News

၂၀၁၄တွင် ပြည်တွင်း၌ ပုဂ္ဂလိကပိုင် Data Center တစ်ခုကို MICT Park ဝင်းအတွင်း အသုံးပြုနိုင်မည်

data-center

ပြည်တွင်း၌ ပုဂ္ဂလိကပိုင် Data Center တစ်ခုကို MICT Park ဝင်းအတွင်း၌ တည်ဆောက် အကောင်အထည်ဖော်မည်ဖြစ်ပြီး အဆိုပါ Data Centerကို လာမည့် နှစ်အတွင်း၌ စတင် အသုံးပြုနိုင်တော့မည် ဖြစ်ကြောင်း သိရသည်။ Data Center တည်ဆောက်မှုကို မြန်မာ့သတင်း အချက်အလက်နှင့် ဆက်သွယ်ရေး နည်းပညာ ဖွံ့ဖြိုးတိုးတက်ရေး လီမိတက် MICTDCမှ ဂျပန်နို်င်ငံ ရှိဟီတာချီ ကုမ္ပဏီနှင့် ပူးပေါင်း ၍ တည်ဆောက်သွားမည် ဖြစ်ပြီး တည်ဆောက်မှု လုပ်ငန်းများကို ၂၀၁၄ခုနှစ် ဧပြီလ အတွင်း၌ အပြီးသတ် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း သိရသည်။ ဟီတာချီ ကုမ္ပဏီ အနေဖြင့် Data Center တည်ဆောက်ရာတွင် လိုအပ်သည့် နည်းပညာပိုင်း ဆိုင်ရာ အကူအညီများကို ပေးအပ်ဆောင်ရွက်မည် ဖြစ်ကြောင်း သိရသည်။ ထို့ပြင် ဟီတာချီကုမ္ပဏီအနေဖြင့် ဂျပန်နိုင်ငံတွင် ယခုကဲ့သို့ Data Centerမျိုး (၁၄)ခု ကျော်ခန့်ကို တည်ဆောက်ပေးခြဲ့ပီး ဖြစ်ကြောင်း သိရသည်။ မြန်မာနိုင်ငံအနေဖြင့် ယခုကဲ့သို့ Data Center တည်ဆောက်ရခြင်းမှာ ပြောင်းလဲ တိုးတက်လာသည့် နည်းပညာများ၊ အိုင်စီတီလုပ်ငန်းများ၊ အခြားစီးပွားရေး လုပ်ငန်းများနှင့် ဈေးကွက် စီးပွားရေး စနစ်ကို အမီလိုက်နိုင်ရန် လိုအပ်လျက်ရှိပြီး လုပ်ငန်းတိုင်း၊ လုပ်ငန်းတိုင်း အတွက် အရေးကြီးသည့် Data သတင်းအချက်အလက်များကို လုံခြုံစွာ သိမ်းဆည်း နိုင်ရန်အတွက် တည်ဆောက်ရခြင်း ဖြစ်ကြောင်း သိရသည်။ Data Centerတွင် မိမိ တို့ လုပ်ငန်းနှင့် ဆိုင်သည့် သတင်းအချက်အလက်ကို လုံခြုံစိတ်ချစွာ သိမ်းဆည်း ထားနိုင်ခြင်း၊ သတင်းအချက်အလက်များ သိမ်းဆည်းထားသည့် ပစ္စည်းများကို ၂၄ နာရီ အချိန်မရွေး၊ ရက်မရွေး လည်ပတ်နိုင်ရန်အတွက် လိုအပ်သည့် ဝန်ဆောင်မှု များကို ရရှိနိုင်ခြင်း၊ သဘာဝ ဘေးအန္တရာယ်များ ကျရောက်လာပါကလည်း မိမိတို့ သိမ်းဆည်းထားသည့် သတင်းအချက်အလက်များကို မဆုံးရံှုးနိုင်စေဘဲ Data Centerမှနေ၍ အချိန်မရွေး Data Back Up ပြန်လည် လုပ်ယူနိုင်ခြင်း စသည့် အကျိုး ကျေးဇူးများကို ရရှိနိုင်မည် ဖြစ်ကြောင်း သိရသည်။ Data Center တည်ဆောက်ရန် အတွက် ကုန်ကျမည့် ငွေကြေးပမာဏအနေဖြင့် မည်၍ မည်မျှရှိမည်ကို မသိရှိရသေး ကြောင်း သိရသည်။ Data Centerနှင့် ပတ်သက်သည့် အသေးစိတ် အချက်အလက် များကို ယခုလာမည့် ဇွန်လအတွင်း၌ ဆွေးနွေးညှိနှိုင်းမှုများ ထပ်မံ ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *