တရုတ် စမတ်ဖုန်း ထုတ်လုပ်သူ Oppo က Find 7 စမတ်ဖုန်း ကို ဘေဂျင်းမှာ ထုတ်ဖော်ပြသလိုက်ပြီး စွမ်းဆောင်ရည်မြင့်စမတ်ဖုန်း ဖြစ်ပါတယ်။ Find 7 မှာ ၅.၅ လက်မ Quad HD (2560x1440p) Display တပ်ဆင်ထားပါတယ်။ 2.5GHz Snapdragon 801 Quad-Core Processor ကို မောင်းနှင်လည်ပတ်မှာဖြစ်ပါတယ်။ 3GB RAM, 32GB Storage, 3000mAh Battery တပ်ဆင်ထားပါတယ်။ အနောက်ဘက်မှာ 13 Megapixel Camera တပ်ဆင်ထားပြီး 50 Megapixel ဓာတ်ပုံတွေ ကို ရိုက်ကူးပေးနိုင်တဲ့ “Super Zoom” စွမ်းဆောင်ချက်ပါရှိပါတယ်။ 4K Resolution Video တွေကို လည်း ရိုက်ကူးပေးနိုင်ပါတယ်။ တစ်စက္ကန့်လျှင် ဖရိမ် ၁၂၀ နှုန်း နဲ့ 720p အနှေးဗီဒီယို တွေကို ရိုက်ကူးပေးနိုင်ပါတယ်။
တစ်ချိန်တည်းမှာပဲ ဈေးနှုန်း သက်သာတဲ့ Find 7a ကို ထုတ်ဖော်ပြသလိုက်ပါတယ်။ Find 7a မှာ Full HD Display (1920x1080p) ကိုတပ်ဆင်ထားပါတယ်။ 2.3GHz Quad-Core Processor ကို မောင်းနှင်လည်ပတ်မှာ ဖြစ်ပါတယ်။ 2800mAh Battery , 16GB Storage တပ်ဆင်ထားပါတယ်။
ဖုန်းနှစ်မျိုးစလုံး ကို ဧပြီလ အလယ် မှာရောင်းချပေးမှာဖြစ်ပြီး Find 7 ကို ဒေါ်လာ ၅၉၉ နဲ့ Find 7a ကို ဒေါ်လာ ၄၉၉ သတ်မှတ်ထားပါတယ်။