News

၂ဝ၁၄ ခုနှစ်ထဲတွင် Data Center ကို စတင်တည်ထောင် ဝန်ဆောင်မှု ပေးသွားမည်ဟု သိရ

data_center_solution1

မြန်မာ Info-Tech ၀င်းအတွင်းတည်ဆောက်သွားမယ့် DataCenter ကို၂၀၁၄ခုနှစ်ထဲမှာစတင်ပြီး၀န်ဆောင်မှု ပေးနိုင်အောင်ဆောင်ရွက်သွားမှာဖြစ််ကြောင်း မြန်မာနိုင်ငံ ကွန်ပျူတာ အသင်းချုပ်မှ တာ၀န်ရှိသူ တစ်ဦးရဲ့ ပြောပြချက်အရ သိရသည်။ အခုလို တည်ဆောက်နိုင်ဖို့အတွက် ဆွေးနွေးမှုတွေ ပြုလုပ်ပြီးပါက ယခု ၂၀၁၃ ခုနှစ်ထဲမှာ စတင်ကာ တည်ဆောက်နိုင်ဖို့အတွက် စီစဉ်လျက် ရှိကြောင်း သိရပါသည်။

အခုလို ဆွေးနွေးရာမှာလည်း ဂျပန်မှ ဟီတာချီ ကုမ္ပဏီနဲ့ ပူးပေါင်းကာ လုပ်ဆောင်သွားမည် ဖြစ်သည််။ HITACHI Co.,Ltd အနေနဲ့ ဂျပန်နိုင်ငံမှာ အခုလို Data Centerမျိုး ၁၄ ခုခန့် တည်ဆောက်ထားပြီး ဖြစ်ကြောင်း၊ ထိုကဲ့သို့ တည်ဆောက်ရခြင်းသည် နည်းပညာနဲ့ ဆိုင်သော Serverတွေကို သိမ်းဆည်းနိုင်ဖို့ အတွက် ရည်ရွယ်ပြီး တည်ဆောက်ထားကြောင်း သိရသည်။

လုပ်ငန်းကြီးလုပ်ကိုင်နေတဲ့သူများအနေနှင့် ၎င်းတို့၏အရေးကြီးသော Data အချက်အလက်များကို လုံခြုံစိတ်ချသောနေရာမှာ သိမ်းဆည်းနိုင်ရန်အတွက် တည်ဆောက်မည်ဖြစ်ပြီး ဘဏ်လုပ်ငန်းများအပြင် နည်းပညာနဲ့ သက်ဆိုင်တဲ့ လုပ်ငန်း လုပ်ကိုင်နေသူများ အတွက်ပါ အသုံး၀င်နိုင်မှာ ဖြစ်သည််ဟုလည်း သိရှိရပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *