News

အမေရိကန် အမျိုးသားလုံခြုံရေးအေဂျင်စီရဲ့ ထောက်လှမ်းမှုကို ကာကွယ်ပေးမယ့် Blackphone ကိုရောင်းပြီ

အမေရိကန် အမျိုးသားလုံခြံရေးအေဂျင်စီ (NSA) က အခြားနိုင်ငံခေါင်းဆောင်များရဲ့ စမတ်ဖုန်းများကို လျှို့ထောက်လှမ်းတဲ့ စီမံကိန်း ပေါက်ကြားခဲ့ပါတယ်။ အဲဒီလို ထောက်လှမ်းမှုကို ကာကွယ်ပေးနိုင်တဲ့ Blackphone ကို စတင်ရောင်းချပေးလိုက်ပြီ ဖြစ်ပါတယ်။ Silent Circle နဲ့ Geeksphone တို့က ပူးပေါင်းတီထွင်ထားတာဖြစ်ပါတယ်။ လုံခြုံစိတ်ချရမှုအရှိဆုံး ကမ္ဘာ့ပထမဆုံး စမတ်ဖုန်းဖြစ်တယ်လို့ ကြေညာထားပါတယ်။

Blackphone မှာ Android ကို ပြုပြင်ထားတဲ့ PrivatOS လို့ခေါ်တဲ့ Operating System ကို အသုံးပြုထားပါတယ်။ ဖုန်းခေါ်ဆိုမှု များ၊ စာပေးပို့မှုများ၊ ဖိုင်ပေးပို့မှုများ၊ ဖိုင်သိမ်းဆည်းမှုများ၊ Video Chat ပြုလုပ်မှုများကို လုံခြုံစိတ်ချစွာ ပြုလုပ်နိုင်မှာဖြစ်ပါတယ်။

Blackphone ကို ဒေါ်လာ (၆၂၉) သတ်မှတ်ထားပြီး ဇွန်လမှာ စတင်ရောင်းချပေးမှာဖြစ်ပါတယ်။ ၄.၇ လက်မအရွယ် HD IPS Display တပ်ဆင်ထားပြီး 2GHz Quad-Core CPU လည်ပတ်မောင်းနှင်မှာဖြစ်ပါတယ်။ 2GB RAM, 16GB Storage ပါရှိ ပါတယ်။ 8MP Camera ပါရှိပါတယ်။ LTE, HSPA+, WiFi, Bluetooth 4.0, GPS တို့ အသုံးပြုနိုင်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *