News

တိုင်းမ်မဂ္ဂဇင်း မျက်နှာဖုံးပါ Buddhistနှင့် Terror အသုံးအနှုန်းကို အွန်လိုင်းတွင် ကန့်ကွက် လက်မှတ်ထိုးသူ ခြောက်သောင်းကျော်ရှိ

July Issue Time Magazine

ယခုနှစ် ဇူလိုင်လထုတ် တိုင်းမ် မဂ္ဂဇင်း မျက်နှာဖုံးပါ Buddhistနှင့် Terror ဆိုသော အသုံးအနှုန်းကို ကန့်ကွက်ရန် အတွက် အွန်လိုင်းသုံးစွဲသူများအား ၄၈နာရီအတွင်း လက်မှတ် ၅၀၀၀၀ ရရှိရန် လက်မှတ်များ ထိုးခြင်း၊ Shareများ ပြုလုပ်ခြင်း တို့ကို Websiteတစ်ခုက ဦးဆောင်ပြီး ဇွန် ၂၃ရက် ညပိုင်းမှ စ၍ လုပ်ဆောင်လျက်ရှိရာ ဇွန် ၂၅ရက်နေ့ ညဥ့်သန်းခေါင်ကျော် ၀၀:၃၀နာရီအထိ Sign ပြုလုပ်သူ အရေအတွက် ၆၄၉၂၄ဦး ရှိကြောင်း သိရသည်။

ယင်း Website လိပ်စာမှာ http://www.org/en/petition/Buddhist -is-not-Terror-Please-Reevaluate-July-Issue-Time-Cover-Story-Title/?copy ဖြစ်ပြီး ယင်း Website၌ တိုင်းမဂ္ဂဇင်းတွင် Buddhistနှင့် Terrorဆိုသည့် စကားလုံး နှစ်ခုကို ယှဉ်တွဲ ဖော်ပြထားခြင်းကြောင့် ဗုဒ္ဓဘာသာဝင်တိုင်း အတွက် အလွန်ဝမ်းနည်းဖွယ် ဖြစ်ကြောင်း၊ ထိုကြောင့် ၄၈နာရီအတွင်း လက်မှတ် ၅၀၀၀၀ ရရှိပါက တိုင်းမ်မဂ္ဂဇင်းအား ယင်းစကားလုံး နှစ်လုံး ယှဉ်တွဲ ဖော်ပြထားမှုအတွက် ရိုးသားစွာ တောင်းဆိုသွားမည် ဖြစ်ကြောင်း ဖော်ပြထားသည်။

Sign ပြုလုပ်လိုသူများသည် ၎င်း Websiteသို့ ဝင်ရောက်ပြီး အမည်၊ အီးမေးလ်၊ တိုင်းပြည်၊ Post Codeများ ဖြည့်စွက်ရမည် ဖြစ်ပြီး Website ပြုလုပ်သူမှာ Sai ThihaZဟု ဖော်ပြထားသည်။ အဆိုပါ Websiteသို့ ဇွန် ၂၃ရက် ညပိုင်းမှ စ၍ မြန်မာနိုင်ငံအတွင်းမှ အွန်လိုင်း သုံးစွဲသူများသာမက အာဆီယံနိုင်ငံများ၊ အာရှနိုင်ငံများနှင့် ကမ္ဘာ့နိုင်ငံ အသီးသီးမှလည်း မဲပေးကြသည်ဟု သိရသည်။

အဆိုပါ The Face of Buddhist Terror ဆောင်းပါး ပါဝင်သော ၂၀၁၃ခုနှစ် ဇူလိုင် ၁ရက်ထုတ် တိုင်းမ်မဂ္ဂဇင်း အတွဲ (၁၈၂) အမှတ် (၁)အား လူမျိုးရေး၊ ဘာသာရေး အဓိကရုဏ်းများ ထပ်မံ မဖြစ်ပွားစေရေးအတွက် ကာကွယ်နိုင်ရန် ပြည်ထဲရေး ဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီး ဥက္ကဋ္ဌအဖြစ် ပါဝင်သော အရေးပေါ်ကာလ စီမံခန့်ခွဲရေး ဗဟိုကော်မတီက ထုတ်ဝေဖြန့်ချိခွင့် ပိတ်ပင်လိုက်ပြီး ယင်းဆောင်းပါးအား ပြည်ထောင်စု သမ္မတ မြန်မာနိုင်ငံတော်အတွင်း မူရင်း စာစောင်အတိုင်းဖြစ်စေ၊ မိတ္တူ ပွား၍ ဖြစ်စေ ထုတ်လုပ်ခြင်း၊ ရောင်းချခြင်း၊ ဖြန့်ချိခြင်း၊ လက်ဝယ်ထားရှိခြင်း၊ မပြုလုပ်ရန် ကြေညာချက် ထုတ်ပြန်ခဲ့သည်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *