Gaming

Girl Fight

ဂိမ်းခွေအသစ်တွေ တောက်လျှောက်ထွက်နေတဲ့ အချိန်မှာ ဂိမ်းခွေအသစ် တစ်ခွေနဲ့ မိတ်ဆက်ပေးချင်ပါတယ်။ ဂိမ်းကတော့ Fightingဂိမ်းပါဘဲ။ ဒါပေမဲ့ Fightingဆိုပေမဲ့ ယောကျာ်းလေးတွေ ဖိုက်ကြတဲ့ ဂိမ်းမျိုးတော့ မဟုတ်ဘူး ဒီဂိမ်းထဲမှာ ပါတဲ့သူတွေက မိန်းခလေးတွေချည်းဘဲ။ သူတို့အချင်းချင်း ဖိုက်ကြတဲ့ မိန်းမ ဖိုက်တာဂိမ်းမျိုး ဖြစ်ပါတယ်။ ဂိမ်းရဲ့ ပုံစံက ဖိုက်မယ်၊ အသေသတ်မယ် ဒီလောက်ဘဲဆိုပေမဲ့ အားနွဲ့တဲ့ မိန်းခလေးတွေလို မဟုတ်ဘဲ ခပ်ကြမ်းကြမ်း ဖိုက်ရမဲ့ ဂိမ်းမျိုး ဖြစ်ပါတယ်။ ၂၀၁၃ ခုနှစ်ထဲမှာ ထွက်မယ်လို့ ကြော်ငြာထားပါတယ်။ ဂိမ်းရဲ့ Developer Kung Fu Factoryက ဒီဇိုင်းဆွဲထားတဲ့ ဂိမ်းထဲက ကောင်မလေးတွေက လန်းပေးမဲ့ ဖိုက်တဲ့ နေရာမှာတော့ အကြမ်းဆုံးတွေပါဘဲ။ ဒီဂိမ်းကို တာ၀န်ယူ ထုတ်မဲ့သူက Majesco ဂိမ်း company ဖြစ်ပါတယ်။ Sexy girl တွေရဲ့ ခပ်ကြမ်းကြမ်း တိုက်ကွက်တွေနဲ့ တစ်ခြား ကောင်မလေးတွေကို ဖိုက်မှ အနိုင်ရနိုင်မှာ ဖြစ်ပါတယ်။

Fighting ဂိမ်းဆိုတော့ Xbox 360, PS3 Plat Formတွေပေါ်မှ ဆော့ရတာ အဆင်ပြေမှာ ဖြစ်တဲ့အတွက် ဒီ Plat Formတွေ အတွက်ပဲ ထွက်မှာ ဖြစ်ပါတယ်။ ဂိမ်းထဲမှာ မြင်တွေ့ရမဲ့ ဂိမ်းဇာတ်ကောင်တွေရဲ့ လှုပ်ရှားမှုတွေကို အပြင်က မိန်းခလေးတွေရဲ့ ပုံစံတွေကိုသာ ယူပေးထားပြီး ပါဝါတွေ တပ်ထားပေးထားတယ်။ Smack Down ဂိမ်းတို့၊ Street Fighter တိုက်ခိုက်ရတဲ့ ဂိမ်းမျိုး ဖြစ်ပါတယ်။ ရုပ်ထွက်တွေလဲ ပြောစရာမရှိသလို အသံပိုင်း၊ ဂိမ်းပုံစံတွေလဲ ပြောစရာမရှိအောင် အဆင်ပြေပါတယ်။ ဂိမ်းထဲက ကောင်မလေးတွေရဲ့ တိုက်ခိုက်မှုပုံစံတွေကြောင့်ရယ်၊ တစ်ခြား Fighting ဂိမ်းတွေလို လူဆိုးကြီးတွေ လူသန်ကြီးကို တိုက်ခိုက်ရမဲ့ ပုံစံမျိုး မဟုတ်တာတွေကြောင့် ဆော့လို့ကောင်းမဲ့ ဂိမ်းမျိုးဖြစ်နေတာ သေချာတဲ့ အတွက် တကယ်ထွက်လာမှဘဲ ဘယ်လိုဂိမ်းမျိုးလဲ ဆိုတာ စမ်းကြည့်ကြပါလို့ပဲ ပြောချင်ပါတယ်။

author-avatar

About Yahtar

အမည်ရင်းမှာ အောင်သက်ပိုင်ဖြစ်ပြီး Myanmar ICTတွင် Game Review, How To များကို ရေးသားလျက်ရှိပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *