Opinion

မရှိမဖြစ် ကောင်းကင် အမေ

အမေများနေ့ အမေများနေ့ …လို့ ပြော နေကြတာ၊ ဘယ်လို အမေများနေ့လဲ ပေါ့။ အမေများနေ့ ဆိုပြီး ဘယ်တုန်းက ဖြစ်လာ သလဲပေါ့။ ကိုဘအေးတို့ ငယ်ငယ်တုန်း ကတော့ အဲဒီလို မရှိခဲ့ပါဘူး။ သီတင်း ကျွတ်မှာ အမေ၊ အဖေ၊ အဘိုး၊ အဘွား တွေကို ကန်တော့ကြတာပဲ ရှိပါတယ်။ အခု လူတွေဆိုတာကတော့ နိုင်ငံခြားမှာ ချစ်သူ များနေ့ ဆိုရင်လည်း ဒီမှာ ချစ်သူများနေ့ လိုက်ကြတာပဲ။ အမေများနေ့ ဆိုရင်လည်း အမေများနေ့လိုက်ကြတာပဲ။ ဘာနေ့ ညာ နေ့ အကုန်လုံး လိုက်နေကြတာ။ ဘာပဲပြောပြောလေ။ အမေများနေ့ ဆို တာကတော့ လုပ်သင့်တဲ့ နေ့တစ်နေ့ပေါ့။ ဒါကြောင့် ဒီအမေများနေ့ဆိုတာ ဘယ်လို ဖြစ်လာသလဲလို့ ကိုဘအေး လေ့လာ ကြည့် လိုက်ပါတယ်။

“အမေများနေ့”ကို မြောက်အမေရိကက နိုင်ငံကျော် စာရေးဆရာမ Juhia Ward Howeက ၁၈၇၀ခုနှစ်မှာ စတင် အကောင် အထည် ဖော်ခဲ့တာဖြစ်ပြီး နှစ်စဉ် မေလရဲ့ ဒုတိယပတ် တနင်္ဂနွေနေ့ကို “နိုင်ငံတကာ အမေများနေ့”အဖြစ် သတ်မှတ်ခဲ့တယ်လို့ သိရပါတယ်။ နောက်ပိုင်းမှာ သူမရဲ့ သမီး ဖြစ်သူ Anna M. Jarvisက နိုင်ငံတကာ အမေများနေ့ကို အများက လက်ခံနိုင်စေ ရန်အတွက် ဆက်လက် အကောင်အထည် ဖော်ခဲ့ပြီး အမေများနေ့လို့ ပေါ်ပေါက်လာ ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။

နိုင်ငံတကာမှာတော့ အမေများနေ့ကို ကိုယ့်နည်းကိုယ့်ဟန်နဲ့ သတ်မှတ်ပြီး ကျင်းပ ခဲ့ကြတာ တွေ့ရပါတယ်။ မက္ကဆီကို နိုင်ငံမှာ ဆိုရင် မေလ ၁၀ရက်နေ့၊ တောင်ကိုရီးယား မှာ မေလ ၈ရက်နေ့ ပိုလန်နဲ့ ပါရာဂွေးနိုင်ငံ တို့မှာတော့ မေလအတွင်းမှာပဲ ကျင်းပခဲ့ကြ တယ်လို့ အကြမ်းဖျဉ်း သိရပါတယ်။ မြန်မာ နိုင်ငံမှာ စာရေးဆရာ၊ ဒါရိုက်တာကြီး ဦးသုခက ၁၉၉၅ခုနှစ်မှ စတင်ပြီး နှစ်စဉ် ပြာသို လပြည့်နေ့တိုင်းကို အမေများနေ့ အဖြစ် သတ်မှတ်ကာ ပထမဆုံးအကြိမ် “အမေများနေ့”ကို မန္တလေးမြို့မှာ ပြုလုပ် ခဲ့တယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မေလ ဒုတိယပတ် တနင်္ဂနွေနေ့ကို သတ် မှတ်ပြီးတော့ အမေများနေ့တွေ ကျင်းပ ပြုလုပ် ခဲ့ကြပါတယ်။ ဒီနှစ်အတွက် အမေ များနေ့ကတော့ မေလ ၁၂ရက်နေ့ ဖြစ် ပါတယ်။ ယခင်က မြန်မာနိုင်ငံမှာ အမေများနေ့ကို တွင်တွင်ကျယ်ကျယ် ကျင်းပ ခဲ့ခြင်း မရှိဘဲ အမေများနေ့ရောက် ခါနီး နေ့ရက်များမှာ ရှော့ပင်းစင်တာ များ စူပါ မားကတ်များမှာ အမေများနေ့ ဈေး ရောင်းပွဲ များသာ ကျင်းပလေ့ရှိကြပြီး ယခု နောက်ပိုင်း နှစ်များမှာ “အမေများ နေ့”ကို အမှတ်တရ အခမ်းအနားများဖြင့် ကျင်းပ လာခဲ့တာ ဖြစ်ပါတယ်။

အမေများနေ့ ရောက် ဖို့ တစ်ပတ် အလိုလောက်ကတည်းက ရှော့ ပင်း စင်တာများမှာ အမေများနေ့ အထိမ်း အမှတ် ဈေးရောင်းပွဲတော်များအပြင် မိခင်နဲ့ သားသမီးတို့ စုံတွဲသီချင်းဆို ပြိုင်ပွဲ များ၊ ဓာတ်ပုံပြိုင်ပွဲများ၊ မိခင်မေတ္တာဖွဲ့ ဝတ္ထု တိုပြိုင်ပွဲများ ကျင်းပလာကြပြီး၊ ယခုနောက် ပိုင်းတွင် Onlineမှတစ်ဆင့် မိခင်နှင့် သား သမီးများ တွဲရိုက်ထားသည့် ဓာတ်ပုံပြိုင်ပွဲ များကိုလည်း တွင်တွင် ကျယ်ကျယ် ကျင်းပ လာခဲ့ကြပါတယ်။ ဒီနှစ်မှာလည်း Mother’s Choiceက အမေများနေ့ အထိမ်းအမှတ် အဖြစ် အနန္တဂိုဏ်းဝင် မိခင်ရဲ့ ကျေးဇူး မေတ္တာတရား ကြီးမားပုံကို ညွှန်းဆိုတဲ့ “ကောင်းကင်ထက်က တံတိုင်း” ဝတ္ထုတို ပြိုင်ပွဲလေး ပြုလုပ်ပြီးတော့ မေလ ၁၂ရက် နေ့က ဒေါပုံမြို့နယ်၊ Capital Hypermarket မှာ ဆုချီးမြှင့်ပွဲ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။ ဒီလိုပွဲကို ၂၀၁၀ပြည့်နှစ်က စတင်ကာ နှစ် စဉ် ကျင်းပခဲ့တာ ဖြစ်ပြီး၊ ၂၀၁၂ခုနှစ်က စာမူ ပြိုင်ပွဲကို ဂုဏ်ပြုခြင်းနဲ့ နှင်းဆီကုန်း ဘိုးဘွား ရိပ်သာမှ မိခင်အို ၁၅ဦးအား ဖိတ်ကြား၍ အလှုငွေပေးအပ်ခြင်း၊ ဆံပင်ညှပ်ပေးခြင်းနဲ့ အနုပညာရှင်များက အမေများအား ဂုဏ်ပြု အစီအစဉ်များ၊ ကလေးများရဲ့ ချစ်စရာ အစီ အစဉ်များ၊ အမေများအား ဂုဏ်ပြုဆောင်ပုဒ် အပျော်တမ်း ပြိုင်ပွဲ ဂိမ်းများ၊ Lucky Draw ကံစမ်းမဲများ ဖောက်ပေးခဲ့ပါတယ်။

ယခု ကျင်းပတဲ့ ၂၀၁၃ခုနှစ် အမေများနေ့ကို ဂုဏ် ပြုတဲ့အနေန့ဲ မိခင်ရဲ့ ကျေးဇူးမေတ္တာကို ပေါ်လွင်အောင် ရေးသားနိုင်သော ဆောင်း ပါးနှင့် ကဗျာပြိုင်ပွဲများ ဆက်လက် ကျင်းပ ရန်ရှိပြီး၊ ၂၀၁၄ခုနှစ်၊ အမေများနေ့မှာ ဂုဏ် ပြုဆု ချီးမြှင့်ခြင်းကို ပြုလုပ်သွားမှာ ဖြစ်တယ် လို့ သိရပါတယ်။ Living Mallမှာလည်း Happy Mother’s Dayဆိုပြီး Promotion ပွဲတွေ ပြုလုပ်ခဲ့တာ တွေ့ရပါတယ်။

အမေများနေ့ အထိမ်းအမှတ် လှုပ်ရှားမှု တွေကို အနယ်နယ်အရပ်ရပ်မှာ ကိုယ့်နည်း ကိုယ့်ဟန်နဲ့ ပြုလုပ်ကြတာ တွေ့ရပါတယ်။ တချို့က စုပေါင်း သွေးလှုကြတယ်၊ တချို့ ကလည်း အမေ့ကျေးဇူး ဖော်ကျူးတဲ့ ဟော ပြောပွဲတွေ လုပ်ကြတယ်။ အမေများနေ့ကို ရောက်ရှိလာတဲ့အခါ သားသမီးတွေက အမေ့အတွက် လက်ဆောင်ပစ္စည်းတွေ ဝယ်ပေးတာ၊ ကိုယ်တိုင် ပြုလုပ်ထားတဲ့ Handmade လက်ဆောင်လေးတွေ ပေး တာ၊ အမေနဲ့အတူ ဘုရားသွားတာ၊ အဲဒီနေ့ တစ်နေ့လုံး အမေ့အတွက် အချိန်ပေးပြီး မိသားစုနဲ့ လျှောက်လည်တာ၊ ညစာအတူ စားတာ စတာတွေ လုပ်လာကြပြီး တချို့က လည်း Internetကတစ်ဆင့် Mother’s Dayကတ်တွေကို Printထုတ်ပြီး လက် ဆောင်ပေးတာ ပန်းဆိုင်က ပန်းတွေကို အိမ်တိုင်ရာရောက် ပို့ဆောင်စေပြီးSurprise လုပ်တာတွေ ပြုလုပ်ခဲ့ကြပါတယ်။

အမေရှိတဲ့သူတွေက ဒီလို လုပ်နိုင်ကြ ပေမယ့် အမေမရှိတော့တဲ့ သူတွေကတော့ ကိုယ့်ကို လူ့လောကထဲ ရောက်အောင် မီးရှုး သန့်စင် ဖွားမြင်ပေးခဲ့တဲ့ အမေရဲ့ကျေးဇူးကို သတိရအောက်မေ့ပြီး မိခင်ဖြစ်သူကို ရည်စူး လို့ တန်ဖိုးနည်းတာဖြစ်စေ၊ များတာဖြစ်စေ ကိုယ်တတ်နိုင်သလောက်န့ဲ အလှုဒါန လေး များ ပြုလုပ်ပေးသင့်ပါတယ်။ အမေရှိသော် လည်း အမေနဲ့ ဝေးကွာနေသူတွေက လက် ဆောင်ပစ္စည်းများ မပို့ပေး နိုင်ရင်တောင် ဒီနေ့ခေတ်လို ဆက်သွယ်ရေး နည်းပညာ တွေ တိုးတက်လာချိန်မှာ အီးမေးလ် ပို့လို့ဖြစ် ဖြစ် တယ်လီဖုန်းနဲ့ ဆက်သွယ်လို့ ဖြစ်ဖြစ် အမေရဲ့ မေတ္တာရဲ့ ကျေးဇူးတရားကို သတိ တရနဲ့ ဂုဏ်ပြုစကား ပြောပေးသင့်ပါတယ်။ တကယ်တော့ မိခင်အများစုဟာ သားသမီး တွေဆီက တစ်စုံတစ်ရာ အကျိုးကျေးဇူး မ မျှော်မှန်းပဲ ကျေွးမွေးပြုစု စောင့်ရှောက်ခဲ့ကြ တာပါ။ ကိုးလလွယ် ဆယ်လဖွားတာကနေ ဖဝါးလက်နှစ်လုံး ပခုံး လက်နှစ်သစ် အရွယ် ကစလို့ အသက်အရွယ် ကြီးရင့်သွားတဲ့ တိုင် အောင် သားသမီးတွေ အပေါ်မှာ ထားရှိတဲ့ မိခင်တွေရဲ့ မေတ္တာတရားဟာ တုနှိုင်းမရ အောင် ကြီးမားလှပါတယ်။

ကိုယ်တွေ ဘယ်လောက်ပဲ အသက်ကြီး သွားသွား အမေ့အဖို့မှာတော့ ကလေးလေး တစ်ယောက်လိုပဲ မြင်နေပြီးတော့ ဘယ်သွား သွား ဘာလုပ်လုပ် စိတ်မချနိုင်ကြပါဘူး။ အမေ့ရဲ့ မေတ္တာဟာ သားသမီးအပေါ်မှာ လျော့သွားတယ်လို့ မရှိပါဘူး။ ကိုဘအေး တို့ရဲ့ အတုမရှိ ဗုဒ္ဓမြတ်စွာဘုရား ကိုယ်တော် တိုင်တောင်မှ မိခင်ရဲ့ ကျေးဇူးကို နို့တစ်လုံး ဖိုးပဲ ကျေအောင်ဆပ်နိုင်ခဲ့တယ်လို့ ဆိုစမှတ် ရှိပါတယ်။ အဲဒီတော့ ကိုဘအေးတို့လို လူ သားတွေအဖို့ အမေ့ရဲ့ ကျေးဇူးကို မြူ တစ်မှုန်တောင် ကျေအောင်ဆပ်နိုင်ဖို့ မ လွယ်လှပါဘူး။ ဒါကြောင့် အမေများနေ့ ရောက်မှ အမေ့ကျေးဇူးကို သတိရကြရမှာ မဟုတ်ဘဲ အစဉ်အမြဲ အောက်မေ့နေ၊ သတိ ရနေရမှာ ဖြစ်ပါတယ်။ အမေသက်ရှိ ထင် ရှားရှိတုန်းမှာ အမေ့ကို တတ်နိုင်သလောက် ကျေွးမွေးပြုစုဖို့ အမေစိတ်ချမ်းသာအောင် ထားဖို့ လိုပါတယ်။ အမေမရှိတော့မှ အမေ့ ကို ကျေွးမွေးပြုစုချင်လို့ ဆိုတာ မဖြစ်နိုင် တော့ပါဘူး။ အမေတွေဆိုတာ သူတို့က ခြိုးခြံ ချေွတာပြီး သားသမီးတွေကို ဝလင် အောင် ကျေွးမွေးတတ်တဲ့ သူတွေပါ။ သား သမီးတွေကို ပြုစုစောင့်ရှောက်ရလို့ ပင်ပန်း တယ်ဆိုပြီး ငြီးငြူတတ်ကြတဲ့ သူတွေ မ ဟုတ်ပါဘူး။ သားသမီးတွေ ဘာလုပ်လုပ် ရှေ့ကအမြဲ ရပ်တည် ပေးတတ်သူပါ။ တိရစ္ဆာန်ဖြစ်တဲ့ ကြက်သား အုပ်မကြီးက တောင် သူ့ရဲ့သားသမီးတွေဖြစ်တဲ့ ကြက် ကလေး တွေကို စွန်ရဲတွေ သုတ်ချီမယ့် ရန် ကနေ တတ်နိုင်သလောက် အကာအကွယ် ပေးကြတာတွေ့ဖူးကြမှာပါ။

အရင်တုန်းကတော့ အမေတွေဟာ အဖေ လုပ်တဲ့သူက စီးပွားရှာပြီး အမေ ကတော့ သားသမီးတွေ ထိန်းသိမ်း စောင့် ရှောက်ရတဲ့ တာဝန်ပဲ ယူရပါတယ်။ နောက်ပိုင်းမှာတော့ ပညာတတ်တွေ ပေါ များလာတော့ အမေတွေလည်း အလုပ် ထွက်လုပ်ကြပါတယ်။ ပညာအခြေခံ မရှိတဲ့ သူတွေကလည်း ဈေးရောင်း ဈေးဝယ် စသဖြင့် အမေတွေ အလုပ်လုပ်ကြရပါတယ်။ အခုခတ်မှာ လူတွေဟာ စားဝတ် နေရေး အတွက် တတ်နိုင်သမျှ အလုပ် လုပ်ကြရပါ တယ်။ အမေတွေဟာ အလုပ်လည်း ထွက် လုပ် ကြရတယ်။ အိမ်မှာလည်း မိသားစုရဲ့ ဝတ္တရားကို ကျေပွန်အောင် လုပ်ကြရပြန် တယ်။ ချက်ရေးပြုတ်ရေး၊ လျှော်ရေး ဖွတ် ရေး စသဖြင့်ပေါ့။ ဒီကြားထဲမှာ သားသမီး တွေက အလိုမကျလို့ ငြူစူကြပြန်သေးတယ်။ အမေ့အပေါ် နားလည်မှု မပေးနိုင်ကြဘူး။ အသက်ကြီးလာတော့လည်း လူပိုကြီး တစ် ယောက်လို ဆက်ဆံခံရပြန်တယ်။ ဒါတွေ ဟာ တကယ်တော့ မဖြစ်သင့်ပါ။ အမေ့ရဲ့ ကျေးဇူးကို မဆပ်နိုင်တောင်မှာ အမြဲတမ်း သတိတရရှိနေမယ်ဆိုရင် အမေတွေဟာ တမလွန်ကနေတောင် ကျေနပ်နေမှာပါ။

ငွေကြယ်ပွင့်လေးတွေ လင်းလက် တောက်ပဖို့ အတွက် ကောင်းကင်ကြီး တစ် ခုလည်း မရှိမဖြစ် လိုအပ်သလိုပဲ ကိုဘအေး တို့ရဲ့ လူ့ဘောင်လောကကြီးမှာလည်း သား သမီးတွေ ဖြစ်တဲ့ငွေကြယ်ပွင့်လေးတွေ ရှင်သန် တောက်ပလာဖို့အတွက် မိခင် ကောင်းကင်ကြီး တစ်ခုဟာလည်း မရှိမဖြစ် လိုအပ် နေမှာပါ။ ဒါကြောင့် သားသမီးတွေ အတွက် အမေဟာ မရှိမဖြစ် ကောင်းကင် ကြီးလို့ပဲ တင်စားလိုက်ပါရစေ။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

One thought on “မရှိမဖြစ် ကောင်းကင် အမေ

  1. may thu kyaw says:

    မိဘဆိုတာ သတ်မှတ်တဲ့နေေ၇ာက်မှ လုပ်ပေးတာထက် အမြဲတမ်း
    မိဘတွေကို ဂရုစိုက်ပေးသင့်ပါတယ် ဘေးနားမှာမရှိတော့တာထက်

    ရှိတဲ့လူတွေက ကုသိုလ်ထူးပါတယ် အမြဲဂရုစိုက်ပေးနိုင်ကြပါစေ

Leave a Reply

Your email address will not be published. Required fields are marked *