Gaming

Nekomonogatari

nekomonogatari

Studio SHAFTရဲ့ Nekomonogatari Animation Seriesသစ်ဟာ 2009မှာ ထွက်ရှိခဲ့တဲ့ Bakemonogatari Seriesရဲ့ အဓိက ဇာတ်လမ်းတွေနှင့် သူ့ရဲ့အဆက် Nisemonogatari မတိုင်မီမှာ နေရာယူထားတဲ့ ဇာတ်လမ်း ဖြစ်ပါတယ်။ Monogatari Animation Series အားလုံး ကတော့့ Japan စာရေးဆရာ Nisio Isinနှင့် Taiwan လူမျိုး ပန်းချီဆရာ Vofanတို့ရဲ့ Light Novel စာအုပ်များကို မှီငြမ်းထားတဲ့ Anime ဇာတ်လမ်းတွဲများ ဖြစ်ပါတယ်။ Nekomonogatariမှာ Black Versionနှင့် White Versionအဖြစ် Light Novel စာအုပ် ထွက်ရှိထားပြီး အရင် Bakemonogatari Seriesရဲ့DVD Specialsမှာ ထည့်သွင်း ထားတဲ့ ပုံစံနှင့် တင်ဆက်ပုံ ကွဲပြားတဲ့ Black Versionမှာတော့ အဓိက ဇာတ်ကောင် Koyomi Araragiရဲ့ ရှုထောင့်ကနေ မြင်တွေ့ရမှာ ဖြစ်ပါတယ်။ Nekomonogatari အပါအဝင် ဇာတ်လမ်း အားလုံးရဲ့ Main Characterအဖြစ် Koyomi Araragiပဲ ပြန်လည် ပါဝင်ထားပြီး Araragi ရဲ့ ညီမငယ်တွေ ဖြစ်တဲ့ Karen နှင့် Tsukihiနှင့်အတူ Hanekawa Tsubasaတို့က အဓိက ပါဝင်ထားပါတယ်။ Ghost Storyလို့ ဘာသာပြန်ဆိုလို့ရမယ့် Bakemonogatari Seriesတွေရဲ့ အဓိက ဇာတ်လမ်းတွေကတော့ Araragiအနေနှင့် ကျိန်စာသင့်ခံထားရတဲ့ အမျိုးသမီးငယ်တွေကို ကယ်တင်ရပုံတွေကို သဘာဝလွန် Super Naturalဖြစ်ရပ်များနှင့် အချစ်ဟာသ ဇာတ်လမ်းများကို ရောစပ်ထားတဲ့ ပုံစံဖြစ်ပါတယ်။

Animation Qualityနှင့် အရုပ်၊ အသံပိုင်း Qualityတွေကတော့ Series တစ်ခုပြီး တစ်ခု ပိုပို ကောင်းလာတာ တွေ့ရပါတယ်။ နောက်ခံ Background တွေကိုလည်း သာမန် ရှုခင်းများ မဟုတ်ဘဲ ပန်းချီကားဆန်ဆန် ရေးဆွဲထားပြီး Voice Actingပိုင်းနှင့် နောက်ခံ ဂီတပိုင်းကလည်း အထူး ကောင်းမွန်ပါတယ်။ Nekomonogatariမှာတော့ Araragiဟာ မကောင်းဆိုးဝါးကြောင် ပူးကပ်ခြင်း ခံနေရတဲ့ သူ့ရဲ့ ကျောင်းနေဖက် သူငယ်ချင်းဖြစ်သူ Hanekawa Tsubasaကို ကယ်တင်ရမှာ ဖြစ်ပြီး Monogatari ဇာတ်လမ်းတွေဟာ Action အသားပေး ဇာတ်လမ်း မဟုတ်သည့် တိုင်အောင် Araragiအနေနှင့်ကလည်း သွေးစုပ်ဖုတ်ကောင်ရဲ့ သွေးကို ရရှိထားသူ လူသားတစ်ယောက် ဖြစ်တဲ့အတွက် ကြမ်းတမ်းတဲ့ တိုက်ခိုက်မှုတွေကို ခံနိုင်ရည် ရှိသလို တိုက်ခိုက်ခန်းတွေကိုလည်း အပျံစား ရေးဆွဲထားတာ မြင်တွေ့ရမှာပါ။ ကြော်ငြာနှင့် ဇာတ်ကောင်ပုံစံတွေ ကြည့်ပြီး High School Romanceနှင့် Comedy သီးသန့် စိတ်ဝင်စားသူအနေနှင့် မျှော်မှန်းထားသလို ဖြစ်မှာမဟုတ်တဲ့ Monogatari Seriesတွေဟာ စကား ပြောခန်းများတဲ့ ဇာတ်လမ်းတွေ ဖြစ်ပေမယ့် စာရေးဆရာ Nisio Isinရဲ့ ပရိသတ်ကို မနားတမ်း ဆွဲဆောင်နိုင်တဲ့ Dialogue၊ Illustrator Vofanရဲ့ လှပတဲ့ ဇာတ်ကောင်ဒီဇိုင်းနှင့် Studio Shaftရဲ့ ကောင်းမွန်တဲ့ Production Qualityတို့ကြောင့် ဇာတ်လမ်း အစကနေ အဆုံးအထိ လုံးဝ မအီသွားအောင် ဇာတ်လမ်းဆင်နိုင်တာ တွေ့ရပါတယ်။

Monogatari Series အားလုံးရဲ့ ဇာတ်လမ်း အစဖြစ်တဲ့ Araragiနှင့် Vampireမလေး Shinobuတို့ စတင် တွေ့ဆုံပုံ နောက်ကြောင်းပြန်ထားတဲ့ Kizumonogatari ရုပ်ရှင်လည်း မကြာခင်မှာ ထွက်ရှိဦးမှာ ဖြစ်ပါတယ်။ Nekomonogatari ဇာတ်လမ်းဟာ Episode လေးပိုင်းစာ (တစ်နာရီခွဲ ဝန်းကျင်)ပဲ ရှိတဲ့အတွက်ကြောင့် ရုပ်ရှင်ဇာတ်ကား တစ်ကားလိုမျိုး ခံစားကြည့်ရှုနိုင်သလို Qualityပိုင်း အနေနှင့်လည်း ရုပ်ရှင်ဇာတ်ကားတွေရဲ့ အဆင့်နှင့် တန်းတူနီးပါး ရှိနေတာ တွေ့ရတဲ့အတွက် အရင် Monogatari ဇာတ်လမ်းတွဲ ပရိသတ်အနေနှင့် မဖြစ်မနေ ကြည့်သင့်တဲ့ Series တစ်ခုဖြစ်သလို လူငယ်ပိုင်းနှင့် လူကြီးပိုင်းတွေအတွက် အဆင့်မြင့် Animation ဇာတ်လမ်းများ ကို စိတ်ဝင်စားသူတွေ အနေနှင့်လည်း စမ်းသပ် ကြည့်ရှုသင့်တဲ့ ဇာတ်လမ်းကောင်း တစ်ခု ဖြစ်ပါတယ်။

author-avatar

About Nay Aung Latt

အမည်ရင်းမှာ နေအောင်လတ်ဖြစ်ပြီး Myanmar ICTတွင် Game Animation/ PC Game များအကြောင်းကို ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *