How-to

အလကားရမယ့် အသုံးတည့် Mobile Appများ

Google Play Store

Google Play Storeကနေ အခမဲ့ ဒေါင်းလုပ် ဆွဲယူနိုင်တဲ့ မိမိတို့ရဲ့ နေ့စဉ်ဘဝမှာ အသုံးဝင်မယ့် Mobile Applicationတွေကို ရှာဖွေ တင်ပြပေးလိုက်ပါတယ်။
Instant Heart Rate Monitor
နှလုံးခုန်နှုန်း ဘယ်လောက်ရှိတယ်ဆိုတာ သိချင်ပေမယ့် Heart Rate Monitor တစ်ခုကို ဝယ်ရလောက်အောင်လည်း ငွေကုန်ကြေးမများချင်ဘူးဆိုရင်တော့ ဒီ Applicationလေးက အသင့်တော်ဆုံးပါ။ သင့်ရဲ့ အသက်နဲ့ ကျား/မ ရွေးပေးလိုက်ပြီး လက်ချောင်းလေးကို ဖုန်းပေါ်မှာ ၁၀စက္ကန့်လောက် တင်ထားလိုက်ရုံနဲ့ သင့်ကို အလွယ်တကူ တွက်ချက်ပေးပါလိမ့်မယ်။
Floating Notifications
Facebook Home UIကို သင်ကြိုက်ချင်မှ ကြိုက်မှာ ဖြစ်ပေမယ့် Messageတွေ တက်လာရင် ဘယ်နေရာ ရောက်ရောက် ပါလာလို့ ပြန်ပြီး Reply လုပ်ရ လွယ်ကူတဲ့ Facebook Chat Functionကိုတော့ နှစ်သက်မယ် ထင်ပါတယ်။ အဲဒါမျိုးလေးကို Facebookမှာမှ ရတာ မဟုတ်ပဲ တခြား Notificationတွေတိုင်းအတွက် ရယူနိုင်ပါတယ်။
ESPN Score Center
အားကစား ဝါသနာ ပါသူတစ်ဦးအနေနဲ့ Update သတင်းတွေကို တစ်ခုစီ လိုက်ဖတ်စရာ မလိုတဲ့ Applicationဖြစ်ပြီး သင်အကြိုက်ဆုံး အသင်းတွေ၊ လူတွေကို Followလုပ်ထားလို့ ရပါပြီ။ ပုံမှန်အနေနဲ့ နောက်ဆုံး Upadate သတင်းတွေကို ပြသပေးမှာ ဖြစ်လို့ Dashboard သီးသန့်ပြင်ဆင်ထားမယ်ဆိုရင် ကိုယ်နှစ်သက်ရာ အသင်းတွေ၊ လူတွေရဲ့ ပွဲစဉ် ရလဒ်တွေကို အလွယ်တကူ သိရှိနိုင်မှာ ဖြစ်ပါတယ်။
MP3 Incall Recorder & Voice
Voice Recorderတွေမျိုးစုံအောင် ရှိနေပေမယ့် wavတွေ oggတွေ အခြားသော Formatတွေနဲ့ အဆင်မပြေဘူး ဆိုရင်တော့ ဒီဆော့ဝဲလေးက အသုံးတည့်ပါလိမ့်မယ်။ ဖုန်းအဝင်အထွက်ကို အလိုအလျောက် အသံဖမ်းပြီး MP 3 အနေနဲ့ သိမ်းထားပေးပါလိမ့်မယ်။ အလိုရှိတဲ့အခါ What App, Dropboxနဲ့ Email စတာတွေကနေ အလွယ်တကူ မျှဝေဖို့လည်း လုပ်ဆောင်နိုင်ပါတယ်။
Vault- Hide SMS, Pics
သင့်ရဲ့ ဖုန်းထဲက ဓာတ်ပုံတွေ၊ ဗီဒီယိုတွေ၊ SMSနဲ့ အခြား အကြောင်းအရာတွေကို အလိုက်မသိ ယူကြည့်တတ်တဲ့သူတွေကြောင့် စိတ်ညစ်နေသူတွေအတွက် အသုံးဝင်မှာ ဖြစ်ပါတယ်။ သင်ကွယ်ဝှက်ထားလိုသမျှကို Vaultက အကူအညီ ပေးနိုင်ပါလိမ့်မယ်။ သင့်ရဲ့ ကိုယ်ရေး အချက်အလက်တွေနဲ့ သင်မမြင်တွေ့စေချင်တဲ့ ပုံတွေနဲ့ စာတွေကို Encryptedလုပ်ပြီး သိမ်းထားမှာ ဖြစ်တဲ့အတွက် သင်ကိုယ်တိုင် မှန်ကန်တဲ့စကားဝှက် ပြန်မထည့်သွင်းပဲ ပုံတွေကို ပြန်မြင်နိုင်မှာ မဟုတ်ပါဘူး။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *