News

Oppo Find 7 မှာ 50 Megapixels ကင်မရာ တပ်ဆင်ထားမည်

Oppo က Find 7 နဲ့ပတ်သက်ပြီး သတင်းအချက်အလက်တွေကို တဖြည်းဖြည်းချင်း ထုတ်ဖော်ပြောဆိုနေပါတယ်။ အရင်က ဖော်ပြခဲ့တဲ့ ဓာတ်ပုံအရ Find 7 စမတ်ဖုန်းမှာ ၅.၅ လက်မအရွယ် 2560 × 1440 Resolution Diplay ကို တပ်ဆင်ထားမှာဖြစ် ပါတယ်။ Find 7 ကို နှစ်မျိုးထုတ်လုပ်ထားပြီး နောက်တစ်မျိုးမှာတော့ ၅ လက်မအရွယ် 1920 × 1080 Diplay ကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ Snapdragon 801 SoC နဲ့ 50 Megapixels ကင်မရာ တပ်ဆင်ထားပါတယ်။

Weibo Website မှာ တင်ထားတဲ့ ဓာတ်ပုံအရ ဆိုလျှင်တော့ 8160×6120 အရည်အသွေးရှိတဲ့ ဓာတ်ပုံတွေကို ရိုက်ကူးနိုင်တဲ့ ကင်မရာကို တပ်ဆင်ထားမှာ ဖြစ်ပါတယ်။ ကင်မရာရဲ့ အရည်အသွေးနဲ့ ပတ်သက်ပြီးတော့ အခုအချိန်မှာ ပြောဆိုဖို့ စောနေပါ သေးတယ်။

Find 7 စမတ်ဖုန်းကို မတ်လ(၁၉) ရက်နေ့မှာ ပေကျင်းမြို့မှာ ကြေညာမယ်လို့ သိရပါတယ်။ Find 7 စမတ်ဖုန်းရဲ့ ကင်မရာဟာ Nokia Lumina 1020 နဲ့ ယှဉ်ပြိုင်နိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *