Gadgets, News, Review

မီးအိမ်လိုရော စပီကာလိုပါ အသုံးပြုနိုင်တဲ့ Cromatica

Cromatica ဟာ မီးအိမ်လိုရော စပီကာလိုပါအသုံးပြုနိုင်တဲ့အပြင် Software နဲ့ Hardware ကို Open-Source အနေနဲ့ပြုလုပ်ပေးထား ပါတယ်။ ဒီဇိုင်းလှပတဲ့ Audio Products တွေကို ထုတ်လုပ်ခဲ့ဖူးတဲ့ Digital Habits က တီထွင်ထားတာဖြစ်ပါတယ်။ Cromatica ကို ထုတ်လုပ်ရောင်းချဖို့ လူအများက ရန်ပုံငွေ ထည့်၀င်ရတဲ့ Crowdrooster ၀က်ဆိုက်မှာ အလှူခံနေပါတယ်။ Cromatica ဟာ Crowdrooster ရဲ့ ပထမဆုံး ရန်ပုံငွေ ကောက်ခံတဲ့ ထုတ်ကုန် ဖြစ်ပါတယ်။ Cromatica ကို ထုတ်လုပ်ဖို့ ရန်ပုံငွေ ယူရို နှစ်သောင်း သတ်မှတ်ထားပြီး ယူရို ၈၄၈၆ ရရှိပြီဖြစ်ပါတယ်။

Cromatica ဟာ တောက်ပပြီး အရွယ်သေးငယ်တဲ့အတွက် နေအိမ် ရဲ့ ဘယ်နေရာမှာမဆို ထားရှိအသုံးပြုနိုင်ပါတယ်။ Bluetooth 4.0 ဆက်သွယ်မှုကို အသုံးပြုနိုင်ပါတယ်။ စပီကာ နဲ့ မီးအိမ် ကို Android, iOS App များကနေ ထိန်းချုပ်နိုင်ပါတယ်။ Cromatica ကို တပ်ဆင်ထားတဲ့ ခလုတ်တွေကနေလည်း ထိန်းချုပ်နိုင်ပါတယ်။

Cromatica နဲ့ ပတ်သက်ပြီး စိတ်၀င်စားစရာကောင်းတာက Arduino Hardware နဲ့ Open Source ဖြစ်လို့ပါပဲ။ အဲဒီအတွက် ဂီတ နဲ့ အလင်းရောင် ကို တွဲဖက် အသုံးပြုနိုင်ပါတယ်။ App ကနေ အိပ်ယာထဖို့ Alarm သတ်မှတ်နိုင်ပါတယ်။ Alarm မြည်ရင် အလင်းရောင်ကို ဖြည်းဖြည်းချင်းတိုးမြှင့်ပေးမှာ ဖြစ်တဲ့အတွက် သက်တောင့်သက်သာ နဲ့ အိပ်ယာထနိုင်မှာ ဖြစ်ပါတယ်။ Spotify က သီချင်းကို Alarm သီချင်းအဖြစ် သတ်မှတ်နိုင်ပါတယ်။

Cromatica ရဲ့ Hardware ကလည်း Open Source ဖြစ်တဲ့အတွက် အပြင်ဘက် ကိုယ်ထည်ကို 3D Printer ဖြင့် ထုတ်လုပ်နိုင်ပါတယ်။ အရောင် နဲ့ ဒီဇိုင်းကို နှစ်သက်ရာ ရွေးချယ်နိုင်ပါတယ်။

“ Cromatica ဟာ နည်းမျိုးစုံ အသုံးပြုနိုင်တဲ့ မီးအိမ်စပီကာ ဖြစ်ပါတယ်။ ဒါ့အပြင် အနာဂတ်မှာ ခေတ်စားလာမယ့် ဆန်းသစ်တဲ့ အီလက်ထရောနစ်ပစ္စည်းလည်း ဖြစ်ပါတယ်။ Crowdrooster က ကျွန်တော်တို့ Product ကို လူသိများအောင် ကူညီပေးနေတဲ့အတွက် မကြာမီမှာ သတ်မှတ်ထားတဲ့ ရန်ပုံငွေကိုရရှိပြီး ကျွန်တော်တို့ နည်းပညာကို စားသုံးသူတွေကို ချပြနိုင်တော့မှာ ဖြစ်ပါတယ်။ ” လို့ Digital Habits ရဲ့ ဒါရိုက်တာဖြစ်သူ Innocenzo Rifino က ပြောပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *