News

OK စကားလုံးရဲ့ သမိုင်း

အိုကေဆိုတဲ့ စကားလုံးသည် ယနေ့ကမ္ဘာတွင် အတွေ့များသည့် အင်္ဂလိပ် စကားလုံးဖြစ် ပါတယ်။ ဒီစကားလုံးမှာ ထူးထွေဆန်းပြားတဲ့ သမိုင်းနောက်ခံကလည်း ရှိနေပါတယ်လို့ ပညာရှင် Linguist Allan metcalf က ဆိုခဲ့ပါတယ်။

ဒီစကားလုံးဟာ ဂျာနယ်လစ်တစ်ယောက်ဖြစ်လည်းဖြစ်၊ ဘော်စတုန်း မောနင်းပို့စ် သတင်းစာ (Boston’s Morning post ) အယ်ဒီတာတစ်ဦးဖြစ်တဲ့ Charles Gordon Greeene က စတင် တီထွင်သုံးစွဲခဲ့လို့ သိရပါတယ်။ ဒီနေ့ ကမ္ဘာမှာ အသုံးများနေတဲ့ အဆိုပါစကားလုံးမှာ မသိနိုင် ကြသေးတဲ့ အချက် ၁၀-ချက်လည်း ရှိနေပါတယ်လို့ သူကဆိုပါတယ်။

 1. Genesis: Oll Korrect

မူလဇာစ်မြစ်က oll Korrect (ok) ဆိုတဲ့ စကားလုံးလေး  ဖြစ်ပါတယ်။ ၁၈၃၉-မေလ ၂၃ ရက် နေ့မှာ အထက်ပါ သတင်းစာကြီးကစတင်ပြီး မထင်မရှား မွေးဖွားလာခြင်းဖြစ်ပါတယ်။ မူရင်း အသံထွက်နှင့်လိုက်ပြီး အသံထွက်ထွက်ကိုယူထားတဲ့ အိုကေ အသုံးလေးဟာ မောနင်းပို့စ် သတင်းစာကနေတစ်ဆင့် ၁၉ရာစုမှာ လူတွေရဲ့ ပါးစပ်ဖျားကိုရောက်ရှိပြီး အင်္ဂလိပ်စားလုံး အဖြစ် တည်ရှိသွားပါတော့တယ်။

2. Shootout at the O.K. Corral

အရီဇိုနားမှာရှိတဲ့ မြင်းမွေးတဲ့ခြံမှာရှိတဲ့သချိုင်းဂူမှာလည်း အမှတ်တံဆိပ်အဖြစ် correct , good ရဲ့အတိုကောက်အစား အိုကေစကားလုံးကို သုံးတာတွေ့ရပါတယ်။ ok.corral ဆိုတဲ့ နွားမွေးခြံတစ်ခြံ cowboy တွေရဲ့ ရန်ပွဲက ကမ္ဘာကျော်သွားပြီး ခေတ်ဆက်ဆက် ဟောလိဝုဒ် ရုပ်ရှင်စင်ပေါ်ရောက်ခဲ့တယ်။

3. Okey Dokey

နှစ်ဆယ်ရာစုရောက်လာတဲ့ အခါမှာတော့ သတင်းသမားတွေ၊ မိန့်ခွန်းပြောတဲ့သူတွေ၊ စာရေး ဆရာ၊ စာဖတ်သူတွေကြောင့် မူရင်းစကားလုံး Ok ကနေ ပြောင်းလဲသွားပြီး Okay all right ရယ်လို့ တည်တည်ငြိမ်ငြိမ်နဲ့ တဆင့်မြင့်သွားပါတော့တယ်။ ဒါပေမဲ့ အမေရိကန်ရဲ့ တီဗီဇာတ် လမ်းတွေမှာ ဟာသအနေနဲ့ okey dokye ဆိုပြီး ထပ်ကာထပ်ကာ သုံးစွဲတာကိုလည်း တွေ့ရပါတယ်။

 4. OK Sign

ဒီတစ်ခါတော့ သင်္ကေတအနေနဲ့ အိုကေကို အသုံးပြုပုံပါ။ ၁၉၄၆-ခုနှစ်၀န်းကျင်လောက်မှာ လက်မနဲ့ လက်ညှိုး(the index finger and the thumb) ကို ထောင်ပြခြင်းပါပဲ။ အသံလုံ မှန်ခန်းထဲ ကနေ အသံလွှင့်သူနဲ့ စီစဉ်ညွှန်ကြားသူ(director) တို့ အချင်းချင်း အားလုံး အဆင်ပြေကြောင်း၊ အစီစဉ်ကို စတင်လွှတ်လွင့်နိုင်ကြောင်းကို အချက်ပေးတဲ့အနေနဲ့ လက်အမူယာ (sign) ကို အိုကေအစား စတင်သုံးစွဲခဲ့ပါတယ်။

5. Oklahoma – OK!

၁၉၅၃-ခုနှစ်ရောက်တဲ့အခါမှာတော့ Rodger နဲ့ Hammerstein တို့နှစ်ဦးဟာ အိုကေ ဆိုတဲ့ ခေါင်းစဉ်နဲ့ သီချင်းရေးစပ်ပြီး သီချင်းနောက်ဆုံး စာကြောင်းမှာတော့ “We’re only sayin’ you’re doing fine Oklahoma! Oklahoma—O.K.! ရယ်လို့ Oklahoma-ok ဆိုပြီး တစ်မျိုး တစ်ဖုံ သုံးခဲ့တာကို တွေ့ရပါတယ်။

၁၉၆၃-မှာ အမေရိကန်နိုင်ငံစာတိုက်က စာနှစ်စောင်မှာ ok အစား Oklahoma ဆိုတဲ့စကား လုံးနဲ့ အစားထိုး သုံးခဲ့ပါတယ်။

 6. E.T. OK

လကမ္ဘာပေါ်မှာ အိုကေစကားလုံးကို ပထမဆုံးသုံးခဲ့တဲ့ ဖြစ်ရပ်လေးပါ။ အပိုလို ၁၁(Apollo 11 Lunar) လကမ္ဘာပေါ်ရောက်စဉ်က pilot Buzz Aldrin က အိုကေလို့ ခေါ်ခဲ့တဲ့ စကားလေး ဟာ လကမ္ဘာပေါ်မှာ ပထမဆုံး သုံးခဲ့တဲ့ စကားအဖြစ် မှတ်တမ်း၀င်ခဲ့ပါတယ်။

 7. Coke

၁၉၉၀-ခုနှစ်၀န်းကျင်ဖြစ်ပါတယ်။ ကိုကာကိုလာ ကုမ္ပဏီဟာ မလိုသူတွေရဲ့ စီးပွားရေးအရ တိုက်ခိုက်မှုကို ခံရပါတယ်။ Coke ကို OK ဆိုတဲ့ အမှတ်တံဆိပ်နဲ့ ဖြန့်ဖြူးရောင်းချခဲ့ပါတယ်။ အဲဒီမှာတော့ OK ဟာ satisfactory ဆိုတဲ့ အဓိပ္ပာယ်လို့ မှတ်ယူခဲ့ပါတယ်။ တိုက်ခိုက်မှုအမျိုးမျိုးကြောင့် ယနေ့အခါမှာတော့ OK အချိုရည်ဟာ ပျောက်ကွယ်သွား ခဲ့ပါပြီ။

 8. Do It

၁၉၈၀ ခုနှစ်လောက်မှာတော့ Apple company ဟာ မောက်စ်ကို အသုံးပြုရာမှာ အနည်းငယ် ရှုပ်ထွေးမှုတွေနဲ့ ကြုံခဲ့ရတယ်။ တစ်ခုခုကို သေချာကြောင်းပြောတဲ့အခါမှာ ပေါ်ထွက်လာတဲ့ အကွက်လေးမှာ (box) မှာ Do it လို့ တွေ့ရပေမဲ့ ကွန်ပြူတာနဲ့ အသုံးပြုသူတွေကြားမှာ နားလည်မှု လွဲမှားနေတာဖြစ်ခဲ့တယ်။ ဒါကြောင့် နောက်ပိုင်းမှာတော့ OK ဆိုတာကို အသုံးပြုခဲ့ပါတယ်။

 9. The International Word

Dutch, German, Swedish, Polish, Finnish, Italian, Spanish, Welsh, Hebrew, Korean, Japanese, Filipino…နိုင်ငံတွေဟာလည်း Ok စကားလုံးကို သူတို့ရဲ့ ကိုယ်ပိုင်ဘာ သာ စကားအဖြစ် မွေးစားလိုက်ပါတယ်။ နိုင်ငံတကာသုံး စကားလုံး ဖြစ်သွားပါတော့တယ်။

10. The American Word OK

The Improbable Story of America’s Greatest Word စာအုပ်ကို ရေးခဲ့တဲ့ Allan Metcalf ကတော့ Ok ဆိုတဲ့ စကားလုံးဟာ တစ်ခုခုကို လုပ်ကိုင်တဲ့နေရာမှာ တိကျတဲ့ စကားလုံး၊ ပြီးပြည့်စုံတဲ့ အမေရိကန်သုံး စကားလုံးဖြစ်ပါတယ်လို့ ကောက်ချက်ချခဲ့ပါတယ်။

One thought on “OK စကားလုံးရဲ့ သမိုင်း

  1. yeyint says:

    font ပြောင်းတဲ့ ဟာလေး ထည့်ထားစေချင်ပါတယ်။ဥပမာ Zawgyi-one font or MM 3 Font ဆိုတဲ့ဟာလေးကိုပြောတာပါ ဆိုဒ်လေးမှာ တင်ထားတာတွေကို ဖတ်ချင်ပေမဲ့ လုံးဝ ဖတ်လို့ မရလို့ အခက်တွေ့နေပါတယ် ခင်ဗျာ ကျေးဇူးတင်ပါတယ်……

Leave a Reply

Your email address will not be published. Required fields are marked *