Apps, News, Review, Web

Yahooက Blink Messaging Appကို ၀ယ်ယူ

Yahooက Blink Messaging Appကို ၀ယ်ယူ

Messaging Appများကို တစ်ကမ္ဘာလုံးအတိုင်းအတာဖြင့် အသုံးပြုမှုများပြားလာတဲ့အတွက် နာမည်ကြီး Companyများက Messaging Appများကို အပြိုင်အဆိုင် ၀ယ်ယူလာကြပါတယ်။ Facebookက မကြာမီက WhatsAppကို ၀ယ်ယူခဲ့ပါတယ်။ Facebookက WhatsAppကို မ၀ယ်ယူမီ Shapchatကို ကမ်းလှမ်းခဲ့ပါသေးတယ်။ Snapchatက သာမာန် Messaging Appများနဲ့ မတူဘဲ ပေးပို့လိုက်တဲ့ Text, Image, Audioများကို တစ်ဖက်လူက ကြည့်ပြီးတာနဲ့ အလိုအလျှောက် ဖျက်ဆီးပေးတာ ဖြစ်ပါတယ်။ အခုတစ်ခါမှာလည်း Yahooက Snapchatနဲ့ ဆင်တူတဲ့ Blink Appကို ၀ယ်ယူလိုက်ပြီဖြစ်ကြောင်း Blinkတီထွင်သူအဖွဲ့က ဆောင်းပါးတစ်ပုဒ်မှာ ကြေညာလိုက်ပါပြီ။

ထို့အတွက် Blinkဟာ Appleရဲ့ iOSနဲ့ Googleရဲ့ Android Operating Systemsများအတွက် ထုတ်လုပ်ထားတဲ့ သူ့ရဲ့ Appများမှာ ၀န်ဆောင်မှုကို ပိတ်သိမ်းတော့မှာ ဖြစ်ပါတယ်။ Blinkမှာ အဖွဲ့၀င် ခုနစ်ယောက်ရှိပြီး Yahooရဲ့ ရုံးချုပ်တည်ရှိရာ Califသို့ ပြောင်းရွှေ့ အလုပ်လုပ်ကြတော့မှာ ဖြစ်ပြီး Yahooရဲ့ Smart Communication Productsများကို တီထွင်ကြမှာ ဖြစ်ပါတယ်။

Marissaဟာ Yahooမှာ CEOအဖြစ် ၂၀၁၂ ခုနှစ်မှာ တာ၀န် စတင်ယူပြီးကတည်းက Companyငယ်ပေါင်း လေးဆယ်ကို ၀ယ်ယူခဲ့ပြီး ဖြစ်ပါတယ်။ Yahooဟာ မိုဘိုင်းဈေးကွက်ကို ခြေချဖို့ ကြိုးစားနေတာလည်း ဖြစ်ပါတယ်။ Text, Image, Audio, Videoစတာတွေကို အလိုအလျှောက် ဖျက်ဆီးပေးတဲ့ Appများဟာ လူငယ်တွေကြားမှာ ရေပန်းစားနေပါတယ်။ အဲဒီ Messaging Appများထဲမှာ Snapchatက နာမည်အကြီးဆုံး ဖြစ်ပြီး ပြီးခဲ့တဲ့နှစ်တုန်းက Facebookက Snapchatကို ဒေါ်လာ သုံးဘီလီယမ်ဖြင့် ၀ယ်ယူဖို့ ကမ်းလှမ်းခဲ့တယ်လို့ သတင်းထွက်ခဲ့ပါသေးတယ်။ Snapchatဟာ စတင်တီထွင်စဉ်က ဓါတ်ပုံများကိုသာ အလိုအလျှောက် ဖျက်ဆီးပေးနိုင်တာကို အထူး ရည်ရွယ်ထားခဲ့ပေမယ့် ဒီလအစောပိုင်းမှာ Chatနဲ့ Video Callစွမ်းဆောင်ချက်များကို ထည့်သွင်းပေးလိုက်ပါတယ်။

Yahooဟာ ကြော်ညာ၀င်ငွေများ လွန်စွာကောင်းမွန်တဲ့ မိုဘိုင်း Companyအဖြစ် ပြောင်းလဲဖို့ ပြင်ဆင်နေတာ ဖြစ်ပါတယ်။ Mayerက မိုဘိုင်းအဖွဲ့မှာ အင်ဂျင်နီယာ အယောက် ငါးရာ အားဖြည့်ပြီးပြီလို့ မကြာမီက ကြေညာခဲ့ပါသေးတယ်။

Yahooဟာ မိုဘိုင်းနယ်ပယ်မှာ စတင်ခြေချနေတဲ့အချိန်မှာ အဓိကစီးပွားရေးလုပ်ငန်းကို Desktopကနေ Mobile Deviceများဆီသို့ ပြောင်းလဲခြေချဖို့ တစ်ချိန်က ရုန်းကန်ခဲ့ရတဲ့ Facebookဟာ အခုဆိုရင် မိုဘိုင်းကနေ ကြော်ညာ ၀င်ငွေများစွာ ရရှိနေပါပြီ။ ဇန်နဝါရီလနဲ့ မတ်လ အတွင်းမှာ Facebookဟာ ကြော်ညာ၀င်ငွေ အားလုံးရဲ့ ၅၉ ရာခိုင်နှုန်းကို တက်ဘလက်နဲ့ စမတ်ဖုန်းများမှ ရရှိခဲ့ပါတယ်။

Facebookက ပြီးခဲ့တဲ့ တစ်ပတ်မှာ ဓါတ်ပုံများကို အလိုအလျှောက် ဖျက်ဆီးပေးတဲ့ Pokeကို ပိတ်သိမ်းလိုက်ပါတယ်။ Pokeဟာ Snapchatကို ယှဉ်ပြိုင်နိုင်လောက်အောင် စွမ်းဆောင်ရည် မပြည့်ခဲ့ပါဘူး။

Yahooက Blinkကို ၀ယ်ယူလိုက်တဲ့အတွက် Blink Appများကို မကြာမီ ပိတ်သိမ်းတော့မှာပါ။ Yahooက Blinkအဖွဲ့ရဲ့ နည်းပညာများကို ဘယ်နေရာမှာ အသုံးချမလဲဆိုတာ မသိရသေးပါဘူး။ Yahooက ဆက်သွယ်ရေး ထုတ်ကုန်ဌာနကိုလည်း အားဖြည့်ဖို့ ၀ယ်ယူမှုများ ပြုလုပ်ခဲ့ပါသေးတယ်။ ၂၀၁၃ ခုနှစ် ဒီဇင်ဘာလမှာ ကိုယ်ရေးလက်ထောက် Appဖြစ်တဲ့ Donnaကို တီထွင်နေတဲ့ Companyကို ၀ယ်ယူခဲ့ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *