Apps

Androidစနစ်က PCတွေမှာတောင် သုံးကြတော့မယ်

အခု လက်ရှိဈေးကွက်မှာ Androidစနစ်သုံး Laptopတွေ ဈေးကွက်၀င်ရောက်လာတာ တွေ့ရပါတယ်။ ဒါဟာ Windowsစနစ်သုံး PCတွေ အတွက် ထိုးနှက်ချက်တစ်ခု ဖြစ်လာစေနိုင်မလားဆိုတာ စောင့်ကြည့် ပြောဆိုနေကြပါတယ်။ လက်ရှိမှာ Androidစနစ်သုံး Laptopတွေရဲ့ ဈေးနှုန်းက အထူးသက်သာနေတာတွေ့ရပါတယ်။ ဥပမာ ကြည့်မယ်ဆိုရင် ဒေါ်လာ ၄၈၀လောက် သုံးစွဲရုံနဲ့ Androidစနစ်သုံး SlateBook x2 Notebookကို ရရှိနိုင်မှာ ဖြစ်ပြီး သူနဲ့ လုပ်ဆောင်နိုင်စွမ်းချင်းတူညီတဲ့ Windows 8စနစ်သုံး Split x2အတွက်ဆိုရင်တော့ ဒေါ်လာ ၈၀၀ လောက် အကုန်အကျခံရပါလိမ့်မယ်။ ဒီနေ့ Laptopသုံးစွဲသူတွေဟာ ယခင် သုံးစွဲခဲ့တဲ့ Laptopတွေ အစား Nexus 10လို Tabletတွေကိုပဲ အသုံးပြုလာကြပါတယ်။

ဒါဟာ Tabletအနေနဲ့ပဲ ဖြစ်ပါသေးတယ်။ သူတို့မှာ ကန့်သတ်ထားတဲ့ ပမာဏလောက်သာ စွမ်းဆောင်ရည်တွေ ရှိပါတယ်။ ဒါကြောင့်လည်း အခုချိန်မှာ ကုန်ကျစရိတ် သက်သာပြီး အလွယ်သုံးစွဲနိုင်မယ့် Androidစနစ်သုံး ပစ္စည်းတွေ ဈေးကွက်အောင် မြင်လာတာ ဖြစ်ပါတယ်။ ဈေးနှုန်း သက်သာမှုကို လူတိုင်း သဘောကျတယ်ဆိုတာ လက်တွေ့ပြစရာ ရှိပါတယ်။ လက်ရှိ ဈေးကွက်မှာ အောင်မြင်နေတဲ့ Smasungထုတ် Chromebookဟာ ဒေါ်လာ ၂၅၀သာ တန်ကြေးရှိပြီး Amazonရဲ့ ရောင်းအား အကောင်းဆုံး ပစ္စည်းတစ်ခု အဖြစ် ရပ်တည်နေနိုင်တာ ဖြစ်ပါတယ်။ ဒါပေမယ့် Windowsစနစ်သုံး Laptopတွေ အတွက် မျှော်လင့်စရာ တစ်ခု ကျန်နေပါသေးတယ်။ အဲဒါကတော့ Silvermont Chipနည်းပညာ ပေါ်ပေါက် သုံးစွဲလာနိုင်ခြင်း ဖြစ်ပြီးတော့ အဲဒီ Chipသုံး HP Envy x2ဟာ ဒေါ်လာ ၆၀၀ လောက်နဲ့ ရောင်းချနိုင်ခဲ့တာကြောင့် နောက်ပိုင်းမှာ Windowsစနစ်သုံး Laptopတွေ ဈေးနှုန်း လျောကျလာမလားဆိုတာ စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။ ဒါပေမယ့် ဈေးကွက်ကတော့ Androidဘက်ကို ယိုင်နေပြီလို့ပဲ ဆိုရမှာပါ။

author-avatar

About Min Khant

အမည်ရင်းမှာ ခန့်ကျော်ဆွေဖြစ်ပြီး Myanmar ICT ဂျာနယ်တွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Leave a Reply

Your email address will not be published. Required fields are marked *