News

Huawei Ascend P6S ကို ရှစ်လုံးထိုး Processor ဖြင့် အဆင့်မြှင့်တင်မည်

Huawei ဟာ Ascend P6 ဖုန်းတွေထဲမှာ အပါးလွှာဆုံးဖြစ်တဲ့ Ascend P6S ကို ထုတ်ဖော်ပြသခဲ့ပြီးပါပြီ။ January လရောက်ရင် Android 4.4 KitKat ကို Update ရအောင်လုပ်ပေးမယ်လို့လည်း ကြေညာလိုက်ပါတယ်။ ဒီထက်ပိုပြီးထူးခြားတာက Ascend P6S ကို Octa-Core Processors တပ်ဆင်အသုံးပြုမယ်လို့ Huawei ရဲ့ ဥက္ကဌ ကကြေညာလိုက်တာဖြစ်ပါတယ်။

Huawei Ascend P6S ဟာ MediaTek MT6592 Octa-Core ကို အဆင့်မြှင့်တင်ပြီးထုတ်လုပ်မှာဖြစ်ပြီး ကမ္ဘာ့ပထမဆုံး အစစ်အမှန် Octa-Core ဖုန်း ဖြစ်ပါတယ်လို့ Company က ပြောကြားပါတယ်။ Processor ရှစ်လုံးတပ် ဖုန်း ဟာ စွမ်းဆောင်ရည်မြင့်မားပြီး ဘက်ထရီ အသုံးပြုမှုနည်းပါးတယ်လို့ပြောပါတယ်။

Huawei Ascend P6S မှာလက်ရှိအသုံးပြုနေတဲ့ 1.5GHz quad-core Hi-Silicon K3V2E နဲ့ နှိုင်းယှဉ်ရင်တော့ စွမ်းဆောင်ရည်လွန်စွာကောင်းမွန်လာမှာဖြစ်ပါတယ်။

Processor ကိုပဲအဆင့်မြှင့်တင်ပြီး တစ်ခြား Specifications တွေကတော့ အခုလက်ရှိ Ascend P6S အတိုင်းပဲထုတ်လုပ်မယ်လို့ ယူဆရပြီး ၄.၇ လက်မ 720x1280p Resolution ပါရှိတဲ့ Display ကိုတပ်ဆင်ထားမှာဖြစ်ပါတယ်။ တစ်လက်မ ကို Pixel သိပ်သည်းဆ 312 ရှိမှာဖြစ်ပြီး RAM 2GB , 8 Megapixel Camera တို့တပ်ဆင်ထားမှာပါ။ 2000mAh Battery ကိုအသုံးပြုထားမှာဖြစ်ပြီး အထူက 6.18mm ပဲရှိတဲ့အတွက် အလွန်ပါးလွှာမှာဖြစ်ပါတယ်။

author-avatar

About Thu Ya

University Of Computer Studies ရန်ကုန် ကနေ Bachelor Of Computer Science နဲ့ဘွဲ့ရထားပါတယ်။ နည်းပညာ ဝက်ဆိုက်၊ ဘလော့တွေကသတင်းတွေ ၊ဆောင်းပါးတွေကို ဖတ်ရှု လေ့လာရတာ ကို နှစ်သက်သူတစ်ယောက်ဖြစ်ပါသည်။ သတင်း၊ ဆောင်းပါးတွေကို ဘာသာပြန် ရေးသားပြီး ပြန်လည်မျှဝေရတာကို ဝါသနာပါသူ တစ်ယောက် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *