Oppo ဟာပြီးခဲ့တဲ့ နှစ်က ထုတ်လုပ်ရောင်းချခဲ့တဲ့ Oppo Find 5 ပြီးတော့ Oppo Find 7 ကို စတင် မိတ်ဆက်လိုက်ပါပြီ ။ နောက်ထွက်လာမဲ့ Oppo Find 7 မှာ မျက်နှာပြင်အကျယ်ကတော့ ၅.၅ လက်မရှိပြီး သူ့ရဲ့ Screen Resolution ကတော့ မိုဘိုင်းဖုန်းတွေမှာ ပထမဆုံးအသုံးပြုတဲ့ 2K Resolution ဖြစ်ပါတယ် ။
Oppo Find 7 ရဲ့ သတင်းကို ပြီးခဲ့တဲ့ ဇူလိုင်လထဲက ကြားခဲ့ရပေမဲ့ သေသေချာချာတော့ မသိရှိရခဲ့ပါဘူး ။ ယခု ဒီဇင်ဘာလမှာတော့ Oppo ဟာ သူ့ရဲ့ Oppo Find 7 မှာ LTE ချိတ်ဆက်မှုပါရှိမှာ ဖြစ်ကြောင်း ပြောကြားသွားခဲ့ပါတယ် ။ Oppo ရဲ့ Processor ကတော့ Snapdragon 804 Chipset ကို အသုံးပြုထားတာဖြစ်ပြီး RAM ကတော့ 3GB ဖြစ်ပါတယ် ။ Oppo Find 7 ကို 2014 အစောပိုင်းမှာ စတင် ရောင်းချမယ်လို့ သိရပါတယ်။