How-to

သင့်ရဲ့ ဓာတ်ပုံများမှ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ဖယ်ရှားခြင်း

စမတ်ဖုန်းကနေပဲဖြစ်ဖြစ် Digital Camera များကနေပဲဖြစ်ဖြစ် ဓာတ်ပုံရိုက်တဲ့အခါမှာ သင့်ရဲ့ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေ ဓာတ်ပုံမှာ ပါရှိသွားပါတယ်။ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေ ဆိုရာမှာ ဓာတ်ပုံရိုက်ကူးတဲ့ ရက်စွဲ၊ အချိန်၊ ကင်မရာဆက်တင် စတာတွေဖြစ်ပါတယ်။ ဓာတ်ပုံရိုက်တဲ့ Device မှာ GPS Location ကို Support ပေးတဲ့ စွမ်းရည်ပါရှိရင် ဓာတ်ပုံရိုက်ကူးတဲ့နေရာပါ သတင်းအချက်အလက်ထဲ ပါ၀င်သွားပါတယ်။

Social Network တွေမှာ ဓာတ်ပုံတင်ရင် ဂရုစိုက်သင့်ပါတယ်။ သင်တင်တဲ့ပုံမှာ တည်နေရာကို မှတ်သားထားတဲ့ သတင်း အချက်အလက်တွေပါရှိသွားရင် လူတစ်ယောက်က သင့်ဓာတ်ပုံကို ဒေါင်းလုပ်ရယူပြီး သင်နေတဲ့ နေရာကို အလွယ်တကူ သိရှိနိုင်ပါတယ်။

Twitter နဲ့ Flickr အသုံးပြုသူတွေရဲ့ User Name ကို ရိုက်ထည့်လိုက်တာနဲ့ သူတို့သွားလာတဲ့ တည်နေရာတွေကို မြေပုံမှာ ပြပေးနိုင်တဲ့ Creepy ဆိုတဲ့ Program တောင် ထွက်ရှိနေပါတယ်။

Ashampoo_Snap_04

ဓာတ်ပုံတွေကို ဘယ်လိုစစ်ဆေးမလဲ?

Windows အသုံးပြုသူတွေအတွက် ဓာတ်ပုံတွေကို စစ်ဆေးဖို့ လွယ်ကူပါတယ်။ ပုံအပေါ် Right Click နှိပ်ပြီး Properties ထဲ၀င်ပါ။ Details Tab ကိုနှိပ်ပါ။ အဲဒီမှာ သင့် ရဲ့ Personal Information တွေ ပါရှိလား ဆိုတာ စစ်ဆေးနိုင်ပါတယ်။ တည်နေရာ ကို Latitude, Longitude ကိန်းဂဏန်းတွေနဲ့ ဖော်ပြမှာဖြစ်ပေမယ့် အဲဒီ ကိန်းဂဏန်း တွေရဲ့ တည်နေရာ ကိုဖော်ပြပေးနိုင်တဲ့ ၀က်ဆိုက်တွေကို Google က နေ အလွယ်တကူရှာဖွေနိုင်ပါတယ်။

Ashampoo_Snap_05

နောက်တစ်နည်းက Windows Explorer ကနေ ကြည့်နိုင်ပါတယ်။ Explorer မှာ View Option ကို Detail ရွေးချယ်ပါ။ အပေါ်ဆုံးမှာ File Name, Types, Sizes စတာတွေပြထားတဲ့ Header Column ပေါ်ကို Right Click နှိပ်ပါ။ More ကိုနှိပ်ပြီး “Date”, “Tag”, “Location” ကိုရွေးချယ်ပေးပါ။ ဒါဆိုရင် Windows Explorer မှာ အဲဒီ သတင်းအချက်အလက်တွေကို ပြပေးပါလိမ့်မယ်။

Ashampoo_Snap_06

ဓာတ်ပုံတွေက သတင်းအချက်အလက်တွေကို ဖယ်ရှားနည်း

ဓာတ်ပုံ ရဲ့ Properties ထဲက Details Tab ထဲသွားပါ။ ၀င်းဒိုးရဲ့အောက်ခြေမှာ “Remove Properties and Personal Information” ဆိုတာ ကို နှိပ်ပါ။

နောက် ၀င်းဒိုးတစ်ခုပေါ်လာရင် “Remove the following properties from this file” ကိုရွေးပေးပါ။ ဖယ်ရှားချင်တဲ့ သတင်းအချက်အလက်တွေကို ရွေးချယ်ပေးပြီး OK ကိုနှိပ်ပါ။

အခြား Programs များ

Program တွေကို အသုံးပြုပြီးလည်း ဓာတ်ပုံတွေက ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်တွေကို ဖယ်ရှားနိုင်ပါတယ်။ FileMind QuickFix က အဲဒီအလုပ်ကို လွယ်ကူစွာလုပ်ပေးနိုင်ပါတယ်။ Program ကို အင်စတော လုပ်ပြီး Run ပါ။ ဓာတ်ပုံတွေကို Program Window ပေါ်ကို Drag and Drop လုပ်ပါ။ Quick Fix Metadate ခလုတ် ကိုနှိပ်ပါ။ Program က နဂိုပုံတွေကို နာမည်ပြောင်းလိုက်မှာဖြစ်ပြီး သတင်းအချက်အလက်တွေကို ဖယ်ရှားလိုက်တဲ့ ပုံတွေကို နဂိုပုံတွေရှိတဲ့ ဖိုဒါမှာ သိမ်းပေးမှာ ဖြစ်ပါတယ်။ Windows Explorer ကနေ စစ်ဆေးကြည့်ရင် သင့်ရဲ့ သတင်းအချက်အလက်တွေကို ဓာတ်ပုံတွေကနေ ဖယ်ရှားထားတာတွေ့ရပါလိမ့်မယ်။

Ashampoo_Snap_07

စမတ်ဖုန်းတွေ၊ Digital Camera တွေကနေ ဓာတ်ပုံရိုက်ရင် GPS Location ကို Off လုပ်ထားဖို့အရေးကြီးပါတယ်။ အခုနောက်ပိုင်းထွက်တဲ့ စမတ်ဖုန်းတွေမှာ အဲဒီ Function ပါရှိပါတယ်။ ကင်မရာ App ကိုဖွင့်ပြီး Settings ထဲမှာ ရှာဖွေနိုင်ပါတယ်။ အထူးသဖြင့် Social Network တွေမှာ ဓာတ်ပုံတွေ တင်လေ့ရှိတဲ့သူတွေအတွက် ဂရုစိုက်သင့်ကြောင်း ရေးသားပေးလိုက်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

One thought on “သင့်ရဲ့ ဓာတ်ပုံများမှ ကိုယ်ရေးကိုယ်တာ သတင်းအချက်အလက်များကို ဖယ်ရှားခြင်း

Leave a Reply

Your email address will not be published. Required fields are marked *