Mobile

Dell Inspiron 17-3721

Dell-Inspiron-17-3721

အားသာချက်
ဆွဲဆောင်မှု ရှိစေမယ့် ဒီဇိုင်းလေးနဲ့အတူ Laptopရဲ့ Performanceကိုလည်း ကောင်းကောင်း ရရှိမှာ ဖြစ်ပါတယ်။ View Anglesကိုလည်း
ကျယ်ကျယ်ဝန်းဝန်း ရရှိမှာဖြစ်ပြီး Resolution အနေနဲ့လည်း 1600 x 900အထိ ပိုင်ဆိုင်နိုင်မှာ ဖြစ်ပါတယ်။ Keyboard Size ကြီးတဲ့အတွက် Userတွေ
အဆင်ပြေပြေ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

အားနည်းချက်
Graphicsပိုင်း အာနည်းချက် အနည်းငယ်ရှိပြီး Audioပိုင်းမှာလည်း ပြည့်ဝမှု မရှိပါဘူး။ Battery သက်တမ်းလည်း နည်းတာ တွေ့ရပါတယ်။

အသေးစိတ် ဖော်ပြချက်
Dell Inspiron 17-3721ရဲ့ Processor ပိုင်းကိုတော့ 1.9 GHz အမြန်နှုန်း ရှိတဲ့ Intel Core i3-3227U CPUက Support လုပ်ပေးမှာ ဖြစ်ပါတယ်။ RAM အမျိုးအစား ကတော့ 1600 MHz DDR3 အမျိုးအစားဖြစ်ပြီး 4GB ထည့်သွင်း ပေးထားပါတယ်။ Graphics ပိုင်းကတော့ HD Videoတွေနဲ့ Games ကစားခြင်းတွေကို တင်ဆက်ပေးနိုင်ဖို့အတွက် Intelရဲ့ HD Graphics 4000ကို အသုံးပြုပေးထားပါတယ်။ Operation Systemကိုတော့ Microsoft Windows 8ကို အသုံးပြုပေးထားပါတယ်။ Data သိမ်းဆည်းဖို့အတွက် Storage Spaceကိုတော့ 5400 rpm အမြန်နှုန်းရှိတဲ့ 500 GB Hard Drive တစ်လုံး တပ်ဆင် အသုံးပြုပေးထားပါတယ်။ Laptop Panel အမျိုးအစားကတော့ HD LED Panelကို အသုံးပြုထားပြီး Screen Size 17.3 လက်မ အကျယ် ရရှိမှာ ဖြစ်ပါတယ်။ Screen Resolution အနေနဲ့ကတော့ 1600×900 ရရှိမှာ ဖြစ်တဲ့အတွက် Resolution အမြင့်ပိုင်းကို အသုံးပြုရမှာ ဖြစ်ပါတယ်။ Audio စနစ်ကတော့ Stereo Speakerကို အသုံးပြုပေးထားပြီး Built in Digital Microphones ပါရှိပါတယ်။ Optical Drive အနေနဲ့ကတော့ 8x အမြန်နှုန်း ရှိတဲ့ DVD/RW အမျိုးအစားကို အသုံးပြုပေးထားပါတယ်။ Built in Webcam ပါရှိပြီး 1.0MP HD Webcamကို အသုံးပြုပေးထားပါတယ်။ Wireless ချိတ်ဆက်မှု အတွက်ကတော့ 802.11b/g/n အသုံးပြုနိုင်တဲ့ Built in Wi-Fi ပါရှိပြီး Bluetooth ချိတ်ဆက်ဖို့ အတွက်ကတော့ Bluetooth 4.0+LEကို တပ်ဆင် ပေးထားပါတယ်။ ဒါ့အပြင် အခြား Deviceတွေနဲ့ ချိတ်ဆက်ဖို့အတွက် USB 3.0, USB 2.0, HDMI, Ethernet Portတွေ တပ်ဆင် ပေးထားပြီး Memory Card Slots အတွက်ကတော့ 6-1 Card Reader တစ်ခု ပါရှိပါတယ််။

ဒီဇိုင်း
Dell Inspiron 17-3721ရဲ့ ကိုယ်ထည် အတိုင်းအတာကတော့ အလျား 16.2 လက်မ x အနံ 10.6 လက်မနဲ့ အထူ 1.12 လက်မနဲ့ အလေးချိန် 6ပေါင်သာ ရှိပါတယ်။

Battery Life
Dell Inspiron 17-3721မှာ အသုံးပြုပေးထားတဲ့ Battery အမျိုးအစားကတော့ 4-cell/2.8Ah (40 WHr) Lithium Ion Battery အမျိုးအစား သုံးထားပြီး Wi-Fi အသုံးပြုမယ်ဆိုရင် 3 နာရီ 58 မိနစ်စာလောက် အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

သုံးသပ်ချက်
Dell brandတွေက ဒီဇိုင်းနဲ့ အရည်အသွေး ကောင်းတဲ့အတွက် လူကြိုက်များကြပါတယ်။ အခုလည်း Dell Inspiron 17-3721ကိုလဲ USD 500 အောက် ချိုသာတဲ့ ဈေးနူန်းနဲ့ Userတွေ အကြိုက်တွေ့စေမယ့် ဒီဇိုင်းလေးနဲ့ ထွက်ရှိလာပါတယ်။ ကျောင်းသာတွေ အတွက်လည်း အဆင်ပြေသလို သာမန် ရုံးသုံး၊ အိမ်သုံး Userတွေအတွက်လည်း ပေ့ါပေါ့ပါးပါး Performance ကောင်းကောင်းနဲ့ အသုံးပြုနိုင်မှာ ဖြစ်ပါတယ်။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *