ကမ္ဘာကျော်ကုမ္ပဏီကြီး တစ်ခုဖြစ်တဲ့ Yahooအနေနဲ့ ပြန်လည်အသုံးပြုနိုင်တဲ့(Recycle လုပ်ထားတဲ့) Usernameတွေကို တရား၀င် ဖြန့်ေ၀ပေးလိုက်ပြီ ဖြစ်ပါတယ်။ အရင်က ဆိုရင် Usernameတစ်ခုခု လိုချင်တဲ့အခါ ကိုယ်လိုချင်တဲ့ Usernameနဲ့ တူနေတာတွေ ရှိလို့ အကောင့်ဖွင့် မရတဲ့သူတွေ အတွက် ၀မ်းမြောက်ဖွယ်ပါပဲ။ ဒါဟာ ပြီးခဲ့တဲ့ ဇူလိုင်လက ကြေညာခဲ့တဲ့ Yahooရဲ့ မသုံးတာကြာတဲ့ အကောင့်တွေကို ရပ်စဲပြီး အဆိုပါ အကောင့်နာမည်တွေကို အခြားသူတွေ သုံးလို့ရစေရန် ပြုလုပ်ပေးဖို့ ဆိုတဲ့ ပရောဂျက်ရဲ့ အစီအစဉ် တစ်ခုဖြစ်တယ်လို့လည်း သိရပါတယ်။ အခုဆိုရင် မိမိလိုချင်တဲ့ Usernameတွေကို ရဖို့ ဆန္ဒပြုထားတဲ့ အသုံးပြုတွေဆီကို Yahooရဲ့ ဖိတ်ခေါ်မှုတွေလည်း ဖြန့်ချိပြီး ဖြစ်ပါတယ်။
တောင်းဆိုမှုအများဆုံး လုပ်ထားကြတဲ့ နာမည်တွေကတော့ အမျိုးသားတွေ အတွက်ဆိုရင် David, Michael, Alexနဲ့ အမျိုးသမီးတွေ အတွက်ဆိုရင် Maria, Jennifer, Jessicaတို့ပဲ ဖြစ်ပါတယ်။ “Batman”, “Superman”စတဲ့ နာမည်တွေတောင် တောင်းဆိုကြတဲ့ စာရင်းထဲမှာ ထိပ်တန်းက ရှိတယ်လို့ သိရပါတယ်။ Yahooအကောင့် တစ်ခုဖွင့်တဲ့အခါမှာ ကိုယ်လိုချင်တဲ့ နာမည်မရလို့ စိတ်ပျက်မသွားပါနဲ့။ သင်စိတ်ကူးထားတဲ့ နာမည်ကို Yahooရဲ့ “Watchlist”ထဲ အလိုလျောက် ထည့်သွင်းပေးသွားမှာ ဖြစ်ပါတယ်။ အဆိုပါ နာမည်ကို အသုံးပြုလို့ ရပြီဆိုရင် သင့်အနေနဲ့ အဲဒီUsernameကို Createလုပ်ဖို့ အချိန် ၁၄ရက်ရမှာ ဖြစ်ပြီး ၁၄ရက်အတွင်းမှ ဘာမှမလှုပ်ရှားရင်တော့ အဆိုပါ နာမည်ဟာ တစ်ခြားတောင်းဆိုထားတဲ့ လူတစ်ယောက်ယောက်ဆီ ရောက်သွားမှာ ဖြစ်ပါတယ်။
သင့်အနေနဲ့ Listမဖွင့် ရသေးတဲ့အတွက်လည်း စိတ်ပူစရာ မရှိပါဘူး။ ၁.၉၉ဒေါ်လာ ပေးဆာင်ကာ သင်လိုချင်တဲ့ Usernameငါးခု ကိုရွေးချယ်ပြီး “Watch List”ထဲကို ထည့်ထားလိုက်ရင် အဆိုပါ အကောင့်နာမည်တွေဟာ သုံးနှစ်အတွင်း သင့်ဆီကို ရောက်ရှိလာမှာပဲ ဖြစ်ပါတယ်။ Yahooက အခုလို လုပ်ပေးတဲ့ အစီအစဉ်အပေါ်မှာ မြန်မာအိုင်စီတီ ပရိသတ်တွေရော ဘယ်လိုမှတ်ချက် ပြုချင်ပါသလဲ?