Laptops, News, Review

HP Zbook 15 (World 1st Mobile Work Station)

HP Zbook 15 (World 1st Mobile Work Station)

ကျော်ကြားလှတဲ့ HP Workstation တွေကို Notebook အဖြစ်အသုံးပြုနိုင်ဖို့ သင်တောင့်တမိဖူးပါသလား? သင်တို့ရဲ့စိတ်ကူးတွေကို HP မှအကောင်အထည်ဖော်နိုင်ဖို့ HP Workstation တွေကို Mobile Workstation အဖြစ် တီထွင်ဆန်းသစ်ထားတဲ့ HP ရဲ့ ZBook Mobile Workstation များကိုသင်ခံစားထိတွေ့ နိုင်ဖို့အတွက် Royal Smart Trading မှတင်သွင်းဖြန့်ချီလိုက်ပါပြီ။ ခိုင်ခန့်တဲ့ Aluminium နှင့်ဖွဲ့စည်းထားသောသတ္ထုကိုယ်ထည်  အေးမြမှုနှင့်အတူရိုးရှင်းတဲ့အစင်းပြောင်သားကာဘာဒီဇိုင်းလေးကဆွဲဆောင်မှုရှိတဲ့အပြင်ခိုင်မာတဲ့ Chiclet Keyboard, Dual Pointing Device 3 button, Image Sensor Touchpad, Num pad ပါ ပါဝင်ထားတဲ့ ခန့်ညားတဲ့ မဟူရာအရောင်နဲ့ HPZbook ဖြစ်ပါသည်။ Screen ဆိုဒ်ကြီးကြီးကို နှစ်သက်သူများအတွက် ( 15.6” ) အမျိုးအစားဖြစ်ပြီး Full HD ကို ကောင်းမွန်ပြည့်ဝစွာခံစားနိုင်မှာ ဖြစ်ပါသည်။

High Performance ကို ကောင်းမွန်စွာ ထောက်ပံ့ပေးနိုင်မည့် Intel 4Gen Core i7 4900MQ ကိုဆင်ယင်ထားပြီး Intel HD Graphic 4600 ပါသည့်အပြင် NVIDIA Quadro K110M 2GB ပါရှိသည့်အတွက် Design, Photoshop, 3D Max, Game, Auto Card, Video Editing စသည်များကိုရုပ်ပုံထွက်ပိုမိုကောင်းမွန်စေနိုင်ပြီး အဆင်ပြေချောမွေ့စွာ လုပ်ဆောင်နိုင်သည့်အပြင် NVIDIA Optimus14 Technology Supported ကလည်းပါဝါစားကို သက်သာစေပါသည်။ Dream Color Technology ကိုအသုံးပြုထားသည့်အတွက် အနုပညာလုပ်ငန်းပိုင်းဆိုင်ရာနှင့် Design လုပ်ငန်းများတွင် အသုံးပြုသူများအတွက် စစ်မှန်တဲ့ အရောင်အသွေးနှင့် စစ်မှန်တဲ့ရုပ်ပုံထွက်ကို ရရှိစေနိုင်ပြီး ကျေနပ်နှစ်သက်စေမည်ဖြစ်ပါသည်။ အခြား IO Device များနှင့်ချိတ်ဆက်အသုံးပြုရန်အတွက် USB – 3.0 ထက်၂ဆ ပိုမြန်စေသည့် Thunderbolt™, 2Technology ကို အသုံးပြုထားသည့်အတွက် လူကြီးမင်းတို့၏ Dada Transfer များပြုလုပ်သည့်အခါ ပိုမိုလျှင်မြန်စွာ အသုံးပြုနိုင်မည်ပါသည်။

Memory 16GB ပါရှိပြီး Memory Slot (4) ခုပါသည့်အတွက် Memory 32 GB ထိ လိုအပ်သလိုတိုး၍ အသုံးပြုလို့ရပါသည်။ အချက်အလက် မြောက်မြားစွာ သိမ်းဆည်းနိုင်မည့် Data Storage 1000GB HDD သည် 7200RPM ဖြစ်သည့်အတွက် ပုံမှန် Notebook များထက် လုပ်ဆောင်ချက်များကို ပိုမိုလျှင်မြန်စေပါသည်။ Battery ကို ကြာရှည်စွာအသုံးပြုနိုင်ရန် 8 Cell Battery က အမြင့်ဆုံးအသုံးပြုချိန် ၁၄ နာရီအထိအသုံးပြုနိုင်မှာ ဖြစ်ပါတယ်။ ပါဝင်ပိတ်ထားစဉ်မှာပဲသင်ရဲ့ Mobile Device များကိုပြန်လည်အားသွင်းနိုင်မဲ့ USB 3.0 Charging နည်းပညာပါဝင်ပါသည်။ ဝယ်ယူသုံးစွဲသူအတွက် မိမိကိုယ်မိမိယုံကြည်မှုပိုမိုရရှိစေပြီး အဆင့်အတန်းတစ်ခုအထိ ပို့ဆောင်ပေးနိုင်မည့် HP ၏ Product Series အသစ်ဖြစ်သည့်အပြင် ဝယ်ယူသူအနေနှင့်လည်း တန်ဖိုးနှင့်ညီမျှသော စွမ်းဆောင်ရည်ကို ထိတွေ့ခံစားနိုင်မည်ဖြစ်ပါသည်။အာမခံသက်တမ်း ( ၃ ) နှစ်ဖြင့် ဝယ်ယူရရှိနိုင်ပါပြီ။

Leave a Reply

Your email address will not be published. Required fields are marked *