Design, Graphics, How-to

သတ္တုဒီဇိုင်း ဖန်တီးခြင်း

သတ္တုဒီဇိုင်း ဖန်တီးခြင်း

Metal Style စာလုံးလေးတွေကို ဖန်တီးကြည့်ကြမယ်။ တစ်ခါတလေ ကိုယ့်နာမည်လေးတွေ လှလှလေး လုပ်ကြည့်ချင်လာပြီဆိုရင် စမ်းသပ်နိုင်ပါတယ်။ သိပ်ပြီးတော့ အခက်ကြီး မဟုတ်ပါဘူး။ ကဲ စလိုက်ကြရအောင်နော်။

၁။ ပထမဆုံး အရင် New Document တစ်ခုကို အရင်ဖွင့်လိုက်ပါ။

၂။ ပြီးရင် စာသားရိုက်ဖို့အတွက် အရောင်အနေနဲ့ RGB (172, 172, 172)ကို သုံးပြီး နေရာချထားလိုက်ပါ။ အခုပုံမှာ ပြထားတဲ့အတိုင်း fontက Arial Blackအရွယ်က သင်ကြိုက်နှစ်သက်ရာ font ဆိုက်ကို အသုံးပြုနိုင်ပါတယ်။

သတ္တုဒီဇိုင်း ဖန်တီးခြင်း

Via Ma Naw Phyu Lay

၃။ အဲဒီစာသားနေရာကို Layer Styleအဖြစ် Bevel and Embossဖွင့်ပြီး Option တွေကိုတော့ ပုံမှာပြထားတဲ့အတိုင်း ရွေးချယ်ရပါမယ်။

သတ္တုဒီဇိုင်း ဖန်တီးခြင်း

Via Ma Naw Phyu Lay

သတ္တုဒီဇိုင်း ဖန်တီးခြင်း

Via Ma Naw Phyu lay

၄။ နောက် ထပ်မံပြုလုပ်ရမည်က Curves adjustmentပါ။ အဲဒီလိုရအောင် Layer Paletteရဲ့ အောက်ခြေမှာရှိတဲ့ စတုတ္ထမြောက် Button (Create new fill or adjustment layer)ကို Clickလိုက်ပါ။ Popup Menu တစ်ခုပေါ်လာလိမ့်မယ်။ အဲဒီ Menuကမှ Curves… ဆိုတဲ့ Submenu ကို ရွေးပါ။

သတ္တုဒီဇိုင်း ဖန်တီးခြင်း

Via Ma Naw Phyu lay

Curves dialog ပေါ်လာပါမယ်။ အဲဒီမှာ အလယ်ကို ကန့်လန့်ဖြတ်မျဉ်းလေးကို တွေ့မှာပါ။ ပုံမှာ မြင်ရတဲ့အတိုင်း ပြုလုပ်ပါ။

သတ္တုဒီဇိုင်း ဖန်တီးခြင်း

Via Ma Naw Phyu lay

အဲဒီမျဉ်းလေးကို Muouseနဲ့ Click and Dragလုပ်ပြီး မျဉ်းကွေးလေးတစ်ခုကို ပုံမှာပါတဲ့အတိုင်း ပြုလုပ်ကြည့်ပါ။ ပုံမှာ အပေါ်ကို ရွေ့ရမယ့်အမှတ်နဲ့ အောက်ကိုရွေ့ရမယ့် အမှတ်နှစ်ခုကို သတိပြုမိမယ် ထင်ပါတယ်။ မှားရင်တော့ Resultက ဒီမှာပြထားတဲ့ပုံအတိုင်း ရမှာ မဟုတ်ပါဘူး။ အပေါ်အောက် အနေအထားကိုလည်း ပုံမှာပြထားတဲ့ ပမာဏလောက်ပဲ ထားကြည့်လိုက်ပါ။

Via Ma Naw Phyu lay

Via Ma Naw Phyu lay

၅။ အခုဆိုရင် Text Layerက တကယ့် သတ္တုတုံးလေးလို မြင်နေရပါပြီ။ ဒါပေမယ့် သတိထားကြည့်ရင် အဲဒီ Text ရဲ့ ဘေးမှာ အဆက်လေးတွေ ပတ်ပတ်လည် ဖြစ်နေတာ တွေ့ရမှာပါ။

သတ္တုဒီဇိုင်း ဖန်တီးခြင်း

Via Ma Naw Phyu lay

အဲဒီ အဆက်လေးတွေကို ပျောက်အောင်ကတော့ Text Layerနဲ့ Curvesလုပ်ထားတဲ့ Layerနှစ်ခုကို Linkချိတ်ပေးပြီး Merge (Ctrl+E) လုပ်လိုက်ရုံပါပဲ။ တစ်ခုသတိထားရမှာက Merge လုပ်ပြီးသွားရင် Text Layerဟာ Raster Layer ဖြစ်သွားပါပြီ။  Text Editအနေနဲ့  ပြန်ပြင်လို့ မရတော့ပါဘူး။

သတ္တုဒီဇိုင်း ဖန်တီးခြင်း

Via Ma Naw Phyu lay

အဆင့် (၄) မှာ ပြုလုပ်ခဲ့တဲ့ (Create new fill or adjustment layer) အကြောင်း ပြောဖို့ ကျန်ခဲ့ပါတယ်။  အဲဒီ Adjustment Layerတွေဟာ အဖြည့်ခံသုံးတာပါ။ သူတို့ကို အသုံးပြုခြင်းအားဖြင့် သူတို့အောက်မှာရှိတဲ့ Layerတွေအားလုံးကို တစ်ခါထဲ ပြုပြင်ပြီးသား ဖြစ်သွားမှာ ဖြစ်ပါတယ်။ ဥပမာ Layer သုံးခုရှိတယ် ဆိုပါတော့။ အဲဒီ Layer သုံးခုစလုံးကို အပြာရောင်နည်းနည်းလေး တိုးလိုက်ရင် Image>Adjustment>Color Balance Menu ကိုသုံးပြီး Layer သုံးခုစလုံးကို အရောင်တိုးပေးရမှာပါ။ Layer သုံးခုဆိုတော့ သုံးခါထပ်လုပ်ရမှာပါ။ ဒါပေမယ့် adjustment layerရဲ့  Color Balanceနဲ့ ဆိုရင်တော့ သူ့အောက်မှာရှိတဲ့ Layer တွေအားလုံးကို တစ်ကြိမ်ထဲနဲ့ မိမိစိတ်ကြိုက် ပြင်ပြီးသား ဖြစ်သွားပါတယ်။ အဲဒီ Adjustment Layerကတော့ ပြင်လိုတဲ့ Layerသုံးခုစလုံးရဲ့ အပေါ်မှာ ရှိရမှာတော့ သတိပြုရပါမယ်။ ကဲ အလွယ်တကူ အပျင်းပြေ ဖန်တီးကြည့်လိုက်ပါဦး။

author-avatar

About Ma Naw Phyu Lay

အမည်ရင်းမှာ ယမင်းအေး ဖြစ်ပြီး B.Sc (Zool) Q (Credit) နဲ့ ၂၀၀၂ခုနှစ်တွင် ရန်ကုန်တက္ကသိုလ်မှ ဘွဲ့ရရှိခဲ့၊ Post Graduate Diploma in Computer Application ကွန်ပျူတာဘွဲ့ကို ၂၀၁၀ ခုနှစ်နှင့် Research and Development, Diploma in Business Management ဘာသာရပ်များကို ၂၀၁၂ ခုနှစ်တွင် အောင်မြင်ခဲ့၊ စာပေကို ငယ်ငယ်တည်းက ဝါသနာပါပြီး ၂၀၀၆ ခုနှစ်မှ စတင်ကာ ကိုယ်ပိုင်ဘလော့ဂ်ပေါ်တွင် သုတ၊ ရသ၊ သတင်း၊ ဆောင်းပါး၊ ကဗျာများ စတင်ကာ ရေးသားခဲ့ပြီး စာပေကို မြတ်နိုးသူ တစ်ဦးလည်း ဖြစ်ပါသည်။ လုပ်ငန်းခွင်သို့ ၁၉၉၈ ခုနှစ်မှ စတင် ၀င်ရောက်ခဲ့ပြီး တစ်ဖက်မှ ဝါသနာပါရာ စာပေများ ရေးသားလျက် ရှိပါသည်။ ယခုလက်ရှိတွင် Center for Vocational Training (CVT Myanmar) သင်တန်းကျောင်းတွင် Media Related Officer အဖြစ် တာ၀န်ထမ်းဆောင်ရင်း ဝါသနာပါရာ စာပေများ ဆက်လက်ရေးသားလျက် ရှိပြီး စာရေးဆရာမကောင်း တစ်ဦးဖြစ်ရန် ရည်သန်လျက် ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *