆိုတဲ့ အသုံးအနှုန်းကို ဘယ်သူက စတင် ထွင်ခဲ့တယ်လို့ ထင်ပါသလဲ? ၁၉၉၇ခုနှစ်နဲ့ ၁၉၉၉ခုနှစ်တွေမှာ ပါမောက္ခ Ramnath Chellappaဆိုသူက စတင် အသုံးပြု ခေါ်ေဝါ်ခဲ့တာ ပါတဲ့ဗျာ။ အဆိုပါ ပုဂ္ဂိုလ်က “Salesforce”ဆိုတဲ့ Websiteကိုပါ ဖန်တီးခဲ့ပြီး အဆိုပါ Websiteဟာ အင်တာနက်ကနေ Applicationsတွေနဲ့ Softwareတွေ ရယူလို့ရတဲ့ ပထမဦးဆုံး Websiteဖြစ်လာ တော့တာပါပဲ။

ဒီဘက်ခေတ် ရောက်တဲ့အခါ မှာတော့ နာမည်ကြီး အွန်လိုင်း Shopping၀န်ဆောင်မှု တစ်ခု ဖြစ်တဲ့ Amazonဟာ ၎င်းတို့ရဲ့ ကိုယ်ပိုင် Cloudကို AWS(Amazon Web Service)လို့ နာမည်ပေးပြီး ၂၀၀၆ခုနှစ်မှာ ပွဲထုတ် ကြေညာခဲ့ပါတယ်။ အဆိုပါ AWSဟာ Websiteတွေ၊ Appsတွေ အတွက် အွန်လိုင်း၀န်ဆောင်မှုတွေ ပေးခဲ့ပြီး ယနေ့ချိန်ထိလည်း Instagramလိုမျိုး၊ Pinterestလိုမျိုး လူမှုကွန်ရက်တွေဟာ AWSကို အားကိုးနေရတာ ဖြစ်ပါတယ်။ Amazonပိုင် AWSအနေနဲ့ ယခုအခါမှာ ကမ္ဘာအရပ်ရပ်က နိုင်ငံပေါင်း ၁၉၀ကျော်ရဲ့ Startupပေါင်း များစွာ၊ ကုမ္ပဏီကြီးများစွာနဲ့ ချိတ်ဆက် လည်ပတ်နေတယ်လို့လည်း သိရပါတယ်။

Cloudဆိုတာ ပမာဏ ဘယ်လောက်ကြီးမားလဲ?

စိတ်၀င်စားစရာပါ။ ဒါပေမယ့် တကယ်တမ်းကျတော့ Cloudတစ်ခု ဘယ်လောက်ကြီးမားတယ် ဆိုတာ ဘယ်သူမှ အတိအကျ မသိပါဘူးတဲ့။ တွက်ချက်တိုင်းတာမှုတွေ အရတော့ Cloudဟာ “1 Exabyte”လောက် ပမာဏ ရှိတယ်ဆိုပဲ။ ဒါနဲ့ “1 Exabyte”ဆိုတာ ဘယ်လောက် များပါလိမ့်? ဥပမာပြထားတာ ကတော့ 1 Exabyteဆိုတာ Appleရဲ့ Macbook Proအလုံးရေ ၄.၂သန်း လောက်ရဲ့ Hard Driveနဲ့ ညီမျှတယ်လို့ ဆိုထားပါတယ်။ ဒါဟာ တော်တော်များတဲ့ Storageပမာဏပါ။

Cloudမှာ သိမ်းတာ ဘယ်လောက်ထိ လုံခြုံလို့လဲ?

Evernoteလို Noteတွေ ရေးမှတ်တာမျိုး ပုံမှန်အချက်အလက်တွေ များစွာ သိမ်းထားမယ်ဆိုရင်တော့ Cloudဟာ တကယ်ပဲ အဆင်ပြေစေပါတယ်။ ဒါပေမယ့် ကိုယ်ရေးအချက်အလက်တွေ Cloudမှာ သိမ်းမယ် ဆိုရင်တော့ ဒါဟာ သတိကြီးစွာ ထားရမယ့် ကိစ္စတစ်ခု ဖြစ်လာပါပြီ။ နာမည်ကျော် Search Engineကုမ္ပဏီကြီး Googleကလည်း ဒါကို သတိပေးပြောကြားနေကာ ၎င်းတို့ရဲ့ Cloud Serviceမှာ ပိုက်ဆံပေးပြီး အသုံးပြုသူတွေရဲ့ Dataတွေကို အလိုလျောက် Encryptလုပ်ပေး သွားမယ့် အစီအစဉ်တစ်ရပ်ကို မကြာသေးမီကမှ ကြေညာခဲ့ပါတယ်။
သင်ရော Cloudကို ဘယ်လိုပုံစံမျိုးနဲ့ သုံးပါသလဲ? Commentပေးပြီး ၀င်ရောက်ဆွေးနွေး နိုင်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *