News

ဂိမ်းပရိုဂရမ်များ လက်တွေ့ ရေးဆွဲနိုင်မည့် နည်းပညာ ဟောပြောပွဲ ပြုလုပ်မည်

android game logo

ပြည်တွင်းရှိ ဂိမ်းဝါသနာရှင်များနှင့် ဂိမ်းရေးဆွဲသူ ပညာရှင်များအတွက် ဂိမ်းများ ဖန်တီးပုံနှင့် 3Dဂိမ်းများ လက်တွေ့ရေးဆွဲနိုင်မည့် နည်းပညာ ဟောပြောပွဲကို ဇူလိုင်လ ၂၀ရက်နေ့ စနေနေ့တွင် မွန်းလွဲ ၂နာရီမှ ညနေ ၄နာရီအထိ ရန်ကုန်မြို့ရှိ Crown Education ရုံးတွင် ပြုလုပ်မည် ဖြစ်ကြောင်း သိရသည်။ ယင်းဟောပြောပွဲတွင် Game Design ပညာရှင် ဦးနန္ဒာရဲအောင်က ဂိမ်းဒီဇိုင်း ဖန်တီးရာတွင် လိုအပ်သည့် အချက်အလက်များ၊ ပြည်တွင်းပြည်ပ Gaming & Animation Business Industry အလားအလာနှင့် အလုပ်အကိုင် အခွင့်အလမ်းများ၊ အနုပညာနှင့် နည်းပညာပေါင်းစပ်၍ 3D Gameအား တစ်နာရီအတွင်း လက်တွေ့ ရေးဆွဲနည်း၊ အသက်အရွယ်နှင့် စိတ်ခံစားမှုကို ပိုင်းခြားထား၍ ဂိမ်းနှင့် ကာတွန်းဇာတ်ကောင်များ၊ ဖန်တီးရွေးချယ်နည်း၊ ပြီးပြည့်စုံသော ဂိမ်းနှင့် ကာတွန်း ဖန်တီးရန် အရုပ်၊ အသံ၊ ကာလာ၊ ရွေ့လျားမှု စသော ညီညွတ်မျှတမှု အရည်အသွေးများရှိစေရန်၊ ပုံစံများ၊ နည်းစနစ်ကျစေရန် ဆွေးနွေးချိန်အတွင်း ရှင်းလင်းတင်ပြ ပို့ချမည် ဖြစ်သည်ဟု သိရသည်။

ထိုနေ့တွင် လန်ဒန်နှင့် နိုင်ငံတကာရှိ ဂိမ်း၊ ပရိုဂရမ်နှင့် နည်းပညာကျောင်းများသို့ တက်ရောက်ရန် လျှောက်ထားလိုသူများအတွက် ၂၀ရာခိုင်နှုန်းအထိ လျှော့ချပေးမည့် Scholarship Programများ ပါဝင်မည် ဖြစ်သည်။ ဟောပြောပွဲသို့ စိတ်ပါဝင်စား၍ တက်ရောက်လိုသူများ အနေဖြင့် Crown Education အမှတ် (၂၇၀)၊ ပထမထပ်၊ အခန်း (၁-ဘီ)၊ ကောင်းမြတ်မွန် ဆေးခန်းအပေါ်ထပ်၊ မြေနီကုန်း ဒဂုံစင်တာ (၂)နှင့် ကမေ္ဘာဇဘဏ်ကြား စမ်းချောင်းမြို့နယ်၊ ဖုန်း -၀၁-၅၂၇-၈၃၈၊ ၀၉-၇၃၂-၇၃၂-၇၇သို့ ဆက်သွယ် စုံစမ်းနိုင်ကြောင်း သိရှိရပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

One thought on “ဂိမ်းပရိုဂရမ်များ လက်တွေ့ ရေးဆွဲနိုင်မည့် နည်းပညာ ဟောပြောပွဲ ပြုလုပ်မည်

  1. Myo Thiha says:

    Game Professional ဖြစ်ဖို့ နဲ့ Scholarship လိုချင်ရင်တော့ Crown Education ကို အရောက်သွားဖို့ လိုပြီနော်။

Leave a Reply

Your email address will not be published. Required fields are marked *