News

Lenovoက ပီစီကွန်ပျူတာ ဈေးကွက်တွင် ဦးဆောင်

Lenovo

နိုင်ငံတကာ ဈေးကွက် သုတေသန ဌာနကြီးနှစ်ခု ဖြစ်သည့် Gartnerနှင့် IDCတို့၏ ထုတ်ပြန်ချက်အရ ၂၀၁၃ခုနှစ် ပီစီကွန်ပျူတာ ဈေးကွက်ကို Lenovo ကွန်ပျူတာများကသာ ဦးဆောင်နေဆဲ ဖြစ်ကြောင်း သိရသည်။ ယမန်နှစ်ကအထိ ပီစီ ဈေးကွက်တွင် ဦးဆောင်ခဲ့သော HP (Hewlelt-Packard)ကို Lenovoက ကျော်တက်ကာ ယခုနှစ်အတွင်း ဦးဆောင်နိုင်ခဲ့ခြင်း ဖြစ်သည်။ Lenovoက ဦးဆောင်နိုင်သည် ဆိုသော်လည်း ပွိုင်အသာဖြင့်သာ ကျော်နိုင်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

Lenovoသည် ဈေးကွက်တွင် ၁၆ဒဿမ ၇ဖြင့် လည်းကောင်း၊ HPသည် ၁၆ ဒဿမ ၄ဖြင့် လည်းကောင်း ပီစီလောကကို ဦးဆောင်နေခြင်း ဖြစ်သည်။ ၂၀၁၃ခုနှစ်၊ ဒုတိယလေးလပတ်တွင် တစ်ကမ္ဘာလုံး ပီစီရောင်းအားသည် ၇၆သန်းသာ ရောင်းချခဲ့ရသဖြင့် ယမန်နှစ်ကနှင့် နှိုင်းယှဉ်လျှင် ၁၀ဒဿမ ၉ရာခိုင်နှုန်း ကျဆင်းခဲ့ကြောင်း၊ DCက ထုတ်ပြန်ထားသည်။ တစ်ကမ္ဘာလုံး ပီစီအရောင်း ၇၆သန်းအနက် Lenovo ရောင်းအားသည် ၁၂ဒဿမ ၆၇သန်း၊ HPရောင်းအားသည် ၁၂ဒဿမ ၄သန်း ဖြစ်သည်ဟု သိရသည်။

ယခုနှစ်တွင် ပီစီလုံးရေ ၇၆သန်းခန့်သာ ရောင်းချနိုင်ခဲ့သဖြင့် ယမန်နှစ် ဤအချိန်နှင့် နှိုင်းယှဉ်လျှင် ၁၁ ဒဿမ ၄ရာခိုင်နှုန်း ကျဆင်းသွားသည်ဟု DC၏ ထုတ်ပြန်ချက်အရ သိရသည်။ ယခုကဲ့သို့ ပီစီရောင်းအား ထိပ်ဆုံးရောက်လာခြင်းနှင့် ပတ်သက်ပြီး ကုမ္ပဏီ၏ CEO ဖြစ်သူ ယန်ယန်ကျင်းက ပီစီဈေးကွက် ပြောင်းလဲနေကြောင်း၊ သို့သော် ၎င်းတို့မှာ ဒေါ်လာ ဘီလီယာ ၂၀၀လောက်ရလိုက်သော အခွင့်အရေး တစ်ခု ရှိခဲ့ပါကြောင်း ဆိုပါသည်။

 

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *