Gaming

Khan Wars

khan-war

ဒီအပတ် အတွက် Khan Wars ဆိုတဲ့ Web Browser Based Online Gameကို ရွေးထားပါတယ်။ Khan Warsဟာ ခေတ် အလယ်ခေတ်ကို အခြေခံထားတဲ့ Text Based Strategy ဂိမ်း MMO(Massively Multiplayer Online)အမျိုးအစား ဖြစ်ပါတယ်။

Xs Software(www.xs-software.com)က ရေးသားထားတာ ဖြစ်ပြီး Browser Game Portal madmoo.comက ဖြန့်ချိထားတာပါ။
ဒီဂိမ်းကို ကစားမဲ့ Playerဟာ Persians, Bulgarians , Franks, Germans, Goths, Byzantine, Britains, Arabs, Lithuanians, Russians, Japaneseနဲ့ Mongolsစတဲ့ လူမျိုးတွေထဲက လူမျိုး တစ်မျိုးကို ရွေးယူရမှာ ဖြစ်ပါတယ်။ ပြီးရင် ကိုယ့်ရွာကို အင်အားကြီး အင်ပါယာ ဖြစ်လာဖို့အတွက် သုညကနေ စတင်ရမှာဖြစ်ပြီး သတ္တုတွင်းတွေ ရှာဖွေ တည်ထောင် ခြင်း၊ သဘာ၀ အရင်းအမြစ်များ ရှာဖွေခြင်း၊ ကိုယ့်စစ်သည်များကို လေ့ကျင့်ပေးခြင်း၊ စစ်တပ် တည်ဆောက်ခြင်း၊ နယ်မြေများ တိုက်ခိုက် သိမ်းယူချဲ့ထွင်ခြင်းများကို ဒီခေတ် အလယ်ခေတ် Strategy Gameမှာ ပြုလုပ်ရမှာ ဖြစ်ပါတယ်။

အပေါ်က ဖော်ပြခဲ့တဲ့အတိုင်း Khan Warsမှာ လူမျိုး (၁၂)မျိုး ရှိပါတယ်။ လူမျိုးတိုင်းဆီမှာ သူတို့နဲ့ သက်ဆိုင်တဲ့ အားသာချက်တွေ ရှိကြပါတယ်။ ဥပမာ ကိုယ်က Arabsကို ရွေးထားပြီး ခြေလျင်တပ်ကို လေ့ကျင့်ပေးမယ်ဆိုရင် တခြားလူမျိုးတွေထက် (၁၀)ရာခိုင်နှုန်းလောက် သက်သာ မှာဖြစ်ပြီး Lithuaniansကို ရွေးထားမယ် ဆိုရင်တော့ တခြားလူမျိုးတွေထက် (၁၀)ရာခိုင်နှုန်း ပိုမို သိုလှောင်နိုင်မှာ ဖြစ်ပါတယ်။ လူမျိုးတိုင်းဆီမှာ သူ့ အားသာချက်နဲ့သူ ရှိကြပါတယ်။ Khan Wars ထဲက Nation Systemတော်တော်များများဟာ လူသိများ ကျော်ကြားတဲ့ RTS Age of Empiresနဲ့ ဆင်တူပါတယ်။
Classic Strategy Gameကို သဘောကျတဲ့ သူများအတွက်တော့ ဒီဂိမ်းကို ကြိုက်မှာ သေချာ ပါတယ်။ အချိန်ယူပြီး အေးအေးဆေးဆေး အလျင်လိုစရာမလိုဘဲ အွန်လိုင်းမှာ ဆော့လို့ရတဲ့ ဂိမ်းဖြစ်ပါတယ်။

ရိုးရှင်းပြီး နားလည်လွယ်တဲ့ User Interfaceတွေနဲ့ Text Based Strategyကို ဆော့ဖို့ စဉ်းစား နေပြီဆိုရင်တော့ www.khanwars.comကို သွားပြီး မိနစ်အနည်းငယ်လောက် Register လုပ်ပြီး Khan Warsမှာ အင်ပါယာ ထူထောင်နိုင်ပါပြီ။ သီးသန့် Register မလုပ်ချင်ဖူးဆိုရင် ကိုယ့်ဆီမှာ ရှိတဲ့ Facebook အကောင့်နဲ့လည်း ၀င်ဆော့လို့ ရပါတယ်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *