Education, Lifestyle, News

Singapore Institute of Management (SIM) ကျောင်းဝင်ခွင့်အတွက် တစ်ဦးချင်းဆွေးနွေးပေးမည့် အစီအစဉ်

Singapore Institute of Management (SIM), SIM Global Education ကျောင်းလျှောက်ထားခြင်း ဝင်ခွင့်ဆိုင်ရာ အချက်အလက်များနှင့် ပတ်သက်သော တစ်ဦးချင်းဆွေးနွေးပေးမည့် အစီအစဉ်ကို SIM ကျောင်းတာဝန်ရှိသူမှ RVi Institute တွင် ဇန်နဝါရီလ၉ရက်နေ့ နံနက် ၁၀:ဝ၀ မှ ၁၂:ဝ၀ အထိဆွေးနွေးပေးသွားမည်ဖြစ်သည်။

SIM Global Education သည် UK, US, Australia နှင့် Switzerland နိုင်ငံရှိ အဆင့်မြင့်တက္ကသိုလ်ကြီးများနှင့် ချိတ်ဆက်ထားပြီး Academic Program ပေါင်း ၅၀ ကျော်ကို သင်ကြားပို့ချလျှက်ရှိပါသည်။ SIM Global Education နှင့် ချိတ်ဆက်ထားသော တက္ကသိုလ်များမှာ Australia နိုင်ငံရှိ RMIT University နှင့် University of Wollongong၊ UK တက္ကသိုလ်များဖြစ်သော The University of Warwick၊ The University of Sheffield၊ University of London၊ University of Birmingham၊ University of Stirling ၊ University of Southampton နှင့် US ရှိ University at Buffalo, The State University of New York နှင့် Switzerland နိုင်ငံရှိ IMI International Hotel Management Institute ကျောင်းများဖြစ်ပါသည်။ထိုအဆင့်မြင့်တက္ကသိုလ်ကြီးများ၏ဘွဲ့များကို Singapore SIM တွင်ရယူနိုင်ပါသည်။

တက္ကသိုလ်ဝင်တန်းအောင်မြင်ပြီးသူများ၊ တက္ကသိုလ်တက်ရောက်ဆဲ ကျောင်းသားကျောင်းသူများ၊ IGCSE/GCEO Level ဖြေဆိုအောင်မြင်ထားသူများ Diploma မှစတင်၍ Bachelor program များကိုလည်းကောင်း၊ Bachelor of Engineering ဘွဲ့ရထားသူများလည်း University of Warwick တက္ကသိုလ် မှ Master of Science in Engineering Business Management ကိုလည်းကောင်း၊ ဘွဲ့ရများစင်ကာပူနိုင်ငံတွင် တစ်နှစ်ကြာပညာသင်ယူ အလုပ်ဝင်လိုသူများအတွက် University of London ၏ Graduate Diploma စသည့်ဘာသာရပ်များအပြင် သာသာရပ်ပေါင်း (၅၀) ကျော်ကိုရွေးချယ်တက်ရောက်နိုင်ပါသည်။

မြန်မာကျောင်းသားကျောင်းသူများ အများအပြား ရွေးချယ်တက်ရောက်လျှက်ရှိရာ စိတ်ဝင်စားသူများအနေဖြင့် RVi INSTITUTE အမှတ် ၇၂၊ ချင်းတွင်းလမ်း၊ ကမာရွတ်မြို့နယ်၊ ဖုန်းနံပါတ် ဝ၁-၂၃၀-၅၉၉၈၊ ဝ၉-၈၇၆-၂၉၁၁ သို့ ဆက်သွယ် စာရင်းပေးသွင်းနိုင်ပါသည်။

Related Posts