News

ရွေပါရမီကျန်းမာရေးဖောင်ဒေးရှင်း ပုဂံမြို့၌ အခမဲ့ဆေးကုသပေးမည်

မန္တလေးတိုင်းဒေသကြီး ကျန်းမာရေးဦးစီးဌာနနှင့် ရွေပါရမီ ကျန်းမာရေးဖောင်ဒေးရှင်းတို့ ပူးပေါင်းကာ ကျန်းမာရေး အခမဲ့စောင့်ရှောက်မှုပေးခြင်းကို ပုဂံမြို့၊ ယွန်းပညာရေးကောလိပ်၌ အောက်တိုဘာ ၄ရက်မှ ၆ရက်အထိ နေ့စဉ် နံနက် ၇နာရီမှ ညနေ ၅နာရီအထိ ပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။ ကျန်းမာရေး အခမဲ့စောင့်ရှောက််မှုကို လူမျိုးမရွေး ဘာသာမရွေး ကုသပေးသွားမည်ဖြစ်ပြီး ရောဂါအမျိုးအစားအားဖြင့် အထွေထွေရောဂါ၊ မျက်စိ၊ နား၊ နှာခေါင်း၊ လည်ချောင်း၊ အရေပြား၊ သွား၊ ကလေး၊ သားဖွားမီးယပ်၊ အရိုးအကြောစသည့် ရောဂါများကို ကုသပေးသွားမည်ဟု ဆိုသည်။ ယင်းသို့ ကုသရာတွင် ကျန်းမာရေး၀န်ကြီးဌာန၏ ဦးဆောင်မှုဖြင့် ယခင်ကျန်းမာရေး စောင့်ရှောက်မှု ခရီးစဉ်များတွင် လိုက်ပါဆောင်ရွက်နေသော ပုဂ္ဂိုလ်များ အထွေထွေရောဂါကု ဆရာ၀န်ကြီးများ၊ အထူးကုဆရာ၀န်ကြီးများက ကုသပေးသွားမည်ဖြစ်ပြီး ညောင်ဦးဆေးရုံ၊ မန္တလေးဆေးရုံတို့မှ ဆရာ၀န်အဖွဲ့များလည်း ပါ၀င်ဆောင်ရွက်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။

“ဆေးကုရုံတင်မကပဲ လိုအပ်ရင် ခွဲစိတ်ပေးမယ်။ လိုအပ်ရင် ရန်ကုန်၊ မန္တလေးအထိခေါ်ပြီး ခွဲစိတ် ပေးသွားမှာပါ”ဟု ရွေှပါရမီဖောင်ဒေးရှင်း အတွင်းရေးမှူးဦးသိန်းထိုက်ဦးက ပြောကြားသည်။ ရွေှပါရမီ ဖောင်ဒေးရှင်းမှ ကုသမည့်လူဦးရေကို တစ်နေ့လျှင် ၁၅၀၀နှင့် ၂၀၀၀အကြား ကုသပေးရန် ခန့်မှန်းထားသော်လည်း ခရီးစဉ်တွင် ကျန်ခဲ့သော လူနာများအတွက် လမ်းစရိတ် ထောက်ပံ့ပေးပြီး ဆေးရုံသို့ ခေါ်ဆောင်က အခမဲ့ကုသပေးသွားမည်ဟု ဆိုသည်။ ရွေပါရမီကျန်းမာရေးဖောင်ဒေးရှင်းမှ ပြည်နယ်နှင့် တိုင်းဒေသကြီးအသီးသီးသို့ လှည့်လည်ကာ ကျန်းမာရေးစောင့်ရှောက်မှုများ ပေးလျက်ရှိရာ ယခုအကြိမ်မှာ (၁၉)ကြိမ်မြောက်ဖြစ်ပြီး (၁၈)ကြိမ်အထိ လူနာစုစုပေါင်း တစ်သိန်းငါးထောင်ကျော် ကုသပေးခဲ့ပြီးဖြစ်သည်ဟု သိရပါသည်။

author-avatar

About TZO

အမည်ရင်း ဦးသန်းဌေး ဖြစ်ပြီး Myanmar ICT Newsတွင် စီနီယာ အယ်ဒီတာအဖြစ် ဆောင်ရွက်နေသူ ဖြစ်သည်။ ၁၉၇၂ခုနှစ်တွင် မြန်မာစာ အဓိကဖြင့် ပုသိမ် ဒီကရီကောလိပ်မှ ဘွဲ့ရရှိခဲ့ပြီး ၁၉၈၀ခုနှစ်တွင် အထက်တန်း ရှေ့နေ စာမေးပွဲကို အောင်မြင်ခဲ့သူလည်း ဖြစ်သည်။ ၁၉၇၃ခုနှစ်မှ ၂၀၁၁ခုနှစ်အတွင်း နိုင်ငံတော် ကောင်စီရုံး၊ ပြည်ထဲရေး ၀န်ကြီးဌာနတို့တွင် တာ၀န်ထမ်းဆောင်ခဲ့ပြီး ဦးစီးအရာရှိ အဖြစ်မှ အငြိမ်းစား ယူခဲ့သည်။ ကိုဘအေး ဆောင်းပါးများဖြင့် စာပေးလောကသို့ ၀င်ရောက်ခဲ့ပြီး Myanmar ICT Newsတွင် ပြည်တွင်း၊ ပြည်ပ သတင်းများ ရေးသားလျက်ရှိပါသည်။

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *