News

300GBရှိ CDများ ဖန်တီးလျက် ရှိ

Blu-ray 300GB CD

နာမည်ကျော် နည်းပညာ ကုမ္ပဏီများ ဖြစ်သည့် ဆိုနီနှင့် ပန်နာဆိုးနစ်တို့သည် အချက်အလက်ပေါင်း 300GB အထိ သိမ်းဆည်းနိုင်စွမ်းရှိသော စီဒီများကို ဖန်တီးနေကြောင်း သိရသည်။ အချက်အလက် သိမ်းဆည်းနိုင်မှု စနစ်များစွာကို နည်းပညာအဖွဲ့အစည်းများစွာက ဖန်တီးလျက်ရှိပြီး ယခုနောက်ပိုင်းတွင် Cloud နည်းပညာ အခြေပြု အချက်အလက် သိမ်းဆည်းရေး ဝန်ဆောင်မှုများကိုပါ ထောက်ပံ့ပေးလျက် ရှိပြီး သံလိုက် အချက်အလက် သိမ်းဆည်းမှု စနစ် Hard Driveများသည် အချက်အလက် သိမ်းဆည်းမှုများစွာကို သိုလှောင်နိုင်စွမ်းရှိသော်လည်း လက်ရှိ ဈေးကွက်အတွင်း၌ အသုံးအများဆုံး အလင်းစနစ် အချက်အလက် သိမ်းဆည်းမှု နည်းပညာသစ်သည် စီဒီများမှာ 700MB ပမာဏ သိမ်းဆည်းနိုင်ကြပြီး ဒီဗွီဒီများမှာ တစ်ချပ်လျှင် 4.5GB သိမ်းဆည်းနိုင်ကြသည်ဟု သိရသည်။

အလင်းစနစ် အချက်အလက် သိမ်းဆည်းမှုတွင် ပမာဏအများဆုံး သိမ်းဆည်းနိုင်မှု နည်းပညာဟု ယူဆရမည့် Blu-ray တစ်ချပ်လျှင် 37GBအထိ သိမ်းဆည်းနိုင်ပြီး နောက်ပိုင်းတွင် 50GBအထိ သိမ်းဆည်းလာနိုင်ခဲ့ရာ ယခုစနစ်ကိုသာ အကောင်အထည်ဖော်ပြီးပါက လက်ရှိ အသုံးပြုနေသည့် အလင်းစနစ် အချက်အလက် သိမ်းဆည်းရေး နည်းပညာထက် ခြောက်ဆပိုမို သိမ်းဆည်းနိုင်မည်လည်း ဖြစ်သည်။ ယင်းကဲ့သို့ အလင်းစနစ် အချက်အလက် သိမ်းဆည်းမှု နည်းပညာကို ပမာဏ တိုးမြှင့်ရန် ဖန်တီးရခြင်း၏ အဓိက အကြောင်းအရင်းမှာ 4K ရုပ်မြင်သံကြား နည်းပညာကြောင့် ဖြစ်ပြီး အဆိုပါ နည်းပညာသည် လက်ရှိ HD ရုပ်ထွက်ထက် လေးဆပိုမို ကြည်လင်တောက်ပသော ဗီဒီယိုများကို ထောက်ပံ့ရာ ရုပ်ရှင်ကားတစ်ကားလျှင် 100GB ကျော်မည့် အချက်အလက် သိမ်းဆည်းမှု ပမာဏ လိုအပ်သည်။ 300GBဆန့်သည့် အလင်းစနစ် အခြေပြု အချက်အလက် သိမ်းဆည်းနိုင်မှု နည်းပညာကို ၂၀၁၅ခုနှစ်အကုန်တွင် အသုံးပြုနိုင်ရန် မျှော်မှန်းထားကြောင်းလည်း သိရပါသည်။

Ref: BBC

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *