အသားသည်များထံမှ ကယ်တင်ခဲ့ရသည့်ကြောင်အကောင် ၁၀၀၀ကျော်ကို ဒေသခံအာဏာပိုင်များက တောထဲသို့လွှတ်ပေးခဲ့ပြီးမှ တိရိစ္ဆာန်အရေးလှုပ်ရှားသူများက နို၀င်ဘာ ၄ ရက်တွင် တရုတ်နိုင်ငံ အရှေ့ပိုင်းရှိ တောအုပ်တစ်ခုအတွင်း တောနင်းရှာဖွေရန် ကြိုးပမ်းနေကြောင်း စည်းရုံးလှုပ်ရှားသူ တစ်ဦးက ပြောကြားခဲ့သည်ဟု သိရသည်။
အသားအလို့ဌာ ရောင်းစားရန် ကြောင်များကိုတင်ဆောင်လာသည့် ကုန်တင်ကားတစ်စီးကို တိရိစ္ဆာန် အခွင့်အရေး ကာကွယ်သူများနှင့် ဒေသခံရဲတပ်ဖွဲ့တို့သည် လွန်ခဲ့သည့် သီတင်းပတ်အတွင်းက တားဆီးကာ ကြောင်များကို ကယ်တင်ခဲ့ခြင်း ဖြစ်ကြောင်း ကျန်စုပြည်နယ် အရှေ့ပိုင်းရှိ တိရိစ္ဆာန်ငယ်များ ကာကွယ်စောင့်ရှောက်ရေး အဖွဲ့ကပြောကြားခဲ့သည်။ ယင်းကြောင်များကို ကွမ်းကျိုးမြို့သို့ ပို့လျက် ဟင်းလျာအဖြစ် ချက်စားမည့်သူများကို ရောင်းချရန် ဖြစ်သည်ဟုဆိုသည်။
ကြောင်များကို ကယ်တင်ခဲ့ပြီးနောက် ဒေသခံအာဏာပိုင် များက ယင်းတို့အားကိုယ့်၀မ်းကိုယ်ကျောင်းရန် တောင်တန်းဒေသ တောအုပ်တစ်ခုအတွင်းသို့ လွှတ်ပစ်ခဲ့သည်ဟုဆိုသည်။ သို့ရာတွင် ကြောင်အချို့မှာ အစာရှာမရပဲ လွန်စွာဆာလောင်နေပြီး အချို့မှာပြေးလွှားရင်းကားကြိတ်ခံရသောကြောင့် ကယ်တင်ရန် အတွက် ပြန်လည်ဖမ်းဆီးရန် ကြိုးပမ်းနေကြရခြင်းဖြစ်သည်။