News

မီးအိမ်ရှင် “ဆိုတေး” ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မော်တော်ယာဉ် တိမ်းမှောက်မှု ဖြစ်

မီးအိမ်ရှင် တေးသီချင်းဖြင့် နာမည်ကျော်ကြားခဲ့သော တေးသံရှင် ဆိုတေး စီးနင်း လိုက်ပါလာသည့် KIAအမျိုးအစား ကိုယ်ပိုင်ယာဉ်သည် ဇူလိုင်လ ၁၄ရက်နေ့ မွန်းလွဲ ၁၂နာရီခွဲက ရန်ကုန်၊ မန္တလေး အမြန်လမ်း မိုင်တိုင်အမှတ် ၂၉၁/၃နှင့် ၂၉၁/၄ကြားတွင် မော်တော်ယာဉ်၏ အရှေ့ညာဘက် ဘီးပေါက်ပြီး အရှိန်လွန်ကာ လမ်း၏ ညာဘက်သို့ ထိုးကျ တိမ်းမှောက်ခဲ့ရာ တေးသံရှင် ဆိုတေး ဒဏ်ရာ ရရှိခဲ့ပြီး ကားပေါ်တွင် ပါလာသော အမျိုးသမီးတစ်ဦး သေဆုံးခဲ့ကြောင်း သိရသည်။

တေးသံရှင်ဆိုတေးသည် မန္တလေးတိုင်း ဒေသကြီး တောင်တာမြို့နယ်၌ ပြုလုပ်မည့် ဖိုးချစ်ဇာတ်ပွဲတွင် သီချင်းသီဆိုရန် အသွား ယခုကဲ့သို့ ယာဉ်တိမ်းမှောက်မှု ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်ဟု ဆိုသည်။ ယမန်နေ့ညတွင် မန္တလေးမြို့ ပြည်သူ့ဆေးရုံကြီး၌ ခွဲစိတ် ကုသမှု ပြုလုပ်ခဲ့ပြီး အထူးကြပ်မတ်ကုသဆောင်တွင် ဆေးကုသမှု ခံယူနေကြောင်း သတိအပြည့်အဝ မရသေးသော်လည်း ပြန်ကောင်းလာနိုင်သည့် အခြေအနေတွင် ရှိကြောင်း သိရသည်။ လူမှုကွန်ရက် Facebookစာမျက်နှာတွင် တေးသံရှင်ဆိုတေး သေဆုံးပြီ ဆိုသော သတင်းများ ထွက်ပေါ်လာသေးသည်။

တိမ်းမှောက်မှု ဖြစ်ပွားခဲ့သော မော်တော်ယာဉ်ပေါ်တွင် လိုက်ပါလာသော အမျိုးသမီးနှစ်ဦးအနက် မချောချောမာ မိတ္ထီလာ ပြည်သူ့ဆေးရုံတွင် သေဆုံးခဲ့ပြီး ယာဉ်မောင်း ဦးသန်းဝင်းလှိုင်ကို မိတီ္ထလာမြို့နယ်၊ သီးကုန်းအမြန်လမ်း ရဲစခန်းမှ ပုဒ်မ ၃၀၄ (က)ဖြင့် အမှုဖွင့် အရေးယူထားကြောင်း သိရသည်။ မီးအိမ်ရှင် ဆိုတေး တစ်ယောက် အမြန်နေကောင်းလာပါစေရန် တေးချစ်ပရိသတ်များမှ ဆုတောင်းပေးနေပါသည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

2 thoughts on “မီးအိမ်ရှင် “ဆိုတေး” ရန်ကုန်-မန္တလေး အမြန်လမ်းမှာ မော်တော်ယာဉ် တိမ်းမှောက်မှု ဖြစ်

  1. Myo Thiha says:

    သူငယ်ချင်းဆိုတေး အမြန်ကောင်းပါစေလို့ ဆုတောင်းနေပါတယ်။ချောချော ကတော့ ဘ၀တစ်ပါးမှာ ကောင်းတဲ့ဘုံကိုရောက်ပါစေလို့ ။

  2. စိမ်းလဲ့မေ says:

    ကိုဆိုတေးနေအမြန်ကောင်းပါစေလို.ဆုတောင်းပေးပါတယ်

Leave a Reply

Your email address will not be published. Required fields are marked *