News

Micromax က Canvas Turbo Mini နဲ့ Canvas Knight တို့ကို ထုတ်ဖော်ပြသ

Micromax က A119 Canvas XL Phablet ကို တရား၀င်ထုတ်ဖော်ပြသပြီး တစ်ပတ်အတွင်းတွင် A200 Canvas Turbo Mini Smartphone အား ထပ်မံထုတ်ဖော်ပြသခဲ့ပါတယ်။ အသစ်ထပ်မံထုတ်လုပ်လိုက်တဲ့ A200 Canvas Turbo Mini တွင် 4.7″ 720p IPS Display တပ်ဆင်ထားပါတယ်။ Quad-core 1.3GHz Cortex-A7 Processor နှင့် Mali-400MP2 GPU ,1GB RAM တပ်ဆင်ထားပါတယ်။ အနောက်ဘက်တွင် 8MP နှင့် မျက်နှာချင်းဆိုင်တွင် 5 MP ကင်မရာနှစ်လုံးတပ်ဆင်ထားပြီး 720 p Vedio Recording ပြုလုပ်နိုင်ပါတယ်။ Memory 4GB နှင့် 1,800 mAh Battery ကို ထည့်သွင်းထားပါတယ်။ SIM Card နှစ်ခု ထည့်သွင်းအသုံးပြုနိုင်ပြီး 3G ဖြင့် ဖုန်းဆက်သွယ်ပြောဆိုနိုင်ပါတယ်။ Andriod 4.2 Jelly Bean ဖြစ်ပြီး HSPA (2100MHz band) ကွန်နက်ရှင်ကို အသုံးပြုနိုင်ပါတယ်။ HSPA, Wi-Fi, FM radio နှင့် Bluetooth လည်းပါရှိပါတယ်။ Android 4.2 Jelly Bean ကို အသုံးပြုထားပါတယ်။

Micromax A200 Canvas Turbo Mini ကို အနက်ရောင် နှင့် အဖြူရောင် နှစ်မျိုး ကြေငြာထားသော်လည်း အပြာရောင်နှင့် အဖြူရောင် အမျိုးအစားတို့ကို ရောင်းချပေးနေပါတယ်။ India ရူပီး 14,490 (€169) ဖြင့် ၀ယ်ယူနိုင်ပါတယ်။

ထိုအချိန်တွင် Micromax ၏ နောက်ထပ်အမျိုးစား တစ်မျိုးဖြစ်သည့် စွမ်းဆောင်ရည်မြင့် စမတ်ဖုန်းတစ်မျိုးကို အခြားစျေး သက်သာသည့် စမတ်ဖုန်း (၁၂) မျိုးနှင့်အတူ ရုရှားနိုင်ငံတွင် ထုတ်ဖော်ပြသခဲ့ပါတယ်။ Micromax သည် ရုရှားစျေးကွက်တွင် အကြီးမားဆုံးထုတ်လုပ်သူဖြစ်လာစေရန် ရည်ရွယ်၍ ထိုဖုန်းအမျိုးအစားအသစ်ကို ထုတ်လုပ်ရခြင်းဖြစ်ပါတယ်။
အဆိုပါ စွမ်းဆောင်ရည်မြင့်ဖုန်း ကို A350 Canvas Knight ဟာ ခေါ်ဆိုပြီး 5″ 1080p Display တပ်ဆင်ထားပါတယ်။ Octa-Core MediaTek Chipset တပ်ဆင်ထားပြီးအနောက်ဘက်တွင် 16MP ကင်မရာ တစ်ခု ပါရှိပါတယ်။ A350 Canvas Knight ၏ ပုံစံမှာ နောက်ဆုံးထွက်ရှိသည့် iPhones နှင့် Huawei Ascend P6 တို့ကဲ့သို့ဖြစ်ပြီး အထူမှာ 7.3mm ဖြစ်တဲ့အတွက် ပါးလွှာပါတယ်။ ရုရှားစျေးကွက်သို့ မကြာမီရောက်ရှိလာတော့မှာ ဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *