News

Google ရဲ့ Service အသစ် Google Helpouts

 

Google က Helpouts ဆိုတဲ့ ၀န်ဆောင်မှုတစ်ခုကို ပြုလုပ်ပေးလိုက်ပါပြီ။ Helpouts က သင်သိချင်တဲ့ အရာတွေကို ကျွမ်းကျင်သူတစ်ယောက်နဲ့ Video Chat ပြီး မေးမြန်းနိုင်တဲ့ ၀န်ဆောင်မှုပဲဖြစ်ပါတယ်။ အိမ်ပြုပြင်ခြင်း၊ အလှအပ နဲ့ ဖက်ရှင်၊ ဘာသာစကား၊ ကွန်ပြူတာ စတာတွေနဲ့ပတ်သက်ပြီး ကျွမ်းကျင်သူတွေဆီကလေ့လာသင်ကြားနိုင်ပါတယ်။ အခပေး၀န်ဆောင်မှုတွေရှိသလို အခမဲ့ ၀န်ဆောင်မှုတွေလည်းရှိပါတယ်။ ကျွမ်းကျင်မှု၊ အကြောင်းအရာ၊ ဈေးနှုန်း တွေအလိုက်  ကျွမ်းကျင်သူတွေကိုရှာဖွေမေးမြန်းနိုင်ပါတယ်။

Google  က Helpouts ကို အကန့်အသတ်နဲ့ စတင်၀န်ဆောင်မှုပေးခဲ့တာ ဒီနှစ်အလယ်လောက်ကဖြစ်ပြီး အခုမှ တစ်ကမ္ဘာလုံး အတိုင်းအတာနဲ့ ၀န်ဆောင်မှုပေးတာဖြစ်ပါတယ်။အခုလောလောဆည်မှာ ကျွမ်းကျင်အဖွဲ့အစည်းတွေဖြစ်တဲ့ Weight Watchers, Sephora, Rosetta Stone, and Redbeacon (a Home Depot company) တို့နဲ့ ပူးပေါင်းလုပ်ဆောင်နေပါတယ်။ မိတ်ကပ်ပြင်ဆင်မှုနဲ့ပတ်သက်ပြီး လေ့လာချင်ရင် Helpouts ၀က်ဆိုက် ဒါမှမဟုတ် Helpouts ရဲ့ Android App  ကနေ တစ်ဆင့် ကျွမ်းကျင်သူဆီက သင်ယူနိုင်ပါပြီ။ အိမ်တွင်း အလှဆင်မှုနဲ့ ပတ်သက်ပြီးလေ့လာချင်တယ်ဆိုရင်လည်း Helpouts ကကူညီပေးပါလိမ့်မယ်။

အခုလောလောဆည်တော့ ၀န်ဆောင်မှုတော်တော်များများက မိနစ်နဲ့ တွက်ပြီး ၀န်ဆောင်ခရယူတာဖြစ်ပါတယ်။ ဥပမာအားဖြင့် နည်းပညာနဲ့ပတ်သက်ပြီးအကူအညီပေးတဲ့ ၀န်ဆောင်မှုကို တစ်မိနစ်ကို တစ်ဒေါ်လာပေးရပါတယ်။ သို့ပေမယ်လည်း Model အလုပ်အတွက်အကြံရယူချင်ရင် သင်ခန်းစာတစ်ခုလုံးကို 25$ သတ်မှတ်ထားတဲ့ ၀န်ဆောင်မှုမျိုးတွေလည်းရှိပါတယ်။ ကဏ္ဍအလိုက် ဈေးနှုန်းသတ်မှတ်တာတွေကွဲပြားခြားနားပါတယ်။ ကဏ္ဍ မျိုးစုံရှိပြီး Helpouts ၀က်ဆိုက်မှာစာဖတ်သူလေ့လာနိုင်ပါတယ်။

Helpouts က ၀န်ဆောင်မှု ရယူနိုင်သလို သင် ကျွမ်းကျင်တဲ့ အကြောင်းအရာနဲ့ ပတ်သက်ပြီး တစ်ခြားသူကို ကူညီချင်ရင်လည်း ၀န်ဆောင်မှုပေးလို့ ရအောင် Google မှာ မှတ်ပုံတင်လို့လည်းရပါတယ်။ Helpouts မှာဘာတွေ၀န်ဆောင်မှုပေးနေလဲဆိုတာ အောက်ကလင့်ကို နှိပ်ပြီးစာဖတ်သူလေ့လာနိုင်ပါတယ်။

https://helpouts.google.com/home

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *