News

မင်းသားဝီလျံ၏ ခေါင်းပေါ်တွင် အမျိုးသား လိင်အင်္ဂါပုံ ပါသည့် ရုပ်ပုံ ထုတ်လွှင့်မိ၍ ဘီဘီစီ တောင်းပန်ခဲ့ရ

Prince William

ဗြိတိန်မင်းသား ဝီလျံ၏ ဦးခေါင်းပေါ်တွင် အမျိုးသားလိင်အင်္ဂါတစ်ခုပုံ ရေးဆွဲထားသော ရုပ်ပုံတစ်ခုကို မတော်တဆ ပြသခဲ့မိသည့်အတွက် ဘီဘီစီက သြဂုတ်လ ၁ရက်နေ့က တောင်းပန်ခဲ့ရသည်ဟု သိရသည်။ အစီအစဉ်အရ နောက်ပိုင်းတွင် ပေါ်လာမည့် ဟာသအုပ်စုတစ်ခုအတွက် ကြော်ငြာဗီဒီယိုအပိုင်းတစ်ခုကို ဘီဘီစီ၏ နံနက်စာ ရုပ်သံရှိုးအစီအစဉ်မှ ထုတ်လွှင့်စဉ် အဆိုပါ အမှားကြီးဖြစ်ပေါ်ခဲ့ခြင်း ဖြစ်သည်။
သတင်းစာတစ်စောင်ထဲတွင်ပါသော ဗြိတိန်၏ ဒုတိယမြောက် နန်းမွေ နန်းလျာ ဝီလျံမင်းသား၏ ရုပ်ပုံပေါ်သို့ မင်အနက်ဖြင့် မုတ်ဆိတ်မွေး၊ နှုတ်ခမ်းမွေးများ ခပ်သော့သော့ ရေးဆွဲထားသည်ကို စက္ကန့် အနည်းငယ် ပြသခဲ့သည်။

ထို့အပြင် မျက်နှာတွင် မျက်မှန်တပ်ထားသော်လည်း သွားများ ပျောက်နေပြီး ခေါင်းပေါ်တွင် အမျိုးသား လိင်အင်္ဂါတစ်ခုလည်း ဆွဲထားသည်ဟု ဆိုသည်။ ထိုအခြင်းအရာကို ဘီဘီစီ အယ်ဒီတာများက လွတ်ထွက်သွားသော်လည်း ကြည့်ရှုသူ တော်တော်များများက ထောက်ပြကြသည်။ “အခုလို မင်းသားဝီလျံရဲ့ ခေါင်းမှာ အမျိုးသားလိင်အင်္ဂါတစ်ခု ပါလာတာ တရားလွန်ပါတယ်”ဟု ကြည့်ရှုသူ တစ်ဦးက Twitterတွင် ရေးထားသည်ဟု ဆိုသည်။

လူမှုရေးအရ စိတ်အနှောင့်အယှက် ဖြစ်ရသော အမှားအတွက် ဘီဘီစီက တောင်းပန်ကြောင်း စော်ကားသည့်အရာကို ပြုလုပ်ခဲ့ခြင်းလည်း မရှိပါကြောင်း အလေးအနက် ပြောကြားခဲ့သည်ဟု သိရသည်။ “ဒီဟာကို ဟာသအုပ်စု Barbershoperaက ပေးတာပါ။ ဒါပေမယ့် ဒီအထဲမှာ စော်ကားသလို ဖြစ်နေတဲ့အရာ ကျွန်မတို့ ရှာမတွေ့ဘူး၊ ဒီအတွက် ကျွန်မတို့ တောင်းပန်ပါတယ်”ဟု ဘီဘီစီပြောခွင့်ရ အမျိုးသမီးတစ်ဦးက ပြောကြားခဲ့သည်ဟု ဆိုပါသည်။ သူတို့ဆီမှာလည်း နိုင်ငံ့ထီးမွေနန်းလျာ မင်းသားတစ်ပါးတောင် အပြောင်အပျက်က မလွတ်ပါလားနော်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *