How-to

သင့်ရဲ့ Personal Data တွေကို Internetကနေ ဖျက်နည်းများ

Facebook, Google  စတဲ့ အကောင့်တွေ သင့်မှာရှိလား?

အဲဒီအကောင့်တွေမှာသင့်ရဲ့ Personal Data တွေလည်း အတူရှိနေပြီး တစ်ခြားသူတွေက သိရှိနေပါတယ်။ သင့်အကောင့်တွေကို အသုံးမပြုတော့ဘူးဆိုရင် အဲဒီအကောင့်တွေကို Delete လုပ်ဖို့ အရေးကြီးပါတယ်။ ဒီဆောင်းပါးမှာ Popular Sites တွေက သင့်ရဲ့ Accoutns, Personal Data တွေကို Delete လုပ်နည်းတွေကို ရေးမှာပါ။

Facebook
Facebookက Popular အဖြစ်ဆုံး Social Network တစ်ခု ဖြစ်ပါတယ်။ Facebook အသုံးပြုသူတွေက Personal Information တွေကို Facebookမှာ Share လုပ်ကြပါတယ်။ Facebook အသုံးမပြုတော့ရင် သင့် ဒေတာတွေနဲ့ အကောင့်ကို Deleteလုပ်ဖို့ အောက်ကနည်းကို သုံးပါ။
တစ်ခုမှတ်ထားရမှာက Group Messages တွေ၊ တစ်ခြားသူတွေနဲ ့  ပူးပေါင်းပြုလုပ်ထားတဲ့ ဒေတာတွေကတော့ မပျက်ဆီးဘဲရှိနေမှာပါ။ ကျန်တာတွေ အားလုံးကိုတော့ ဖျက်ဆီး ပေးပါလိမ့်မယ်။

Facebook  အကောင့်ကို Deleteလုပ်ဖို့ အတွက်
1.    ဒီလင့်  ကိုသွားပါ။
2.    “Delete My Account” ကိုနှိပ်ပါ။


3.    Passwordနဲ့ Security Code ကိုဖြည့်ပေးပါ။


4.    ဒါဆိုရင် သင့် Facebook အကောင့်ကို Delete လုပ်ပေးပါလိမ့်မယ်။

တစ်ခု မှတ်ထားရမှာက (၁၄) ရက် ကြာမှ သင့်အကောင့်ကို Delete လုပ်ပေးမှာဖြစ်ပါတယ်။(၁၄) ရက်အတွင်းမှာ သင်စိတ်ပြောင်းပြီး သင့်အကောင့်ကို ပြန်အသုံးပြုချင်ရင် Delete လုပ်ထားတာကို Cancel လုပ်နိုင်ပါတယ်။

Google
Googleကတော့ Servicesတွေ အများကြီးရှိပါတယ်။ အဲဒီ Service တွေ အားလုံးက သင့် Personal Data တွေကို Deleteလုပ်ဖို့ Googleက အဆင်ပြေအောင် လုပ်ပေးထားပါတယ်။ သင့် Gmailက Email Message တွေ၊ Google  Driveက Documents တွေ၊ Contacts တွေ၊ Calendar စတာတွေကိုပါ ဖျက်မှာကိုတော့ သတိပြုပါ။ Google + Profileကတော့ သီးခြားဖျက်မှ ရမှာပါ။

Google  အကောင့်ကို ဖျက်ဖို့ အတွက်
1.    ဒီလင့် ကိုသွားပါ။
2.    Accountအောက်က      “Close Account and Delete All Services and Information Associated with It” ဆိုတဲ့လင့်ကို  နှိပ်ပါ။


3.    Options အားလုံးကို အမှန်ခြစ်ပေးပါ။ Password ဖြည့်ပေးပြီး “Delete Google Account”ကို နှိပ်ပါ။


4.    ဒါဆိုရင် သင့် Google Account နဲ့ ဒေတာတွေကို   ချက်ချင်း ဖျက်ဆီးပေးပါလိမ့်မယ်။ စိတ်ပြောင်းသွားပြီး သင့်အကောင့်ကို ပြန်အသုံးပြုလို့ ရမှာ မဟုတ်တာကိုတော့ သတိပြုပါ။

Yahoo
Yahooကလည်း နာမည်ကြီး Network တစ်ခုဖြစ်ပါတယ်။ Yahoo အကောင့်ကို Delete လုပ်ဖို့ အတွက်
1.    ဒီလင့် ကိုသွားပါ။
2.    Password, Security Code ဖြည့်ပေးပြီး “Terminate This Account”ကို နှိပ်ပါ။


3.    ဒါဆိုရင်  သင့်အကောင့်ကို Disable လုပ်ပေးမှာဖြစ်ပါတယ်။ဒေတာတွေကိုတော့ ရက် (၉၀) ကြာမှဖျက်ပေးမှာပါ။

Twitter
Twitterအကောင့်ကို ဖျက်ဖို့အတွက်
1.    ဒီလင့်  ကိုသွားပါ။
2.    Deactivate Buttonကို နှိပ်ပါ။


3.    Password ဖြည့်ပေးပြီး “Deactivate’ Buttonကို ထပ်နှိပ်ပါ။


4.    ဒါဆိုရင်သင့်အကောင့်ကို Disable လုပ်ပေးမှာဖြစ်ပါတယ်။ ဒေတာတွေကိုတော့ ရက် (၃၀)ကြာရင် ဖျက်ပေးပါလိမ့်မယ်။

Microsoft
Microsoft အကောင့်ကတော့ နှစ်ခု ရှိပါတယ်။ Office 365 Accountကို ဖျက်ဖို့ အတွက် Office.com account settingsကို သွားပြီး ဖျက်နိုင်ပါတယ်။ ဒုတိယအကောင့်ကတော့ Microsoft IDဖြစ်ပြီး အရင်က Windows Live, Hotmail စသဖြင် ့ခေါ်ဆိုကြပါတယ်။
Microsoft အကောင့်ကို ဖျက်ရင် Outlook Email, SkyDrive Data, Xbox Live  တွေကိုပါ ဖျက်ပစ်မှာပါ။ Microsoft အကောင့်ကို ဖျက်ဖို့အတွက်
1.    ဒီလင့် ကိုသွားပါ။
2.    Password ဖြည့်ပေးပြီး Nextနှိပ်ပါ။


3.    “Deactivate Hotmail Account”ကိုနှိပ်ပါ။


4.    အကြောင်းပြချက်တစ်ခု ရွေးပေးပြီး “Deactivate account’’ကို နှိပ်ပါ။


5.    ဒါဆိုရင် သင့်အကောင့်နဲ့ Settingsတွေကို Delete လုပ်ပေးမှာ ဖြစ်ပါတယ်။ Microsoft IDကတော့ တစ်နှစ်အကြာအထိ တည်ရှိိနေအုံးမှာပါ။

တစ်ခြားအကောင့်တွေကို ဖျက်ဖို့
အပေါ်မှာ ပြောခဲ့တဲ့ အကောင့်တွေ မဟုတ်တဲ့ တစ်ခြား Web Servicesတွေကို ဖျက်ဖို့ အတွက် Justdelete.me  ၀က်ဆိုက်ကို အသုံးပြုနိုင်ပါတယ်။ အဲဒီဆိုက်က သင့်ဒေတာတွေကို Internet Services တွေက ဖျက်ဖို့ အတွက် သတင်းအချက်အလက်တွေ ပေးနိုင်ပါတယ်။
အပေါ်က နည်းတွေကို အသုံးပြုပြီးတော့ သင့် ရဲ့ Personal Dataတွေကို Internetကနေ Delete လုပ်နိုင်ပါပြီ။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *