How-to

Pocket: အင်တာနက်က ဆောင်းပါးတွေကို သိမ်းထားမယ်။

အင်တာနက်ကဆောင်းပါးတစ်ပုဒ်ကို သင်ဖတ်နေတဲ့အချိန် အလုပ်ကလည်း ပေါ်လာလို့သွားရတော့မယ့် အခြေအနေမျိုးနဲ ့ကြုံဖူးမှာပါ။ အဲလို အခြေအနေမှာ အဲဒီဆောင်းပါးကို နောက်မှဖတ်ဖို ့သိမ်းပေးနိုင်တဲ့ web application တစ်ခုဖြစ်တဲ့ Pocket ကို သုံးနိုင်ပါတယ်။ Pocket က အရင်တုန်းက read it later လို ့ နာမည်တွင်ပါတယ်။ ဆောင်းပါးတွေသာမက image,video စတာတွေကိုပါသိမ်းနိုင်ပါတယ်။ chrome,firefo×,safari စတဲ့ browser တွေမှာ Pocket ရဲ  ့ e×tension (or) add-on တွေကို install လုပ်ပြီးသုံးနိုင်ပါတယ်။ E×tension (or) Add-on တွေမသုံးချင်ရင်လညး် bookmarklet ကို သုံးနိုင်ပါတယ်။ Android,iphone,ipad စတဲ့ devices တွေအတွက်လည်း Pocket ရဲ  ့ application တွေရှိ ပြီး အဲဒီ devices တွေကနေ ဆောင်းပါးတွေ သိမ်းတာတွေ ဖတ်တာတွေပြုလုပ်နိုင်ပါတယ်။ သင်သိမ်းထားတဲ့ဆောင်းပါးတွေကို  သင်နှစ်သက်ရာ device တွေကနေ sync လုပ်ပြီး ဖတ်ရှုနိုင်ပါတယ်။ ဒါ့အပြင် Pocket က တစ်ခြား third-party application 300 ကျော် မှာ integration ပါရှိပြီး အဲဒီ applications တွေကနေ သင့် Pocket အကောင့်ကို တိုက်ရိုက်သိ်မး်နိုင်ပါတယ်။Pocket က totally free ပါ။

http://getpocket.com/  မှာအကောင့်တစ်ခု လုပ်ပါ။ ပြီးရင် အဲဒီဆိုက်မှာပဲ browser entension or add-on တွေကို အင်စတောလုပ်ပြီးသုံးပါ။ Android,ios devices တွေအတွက် application တွေကိုလည်း အဲဒီဆိုက်ကနေတစ်ဆင့် သက်ဆိုင်ရာ application store တွေကနေ အခမဲ့ဒေါင်းလုပ်လုပ်ပြီးသုံးနိုင်ပါတယ်။

Browser ကနေဆောင်းပါးများသိမ်းခြင်း။
Pocket e×tension or add-on ကို browser မှာအင်စတောလုပ်ပြီးရင် browser မှာ pocket အိုင်ကွန်ကိုတွေ ့မြင်နိုင်ပါတယ်။ ဒီဆောင်းပါးမှာတော့ chrome browser ကို အသုံးပြုပြီးရေးပါတယ်။ Pocket အိုင်ကွန်ကို နှိပ်ပြီး ဆောင်းပါးကို သိမ်းပါ။ ဆောင်းပါးတွေကို Tag လုပ်ပြီးလည်းသိမ်းနိုင်ပါတယ်။ ပုံတွေကို သိမ်းဖို ့အတွက် ပုံကို နှိပ်ပြီး ပေါ်လာတဲ့ page ကနေ pocket icon ကိုနှိပ်ပြီးသိမ်းပါ။

Android, IOS  Device များကနေ ဆောင်းပါးများသိမ်းခြင်း။
ဒီဆောင်းပါးမှာတော့ android phone ကနေ ဆောင်းပါးများသိမ်းတာကို ရေးပါတယ်။ တစ်ခြား device တွေမှာလည်း အသုံးပြုနည်းက သိပ်ကွာမှာမဟုတ်ပါ။ Pocket ကို အင်စတောလုပ်ပြီးရင် browser ကနေ သင်သိမ်းချင်တဲ့ဆောင်းပါးကို သိမ်းဖို ့ menu ကနေ  share page ကိုနှိပ်ပြီး Add to Pocket ကိုနှိပ်ရင်အဲဒီဆောင်းပါးကို သိမ်းပေးမှာပါ။

 

Email ပို ့ပြီးဆောင်းပါးများသိမ်းခြင်း။
ဒီနည်း  က pocket e×tension or add-on တွေမရှိတဲ့ တစ်ခြားစက်တွေ မှာအသုံးပြုနေရတဲ့အခြေအနေမျိုးမှာ ပဲဖြစ်ဖြစ် ဒါမှမဟုတ် pocket application မရှိတဲ့ဖုန်းကနေ ပဲဖြစ်ဖြစ် ဆောင်းပါးတွေကို သင့် pocket အကောင့်ကို ပို ့ပြီးသိမ်း ချင်ရင် အသုံးဝင်ပါတယ်။  [email protected]  ဆိုတဲ့ email address ကို သင်သိမ်းချင်တဲ့ ဆောင်းပါး ရဲ  ့url address ထည့်ပေးပြီး ပို ့ပါ။ ဆောင်းပါး url ကို email body မှာထည့်ပေးရမှာပါ။

4

သိမ်းထားတဲ့ဆောင်းပါးများဖတ်ရှုခြင်း။
သိမ်းထားတဲ့ဆောင်းပါးတွေကို browser ကနေကြည့်ချင်ရင် http://getpocket.com/ ကိုသွားပြီးသင့်အကောင့်နဲ ့ login ဝင်ပြီးကြည့်ပါ။အောက်ကပုံမှာမြင်ရသလို ပဲ  ဆောင်းပါးတွေ ၊ပုံတွေ ၊ video တွေအားလုံးကို သိမ်းနိုင်ပြီးကြည့်ရှုနိုင်ပါတယ်။

ဆောင်းပါးတွေကို email,facebook,twitter,buffer စတာတွေနဲ ့share လုပ်နိုင်သလို ဖတ်ပြီးလို့ ဖျက်ချင်ရင်ဖျက်နိုင်ပါတယ်။

 

Android,IOS devices တွေကနေ pocket application ကို ဖွင့်ပြီးသိမ်းထားတဲ့ဆောင်းပါးတွေကို sync လုပ်ပြီးဖတ်နိုင်ပါတယ်။

 

 

 

Ref : http://getpocket.com

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *