Featured, News

Facebook မှာ content တွေ ဘယ်လိုသိမ်းမလဲ

Facebook မှာ content တွေ ဘယ်လိုသိမ်းမလဲ

  ကျွန်တော်တို့တွေ Facebook မှာ အလွန်စိတ်ဝင်စားဖို့ ကောင်းတဲ့ လင့်တစ်ခုကို တွေ့ဖူးပြီး ဖြစ်ကြမှာပါ။ ဘာလဲဆိုတော့ အခုချက်ချင်း ဖတ်ဖို့အချိန်မရတဲ့ လူတွေအတွက်ပါ။ ကျွန်တော်တို့တွေ လူတစ်ယောက်ယောက် ရှဲထားတဲ့ ဗီဒီယိုကို ကြည့်ချင်ရင် ကြည့်ချင်မယ် ဒါပေမယ့် ဆိုးလှတဲ့ ကော်နက်ရှင်ကြောင့် လက်လွတ်ရမလို ဖြစ်နေတယ်။ ဒါကြောင့် ကော်နက်ရှင်ကောင်းမှ ကြည့်ဖို့အတွက် ဒါလေးကို သိမ်းထားဖို့လိုပါတယ်။ Facebook မှာ content တွေ သိမ်းထားတာဟာ သင်လိုအပ်တဲ့အချိန်မှ သင်အဲဒီ့ထဲမှာ သိမ်းထားတဲ့အရာတွေကို ပြန်ကြည့်တာမျိုးပါ။ အဲဒီ့ထဲမှာ သင်သိမ်းထားတဲ့ content တွေကလွဲလို့ တစ်ခြားဟာတွေ ပေါ်မှာမဟုတ်ပါဘူး။ အောက်မှ ကျွန်တော်ပုံနဲ့တစ်ကွ ပြပေးပါမယ်။ Saving save1  သင့်အနေနဲ့ လင့်ပါတဲ့ ဘယ် post ကိုမဆို သိမ်းထားနိုင်ပါတယ်။ အဲဒီ့ထဲမှာ ဗီဒီယိုတွေ၊ နေရာတွေ ၊ သီချင်းတွေ၊ စာအုပ်တွေ၊ ရုပ်ရှင်တွေ၊ တီဗီ အစီအစဉ်တွေ နဲ့ အဖြစ်အပျက်တွေ ပါဝင်ပါတယ်။ သိမ်းဖို့အတွက် post ရဲ့ အပေါ်ဘက် ညာဘက်ဒေါင့်နားလေးမှာ drop-down မျှားလေးကို နှိပ်လိုက်ရုံနဲ့ “Save [Title of Content]” ဆိုတာလေးကို နှိပ်လိုက်ရမှာပါ။ ကိုယ်သုံးတဲ့ စက်ပေါ်မှာ မူတည်ပြီးတော့ အနည်းငယ် ကွဲပြားပါမယ်။ ဒါပေမယ့် မိုဘိုင်းဖုန်းမှာတော့ အဲဒီ့လို လုပ်ရင် ရပါတယ်။save6

Accessing

save4သင်သိမ်းထားတဲ့ content တွေကို ပြန်ကြည့်ဖို့ Facebook ရဲ့ homepage ကို ပြန်သွားပါ။ ပြီးရင် ပေ့ဂျ်ရဲ့ ထိပ်ရဲ့ ဘယ်ဘက်မှာ “Newsfeed”အောက်ကFavorites ထဲမှာ ‘Saved’ ကိုနှိပ်လိုက်ပြီး သင်ကြိုက်နှစ်သက်ရာ အမျိုးအစားလိုက် ပြန်ကြည့်နိုင်တယ်၊ ဥပမာ ဗီဒီယို၊ သီချင်း၊ နေရာ စတာတွေပေါ့။ ပြီးရင်သင့်ရဲ့ အိုင်တမ်တွေကို အပြည့်ကြည့်ချင်ရင် title လေးကို နှိပ်လိုက်ရုံပါပဲ။ တစ်နည်းအားဖြင့် browser ကဆိုရင် www.facebook.com/saved ဆိုပြီး တိုက်ရိုက်သွားလို့ရပါတယ်။ ဖုန်းမှာ သင် သိမ်းထားတဲ့ content တွေကို ကြည့်ချင်ရင် စခရင်မျက်နှာပြင်ရဲ့ ညာဘက်အောက်နားမှာ ‘More’ button လေးကို နှိပ်လိုက်ပါ။ ‘Saved’ ဆိုတဲ့ မန်နယူးလေးပေါ်လာ ပါလိမ့်မယ်။ ကွန်ပျူတာမှာလိုပဲ အမျိုးအစားအလိုက် ကြည့်နိုင်ပါတယ်။save5

Archivingsave7

သင်မလိုအပ်တော့တဲ့ content တွေကို သင်သိမ်းထားတဲ့ အထဲက ဖျက်ချင်ရင် အိုင်တမ်ပေါ်မှာ မောက်စ်လေး တင်လိုက်တာနဲ့ ‘X’ လေးကို နှိပ်လိုက်ရုံပါပဲ။ ဒါဟာ သင့် content တွေကို ‘Archive’ tab ထဲကို ဝင်သွားပါလိမ့်မယ်။ တစ်ကယ်လို့ သင်လုံးဝ အပြီးဖျက်ချင်တဲ့ အရာတွေရှိရင် သင် Archive ထဲကို သွားရမှာပါ။ အဲဒီ့မှာ content တစ်ခုစီမှာ Share button လေးရဲ့ ဘေးနားက အစက်လေး သုံးစက်နဲ့ ဘောက်စ်လေးကို နှိပ်လိုက်တာနဲ့ ‘Delete’ လေးပေါ်လာပါလိမ့်မယ်။ အဲဒါလေးကို နှိပ်လိုက်တာနဲ့ အဲဒီ့ content ကို အပြီး ဖျက်ပေးပါလိမ့်မယ်။

author-avatar

About Kaung Sint Aung

ခင်ဗျားမှာ ခံယူချက်ဆိုတာ မရှိသေးသရွေ့တော့ ဘယ်အရာကမှ အရေးကြီးမှာ မဟုတ်ပါဘူး။ ခံယူချက်ဆိုတာရှိနေပြီဆိုရင်တော့ အဲဒိခံယူချက်လောက် ဘယ်ဟာကမှ အရေးမကြီးတော့ပါဘူး။ Nothing really matters unless you have a code! May be sharing the things what I know to the audiences to be pleased is my code! Sincerely I am not a writer or author, I am learning how to write and sharing or translating what's going on over the world! Sometimes I combined my opinions or thinking to that articles. I'm really welcome of your some advises or opinions as your perspective about my articles, just point me out! It can really drive home to be a better writer or author to me! Thanks!

Leave a Reply

Your email address will not be published. Required fields are marked *