News

မြန်မာနိုင်ငံ ကွန်ပျူတာ ပညာရှင်အသင်း အသိ အမှတ်ပြု စာမေးပွဲ ကျင်းပမည်

မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းမှ အသိအမှတ်ပြု Network စာမေးပွဲများကို ၂ဝ၁၃ ခုနှစ်၊ ဒီဇင်ဘာလတွင် ကျင်းပမည်ဖြစ်ပြီး မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းနှင့် အသင်းခွဲများရှိရာ မန္တလေးတိုင်း၊ ဧရာဝတီတိုင်း၊ စစ်ကိုင်းတိုင်း နှင့် ရှမ်းပြည်နယ်တို့တွင် တပြိုင်နက် ကျင်းပစစ်ဆေးသွားမည်ဖြစ်ပါသည်။ မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်း၏ စာမေးပွဲများမှာ အိုင်တီပညာရှင်များအဖြစ် အသက်မွေးဝမ်းကျောင်းပြုလိုသော ကျောင်းသူ၊ ကျောင်းသားများ၊ အသင်းဝင်များအတွက် အရည်အချင်းကို အသိအမှတ်ပြုခံနိုင်ရေးအတွက် ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်။

အဆိုပါစာမေးပွဲများသည် Professional နယ်ပါယ်သို့ စတင်ဝင်ရောက်ရန်အတွက် အဓိကလိုအပ်သော အသိပညာများနှင့် ကျွမ်းကျင်မှုများကို ဦးတည်စစ်ဆေးသော စာမေးပွဲဖြစ်သည်နှင့်အညီ စာမေးပွဲအောင်မြင်သူများသည် ပညာရှင်နယ်ပယ်တွင် စတင်လုပ်ကိုင်သည့် အခြေအနေသို့ရောက်မည်ဖြစ်သည်။

exam

အသေးစိတ်သိရှိလိုပါက မြန်မာနိုင်ငံကွန်ပျူတာပညာရှင်အသင်းရုံးခန်း၊ အဆောင် (၄)၊ အခန်း (၄)၊ MICT Park လှိုင်တက္ကသိုလ်နယ်မြေ၊ ဖုန်းနံပါတ် – ၆၅၂၂၇၆/ ၀၉-၇၃၀၈၈၃၀၀ သို့ ဆက်သွယ်စုံစမ်းနိုင်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *