News

“နှင်းဆီခရီးသွားမှတ်တမ်းများ” အစီအစဉ်ကို မြဝတီ ဒစ်ဂျစ်တယ်လိုင်းမှာ ကြည့်ရှုနိုင်

www.shwemyotaw.com

နှင်းဆီအငြိမ့်အဖွဲ့သားများ၏ နိုင်ငံခြား ဖျော်ဖြေမှု ခရီးစဉ်တစ်ခု ဖြစ်သည့် ဥရောပ ဖျော်ဖြေရေး ခရီးစဉ်၏ အမှတ်တရ ပုံရိပ်များ ပါဝင်သည့် “နှင်းဆီခရီးသွားမှတ်တမ်းများ” အစီအစဉ်ကို မြဝတီရုပ်မြင်သံကြားတွင် ဇူလိုင်လ ၂၃ရက်နေ့က စတင်ထုတ်လွှင့်ခဲ့ပြီး ပရိသတ် အားပေးမှုနှင့် တောင်းဆိုမှုများ ရှိသည့်အတွက် မြဝတီဒစ်ဂျစ်တယ် ရုပ်သံလိုင်းသစ်တွင်လည်း ထပ်မံထုတ်လွှင့်သွားမည်ဟု ယင်းအစီအစဉ်ကို တင်ဆက်သည့် ADMA Mediaမှ သိရသည်ဟု Daily Elevenတွင် ဖော်ပြထားသည်။

“ဒီအစီအစဉ်မှာ အနုပညာရှင်တွေရဲ့ ခရီးစဉ်တစ်လျှောက် လွတ်လပ်ပေါ့ပါးတဲ့ နေထိုင်မှု ပုံစံတွေကို ဥရောပရှုခင်းတွေနဲ့ အတူတွေ့မြင်ရမှာဖြစ်လို့ ပရိသတ်တွေ နှစ်သက်မယ်လို့ ထင်ပါတယ်။ ဒီအစီအစဉ်ကို အရင်က ထုတ်လွှင့်ခဲ့တဲ့ နေတိုးနဲ့ ကျော်ကျော်ဗိုတို့ရဲ့ Football City Tour အစီအစဉ်နေရာမှာ အစားထိုး ထုတ်လွှင့်မှာပါ။ အနုပညာရှင်တွေရဲ့ Happy Type ပုံစံတွေကို မြင်တွေ့ရမှာပါ”ဟု ၎င်းအစီအစဉ်ကို တင်ဆက်သည့် ADMA Mediaမှ ဒုတိယ ဥက္ကဋ္ဌကိုဝေမင်းမောင်က ပြောကြားသည်ဟု ဆိုသည်။

“နှင်းဆီခရီးသွား မှတ်တမ်းများ”အစီအစဉ်တွင် ဒါရိုက်တာ မောင်မျိုးမင်း၊ နေတိုး၊ ကျော်ကျော်ဗို၊ ထွန်းထွန်း၊ မိုးမိုး၊ ရဲလေး၊ မင်းသွေး၊ တင်မောင်ဆန်းမင်းဝင်း၊ မိုးယုစံနှင့် ဂျင်းနီတို့၏ နယ်သာလန်၊ ဒိန်းမတ်၊ ပြင်သစ်၊ အင်္ဂလန်၊ အီတလီခရီးစဉ်တစ်လျှောက် လှုပ်ရှားမှုများနှင့် အမှတ်တရပုံရိပ်များကို ရိုက်ကူးထားခြင်း ဖြစ်ပြီး ယင်းအစီအစဉ်ကို အပတ်စဉ် အင်္ဂါနေ့ည ၆နာရီတွင် ထုတ်လွှင့်လျက်ရှိကြောင်း သိရသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *