News

Qualcomm Toq Smartwatch ဒီဇင်ဘာလ (၂) ရက်နေ့ မှာရောင်းမည်

စက်တင်ဘာလ တုန်း က San Diego မှာ ကျင်းပတဲ့ ပွဲမှာပြသခဲ့တဲ့ Qualcomm ရဲ့ Toq Smartwatch ကို ဒီဇင်ဘာလ (၂) ရက်နေ့မှာရောင်းချမယ်လို့ Company က တရား၀င်ကြေညာပါတယ်။ ဒေါ်လာ ၃၄၉.၉၉ သတ်မှတ်ထားလို့ ဈေးသက်သာတယ်လို့ပြောလို့မရပါဘူး။

တစ်ခြား စမတ်နာရီ တွေလိုပဲ Toq ကို Android Phone တွေနဲ့ ချိတ်ဆက်လို့ရမှာဖြစ်ပြီး Android Phone က သတင်းအချက်အလက်တွေကို စမတ်နာရီ က နေသိနိုင်မှာပါ။ Qualcomm က နာရီ မျက်နှာပြင် ကို အမြဲ ကြည့်လို့ရတဲ့ Mirasol နည်းပညာကိုအသုံးပြုထားပါတယ်။ Wireless Charging ပြုလုပ်နိုင်တဲ့အတွက် ဘက်ထရီ ကုန်မှာ ကိုစိတ်ပူစရာမလိုပါ။ စမ်းသပ်ချက်အရ တစ်ခါအားသွင်းထားရင် သုံးရက်အသုံးခံပါတယ်။

Toq စမတ်နာရီမှာ Android OS မဟုတ်ဘဲ Qualcomm ရဲ့ ကိုယ်ပိုင် OS ကိုအသုံးပြုထားတဲ့အတွက် Apps တွေလိုအပ်နေတာတွေ့ရပါတယ်။ အနာဂတ်မှာတော့ ပိုကောင်းတဲ့ နာရီတွေကိုပြုလုပ်ပေးသွားမယ်လို့ Qualcomm ကပြောကြားပါတယ်။

Qualcomm ရဲ့ Toq Smartwatch ကို စောစောစီးစီး ၀ယ်ယူအသုံးပြုချင်တယ်ဆိုရင်တော့ ဒီဇင်ဘာလ မှာ ၀ယ်ယူနိုင်ပါတော့မယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *