News

မြန်မာ့အမျိုးသား သတင်းဆု ချီးမြှင့်ပွဲကို ဒုတိယ အကြိမ်မြောက် ကျင်းပပြီးစီးခဲ့

national-prize

မေလ ၃ရက်နေ့ ညနေ ၆နာရီက ရန်ကုန်မြို့၊ မြို့မကျောင်းလမ်းမှာ ရှိသည့် အမျိုးသားကဇာတ်ရုံမှာ ကမ္ဘာ့သတင်း လွတ်လပ်ခွင့်နေ့အဖြစ် ဒုတိယအကြိမ်မြောက် အမျိုးသား သတင်းဆု ချီးမြှင့်ပွဲတွင် ဆုအမျိုးအစား ခြောက်မျိုး ချီးမြှင့်ခဲ့သည််။ အမျိုးသား သတင်းဆုများ ရွေးချယ်ရာတွင် မီဒီယာ ၃၀ကျော်ကမှ ပေးပို့သည့် သတင်း၊ ရုပ်သံသတင်း၊ သတင်းဆောင်းပါး၊ ကာတွန်း၊ အယ်ဒီတာ့ အာဘော်နှင့် သတင်းဓာတ်ပုံများကနေ ဆန်ခါတင် ၁၈ဦးကို ရွေးချယ်ခဲ့ပြီး အဲဒီထဲကမှ အမျိုးသား သတင်းဆု အတွက် ပြန်လည် ရွေးချယ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။ အကောင်းဆုံး အယ်ဒီတာ့ အာဘော်ဆုကို ၂၀၁၂ခုနှစ် ဇန်နဝါရီ ၁၆ရက်နေ့က ထုတ်ဝေတဲ့ The Myanmar Independent News Journalတွင် ဖော်ပြထားသည့် အသွင်မတူမှုနှင့် ပဋိပက္ခ အသွင်ပြောင်းခြင်း ခေါင်းစဉ်နဲ့ ရေးသားခဲ့သူ မသီတာ (စမ်းချောင်း)က ရရှိခဲ့ပြီး၊ ၂၀၁၂ခုနှစ် အကောင်းဆုံး သတင်းဆောင်းပါးဆုမှာ၂၀၁၂ခုနှစ်၊ ဧပြီလ ၂၆ရက်နေ့ထုတ် The Voice Weeklyမှာ ဖော်ပြခဲ့သော မြစ်ဆုံ ပြန်စမည်လောဟု ခေါင်းစဉ်ဖြင့် ရေးသားသူ ဦးကျော်စွာစိုး၊ ဦးအောင်ဘိုဘိုရှိန်တို့က ရရှိခဲ့သည််။

သတင်းအကောင်းဆုံး ဆုကို ၂၀၁၂ခုနှစ်၊ မတ်လ ၁၂ရက်နေ့ထုတ် The Voice Weeklyတွင် ဖော်ပြခဲ့သည့် ဝန်ကြီးဌာန အချို့၏ ကျပ်သိန်းထောင်ချီ အလွဲသုံးစားမှုများ စစ်ဆေးတွေ့ရှိတဲ့ သတင်းမှာ အကောင်းဆုံး သတင်းဆုကို ရရှိခဲ့ပြီး၊ အကောင်းဆုံး သတင်းကာတွန်းဆုကိုလည်း The Voice Weekly အတွဲ ၈၊ အမှတ် ၁၈တွင် ဖော်ပြထားသော ကာတွန်းဖြင့် ကာတွန်းဆရာ ကျော်သူရိန်က ရရှိခဲ့သည််။ အကောင်းဆုံး သတင်းဓာတ်ပုံဆုကို မော်နီတာ သတင်း ဂျာနယ်မှ ဖော်ပြထားခဲ့သော ကယားပြည်နယ် ငြိမ်းချမ်းရေး ဖော်ဆောင်ရေး ဆွေးနွေးပွဲပုံနှင့် ဓာတ်ပုံဆရာ ဇော်မင်းနိုင်မှ ရရှိခဲ့ပြီး၊ သတင်းရုပ်သံဆုကို မီဒီယာ ဖိနှိပ်မှုနှင့် လူငယ် သတင်းစာ ဆရာများ မီဒီယာလွတ်လပ်ခွင့် အရေးဆို ခေါင်းစဉ်ဖြင့် MNTV သတင်းအဖွဲ့မှ အကောင်းဆုံး ရုပ်သံသတင်းဆုကို ရရှိခဲ့ကြောင်း သိရသည်။

Leave a Reply

Your email address will not be published. Required fields are marked *