Apps

TV စွဲရင် ကိုယ့်ဘ၀ကို တွေးပါ

TV-addicted

ရုပ်မြင်သံကြားနဲ့ ပတ်သက်လို့ စည်းမျဉ်းတွေ ရှိတယ်ဆိုတာ သင်သိ ပါသလား။ ”အကြောင်းပြချက်တစ်ခုနဲ့ တီဗီကို သူတို့ ပိတ်ထားကြပါ တယ်။ ကျွန်တော်ကိုယ်တိုင်လည်း သိပ်မကြည့်ပါဘူး။ သင်လည်း တီဗွီ မကြည့်ပါနဲ့”လို့ ဆိုသူကတော့ အမေရိကန် သမ္မတဟောင်း ဂျော့ဒဗလျူ ဘုရှ်ပါပဲ။

ကလေးသူငယ်နဲ့ လူငယ်တော်တော်များများဟာ အိပ်စက်ခြင်း ထက် တီဗီကြည့်ရှုခြင်းကို ပိုမိုပြုလုပ်နေလျက်ရှိပြီး အသက် ၇၀ အရွယ် လောက်မှာတော့ သူတို့ရဲ့ ဘ၀ဟာ ၇နှစ်၊ ၁၀နှစ် ၀န်းကျင်ခန့် အချိန် ပမာဏဟာ တီဗွီကြည့်ရင်းနဲ့ ကုန်ဆုံးခဲ့ရတယ်လို့ ဆိုပါတယ်။

ဒီ၀က်ဘ် ဆိုက်မှာ တီဗီဟာ စိတ်ကိုဘယ်လို သက်ရောက်စေတယ်၊ တီဗီ ကြည့်ရှု သူတွေကို ကြော်ငြာသမားတွေ ဘယ်လို စောင့်ကြည့်နေတယ်၊ တီဗီ ကြည့်ခြင်းကြောင့် ဖြစ်တဲ့ ခေါင်းကိုက်ေ၀ဒနာနဲ့ ဦးနှောက် ထုံထိုင်း စေမှု၊ ကွန်ပျူတာ အသုံးပြုခြင်းကြောင့် ဉာဏ်ထက်မြက်စေပုံ စတဲ့ တီဗွီရဲ့ ဆိုးကျိုး အဖုံဖုံရေးသား တင်ပြထားလို့ တီဗီစွဲလန်းသူတွေအဖို့ ”ကိုယ့် ဘ၀ကိုတွေး” ထားသင့်ပါတော့တယ်။

http://www.turnoffyourtv.com

author-avatar

About APT

အမည်ရင်းမှာ အောင်ဖြိုးထွန်းဖြစ်ပြီး Soft Guide, Web Guideများ ရေးသားလျက်ရှိပါသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာ ပြုမည့် သတင်း အချက်အလက်များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *