Review

Wireless Outdoor Devices နဲ့ Wi-Fi ဘယ်လိုလွှင့်ကြမလဲ (အပိုင်း 2)

Wireless Outdoor Devices နဲ့ Wi-Fi ဘယ်လိုလွှင့်ကြမလဲ (အပိုင်း 1) မှ အဆက်

Built-in ပါတဲ့ Semi-Directional Antenna က ပိုတောင် Signal ကို ဝေးဝေးလွှင့်နိုင်ပါသေးတယ်။ Omni Antenna က Signal ကို ဘေးပတ်လည် လွှင့်တယ်ဆိုတော့ Signal အားတစ်ခုကို ဘေးပတ်လည် မျှပြီး လွှင့်တယ်။ ဒါကြောင့် Signal က ဝေးဝေးမသွားနိုင်တော့ပါဘူး။ ဘာနဲ့ တူလဲဆိုတော့ မီးလုံးနဲတူပါတယ်။ Directional Antenna က လက်နှိပ်ဓါတ်မီးနဲ့ တူပါတယ်။ သူက တဖက်တည်းကိုဘဲ Signal အားတစ်ခုကို လွှင့်တော့ ဝေးဝေးပို ရောက်ပါတယ်။

wifi

Wireless Router ရဲ့ Range က Antenna ကြီးရင်ကြီးသလောက် ဝေးဝေးသွားနိုင်ပါတယ်။ ဒါကြောင့် Wireless Router တွေမှာ Built-in ပါတဲ့ Antenna တွေကို ဖြုတ်ပြီး Antenna ပိုကြီးတာနဲ့ လဲကြတယ်။ Antenna အကြီးအသေးကို dbi နဲ့တိုင်းတာတယ်။ dbi များလာရင် (Antenna ပိုကြီးလာရင်) Signal Range က ပို ဝေးဝေးသွားနိုင်တယ်။ Wireless Router တစ်ခုကို 3 dbi Antenna (Built-in) တပ်ထားပြီး Signal က 40 Meter သွားတယ်ဆိုပါတော့။  ထို Built-in 3dbi Antenna ကို 7 dbi Antenna နဲ့ လဲတပ်လိုက်မယ်ဆိုရင် Signal က 70 Meter  လောက်ရောက်သွားနိုင်တယ်။

Wireless နည်းပညာမှာ Signal ဘယ်လောက်ထိရောက်နိုင်တယ်ဆိုတာ Transmit Device ကြီးပေါ်မှာဘဲ မူတည်တာ မဟုတ်ပါဘူး။ Receive Device ပေါ်မှာလည်းမူတည်တာပါ။ TP Link Outdoor Unit ရဲ့ Specification ပေါ်မှာ ရေးထားတာကို တွေ့ဖူးကြလားမသိဘူး။ 10 km ထိ Signal ရောက်တယ်ဆိုပြီး။ ရောက်တယ်ဆိုတာက ပြန်ဖမ်းတဲ့ Device က TP Link Outdoor Unit (Built-in 12 dbi) နဲ့ ဖမ်းတဲ့အခါကို ပြောတာပါ။ တဖက်က TP Link Outdoor Unit နဲ့ လွှင့်တယ်။ ပြန်ဖမ်းတော့ Wireless Laptop (1.5) dbi နဲ့ ပြန်ဖမ်းမယ်ဆိုရင်တော့ 300 m လောက်ပဲရနိုင်ပါတယ်။ ဥပမာ ပြောတာပါ။ ပြောချင်တာက ပြန်ဖမ်းမယ့် Device ပါ အရေးကြီးတယ်ဆိုတာကိုပါ။

wireless-range

အပေါ်ပုံက ဘာကို ပြလဲဆိုရင် Receive Device ရဲ့ Antenna dbi ပေါ်မှာ မူတည်ပြီး Signal ရောက်နိုင်တဲ့ အကွာအဝေး ကွာသွားပုံကို ပြထားတာပါ။ လွှင့်တဲ့ Device ကတော့ တစ်ခုတည်း။ ပြန်ဖမ်းတဲ့ Device ပေါ်မူတည်ပြီး အကွာအဝေးကွာသွားတာပါ။ Wireless Phone နဲ့ Wireless Router ကို 10m လောက်ထိဘဲ အများဆုံး ရပါတယ်။

Wireless Phone ထက် dbi ပိုများတဲ့ laptop ဆိုရင် 15 Meter အထိ Singal ဖမ်းနိုင်ပါတယ်။ Laptop ရဲ့ Built-in Wireless Antenna ထက် dbi ပိုများတဲ့ External Antenna ကို Laptop ရဲ့ USB Port မှာ ချိတ်သုံးမယ်ဆိုရင်တော့ နောက်ထက် 15 Meter ပိုသွားပါလိမ့်မယ်။ ထို့ထက် dbi ပိုများတဲ့ Wireless Router အချင်းချင်း Bridge ချိတ်ပြီးသုံးမယ် (ဒါမှမဟုတ်) Repeater Mode အနေနဲ့ သုံးမယ်ဆိုရင်တော့ မီတာ 50 အကွာအဝေးထိ သုံးနိုင်သွားမှာဖြစ်ပါတယ်။

 Signal ကို ဝေးဝေးရောက်ချင်ရင်။

Wireless Device တစ်ခုမှာ Signal ကို ဝေးဝေး ပို့ချင်တယ်ဆိုရင် Antenna ကို dbi များများနဲ့ ပြောင်းတပ်သင့်ပါတယ်။ တချို့ Wireless device မှာ Transmit Power ကို ရွေးလို့ရတဲ့ Setting ပါလာပါတယ်။ Transmit Power ကို Mill Watt နဲ့ တိုင်းတာပါတယ်။ Transmit Power တနည်းအားဖြင့် Mill Watt များရင် များသလို Signal ပိုဝေးဝေးရောက်ပါတယ်။ Wireless Device တွေမှာ ဘယ်လောက် Transmit Power နဲ့ Signal ကို လွှင့်တယ်ဆိုတာ Specification မှာ ပါလာတက်ပါတယ်။

Wireless Router, Wireless Access Point တွေ သုံးတဲ့ Frequency က Unlicensed Band ပါ။ တနည်းအားဖြင့် Free ပေါ့။ Wireless လွှင့်ရင် သုံးတဲ့ Frequency ကို ဆက်သွယ်ရေးမှာ သွား၀ယ်စရာမလိုဘူး။ ကျွန်တော်ခုနပြောသလိုပဲ Device ရဲ့ Transmit Power ကများရင်များသလောက် Signal က ပိုဝေးဝေးရောက်တယ်။ မေးစရာ ရှိတယ်။ ဒါဆို အများကြီးထားပေါ့လို့။ ဒါပေမယ့် သူတို့ သုံးတဲ့ Frequency က Free ဆိုတော့ တခြား သူတွေလည်း သုံးဦးမှာလေ။ တခြား သုံးတဲ့ သူတွေ အနှောင့်အယှက်မဖြစ်အောင် singal ကို ဝေးဝေးမရောက်အောင် လုပ်ရမယ်။ ဒါကြောင့်Transmit Power ကို 1 W ထက်ကျော်မသုံးရဆိုပြီး သတ်မှတ်ထားလို့ပါ။

outdoor

Outdoor Unit ကို Built-in Antenna မသုံးဘဲ External Antenna တပ်သုံးမယ်ဆိုရင် Outdoor Unit နဲ့ External Antenna ချိတ်တဲ့ RF Cable ကို တိုတိုဘဲထားသင့်ပါတယ်။ ရှည်ရင် ကြိုးမှာ Signal Loss ဖြစ်ပြီး Signal Range ကျသွားပါတယ်။

အပေါ်မှာ ကျွန်တော်ပြောတာထက် signal ကို ထပ်ချဲ့ချင်တယ်ဆိုရင်တော့ ကြားမှာ Wireless device ကို Repeater အနေနဲ့သုံးပြီး signal ကို ထပ်ချဲ့နိုင်ပါတယ်။ ပြီးတော့ ပြန်လက်ခံတဲ့ဘက်မှာလည်း dbi များများနဲ့ ပြန်ဖမ်းလိုက်ရင် အဝေးဆုံးကနေ ဖမ်းနိုင်ပြီပေါ့။

author-avatar

About Kyaw San Tun

ကျော်ဆန်းထွန်းမှာ Myanmar ICTတွင် နည်းပညာဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *