News

“ဟားငါးကောင်”၏ မြန်မာ့အငြိမ့်သဘင်နှစ် (၁၀၀)ပြည့် အကြိုဖျော်ဖြေပွဲ

မြန်မာ့အငြိမ့်သဘင် နှစ် (၁၀၀)ပြည့်အကြိုအငြိမ့် ဖျော်ဖြေပွဲကို “ဟားငါးကောင်” လူရွှင်တော်အဖွဲ့က ဦးစီးကာ အောက်တိုဘာလထဲတွင် မျှော်စင်ကျွန်း၌ ကျင်းပမည်ဖြစ်ကြောင်း ၄င်းအဖွဲ့မှ လူရွှင်တော်ပြည်ကျော်က မဇ္ဇျိမသို့ ပြောကြားသည်ဟု ဆိုသည်။

“ဟားငါးကောင်” လူရွှင်တော်အဖွဲ့ကို ၂၀၁၂ခုနှစ် ဒီဇင်ဘာလတွင် စတင်ဖွဲ့စည်းခဲ့ခြင်းဖြစ်ပြီး မြန်မာ့အငြိမ့်သဘင်ကို ဖျော်ဖြေ တင်ဆက်လိုသည့် အတွက် ယင်းကဲ့သို့ စီစဉ်ရခြင်းဖြစ်ပြီး ယခု ကျင်းပမည့် ပွဲမှာ ဟားငါးကောင် လူရွှင်တော်အဖွဲ့၏ ပထမဆုံး အငြိမ့်ပွဲလည်းဖြစ်သည်ဟု သိရသည်။

ဟားငါးကောင်အဖွဲ့မှ ပြည်ကျော်က “မြန်မာ့အငြိမ့်သဘင်ဟာ ၁၉၂၀ခုနှစ်က စတင်ခဲ့တာပါ။ နှစ်တစ်ရာပြည့်တာကတော့ ၂၀၂၀ခုနှစ်မှ ပြည့်မှာပါ။ ဒါပေမယ့် ကျွန်တော်တို့အဖွဲ့ ဒါကိုကြိုဆိုချင်တဲ့အတွက် ဟားငါးကောင်က ဂုဏ်ပြုတဲ့ ပွဲတစ်ခုပါ။ ကျွန်တော်တို့ အဲဒီပွဲအတွက် နာမည်ကြီး အနုပညာရှင်တွေရော၊ နာမည်ကြီး လူရွှင်တော်အဖွဲ့တွေလည်း ပါ၀င်ဖို့အတွက် ပြောထားပါတယ်။ အားလုံးကလည်း ကူညီပေးမယ်လို့ ကျွန်တော် တို့ကို ပြောပါတယ်။ ဒီပွဲကို လူတန်းစားမရွေး အားလုံး ၀င်ကြည့်နိုင်အောင် ကျွန်တော်တို့ စီစဉ်ထားပါတယ်”ဟု ပြောသည်။

အဆိုပါ မြန်မာ့အငြိမ့်သဘင် နှစ် (၁၀၀)ပြည့် အကြိုပွဲတွင် ရှေးခေတ် မြန်မာ့သဘင်ကို စတင်တည်ထောင်ခဲ့သူများ၏ တင်ဆက်ခဲ့သော နာမည်ကြီး ဖျော်ဖြေပုံများ၊ ပြဇာတ်၊ တေးသရုပ်ဖော်များ၊ နာမည်ကြီး မင်းသား၊ မင်းသမီးများ၏ ဖျော်ဖြေတင်ဆက်မှုများ ပါ၀င်မည်ဖြစ်ပြီး ရှေးခေတ် သူရဲကောင်းများအား ဂုဏ်ပြုသည့် ပုံစံများလည်း ထည့်သွင်းဖျော်ဖြေသွားမည် ဖြစ်သည်ဟု သိရသည်။

“သူတို့ ဒီလိုလုပ်ဖို့ ကြိုးစားနေကြတာ ကောင်းပါတယ်။ နှစ် (၁၀၀)ကတော့ မပြည့်သေးဘူး။ ကျွန်တော်တို့ဘက်ကလည်း တတ်နိုင်တဲ့ဘက်က ကူညီပေးဖို့ အဆင်သင့်ပါပဲ။ ဒီလိုမျိုး မြန်မာ့ရိုးရာ မပျောက်ပျက်အောင် ထိန်းသိမ်းဖို့ ဆောင်ရွက်တဲ့လူငယ်တွေအတွက် ဂုဏ်ယူရတဲ့ ကိစ္စတစ်ခု ပါပဲ”ဟု လူရွှင်တော် ဧရာက ဆိုသည်။

ယင်း ဟားငါးကောင်အဖွဲ့တွင် ခေါင်းဆောင်အဖြစ် တိုင်းကျော်မှ ဆောင်ရွက်ပြီး တိုးကျော်၊ ပိုးလေး၊ ၀ိုင်းကျော်၊ ပြည်ကျော်တို့ ပါ၀င််ထားသည့်အဖွဲ့ ဖြစ်သည်။ မြန်မာ့ငြိမ်းချမ်းရေး ပွဲတော်တွင်လည်း ၄င်းအဖွဲ့မှ ပါ၀င်တင်ဆက်ရာတွင် ပရိသတ်၏ အားပေးမှုကို ရရှိထားပြီး စက်တင်ဘာ ၂၁ရက်တွင် ကျင်းပမည့် အငြိမ့်ပြိုင်ပွဲတွင်လည်း ပြိုင်ပွဲ၀င်ရန် ပြင်ဆင်လျက်ရှိကြောင်း သိရသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

One thought on ““ဟားငါးကောင်”၏ မြန်မာ့အငြိမ့်သဘင်နှစ် (၁၀၀)ပြည့် အကြိုဖျော်ဖြေပွဲ

  1. James Win says:

    ျမန္မာစာဖတ္မရဘူး

Leave a Reply

Your email address will not be published. Required fields are marked *