News

Nokia ရဲ့ Lumia Icon ၀င်းဒိုးဖုန်း

Nokia က Lumia Icon ကို Verizon မှ ရောင်းချပေးလိုက်ပါတယ်။ LTE အသုံးပြုနိင်ပြီး Windows Phone 8 OS ကို အသုံးပြုထားပါတယ်။ ဖေဖော်ဝါရီလ (၂၀) ရက်နေ့မှာ Verizon Carrier မှ နှစ်နှစ်စာချုပ်ဖြင့် ၀ယ်ယူရမှာဖြစ်ပြီး ကနဦး အဖြစ် ဒေါ်လာ (၁၉၉.၉၉) ပေးချေရမှာဖြစ်ပါတယ်။

Lumia Icon ဟာ ဒီဇိုင်းပိုင်းမှာ သူ့အရင် မျိုးဆက် Lumia 928 နဲ့ ဆင်တူပါတယ်။ Lumia Icon မှာ Qualcomm Snapdragon 800 SoC Chipset ပေါ်မှာ 2.2GHz Quad-Core CPU တပ်ဆင်ထားပါတယ်။ 2GB RAM, 32GB Internal Storage ပါရှိပါတယ်။ MicroSD Card Slot တော့ မပါရှိပါဘူး။ ငါးလက်မအရွယ် Full HD 1920×1080 Pixel Display တပ်ဆင်ထားပြီး တစ်လက်မတွင် Pixel သိပ်သည်းဆ (၄၄၁) ရှိပါတယ်။

အနောက်ဘက်မှာ 20MP Camera တပ်ဆင်ထားပြီး Dual LED Flash ပါရှိပါတယ်။ 1080p Video တွေကို ရိုက်ကူးပေးနိုင် ပါတယ်။ Lumia 1520, Lumia 1020 တို့လိုပဲ Lumia Icon ဟာ အရည်အသွေးမြင့် ဓာတ်ပုံတွေကို ရိုက်ကူးပေးနိုင်ပါတယ်။ Nokia ရဲ့ ဆော့ဝဲတွေဖြစ်တဲ့ Nokia Camera, Creative Studio, Cinemagraph စတာတွေပါရှိပါတယ်။

WiFi, Bluetooth 4.0, NFC, USB 2.0 တို့ အသုံးပြုနိုင်ပါတယ်။ Nano SIM Card ကို အသုံးပြုနိုင်မယ်လို့ သိရပါတယ်။ Lumia Icon ရဲ့ အရွယ်အစား အပြည့်အစုံမှာ 137 x 71 x 9.8mm ဖြစ်ပြီး အလေးချိန် (၁၆၇) ဂရမ် ၀န်းကျင် ရှိပါတယ်။ 2420mAh Battery တပ်ဆင်ထားတယ်လို့ သိရပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *