Mobile

အကောင်းဆုံးဆိုတဲ့ အန်းဒရွိုက်ဖုန်း ၅လုံး

Mashableသတင်းဋ္ဌာနရဲ့ စုစည်းချက်အရ အကောင်းဆုံးဆိုတဲ့ အန်းဒရွိုက်ဖုန်း ၅လုံးကို မြန်မာအိုင်စီတီ ပရိသတ်ကြီး လေ့လာနိုင်စေရန်အတွက် တင်ဆက်ပေးလိုက်ပါတယ်။ လက်ရှိမှာတော့ Googleရဲ့ Android OSဟာ စမတ်ဖုန်းတွေရဲ့ အသုံးအများဆုံး OSဖြစ်ပြီး Appleရဲ့ iOSကတော့ ဒုတိယနေရာမှာ ရှိနေပါတယ်။ အန်းဒရွိုက်ဖုန်းတွေ အများကြီးရှိတဲ့အထဲက ဒီလိုမျိုး အကောင်းဆုံးလို့ သတ်မှတ်နိုင်တဲ့ ဖုန်းတွေကို ရွေးချယ်ဖို့ အချိန်အများကြီးယူကာ လေ့လာစမ်းသပ်ခဲ့တယ်လို့လည်း သိရှိရပါတယ်။

၁။ နံပါတ်တစ်ကတော့ HTCက မကြာသေးခင်ကမှ ထုတ်လုပ်လိုက်တဲ့ နာမည်ကြီး HTC Oneဖြစ်ပါတယ်။ မျက်နှာပြင်အကျယ် ၄.၇လက်မနဲ့ Defaultပါ၀င်တဲ့ Flipboard-esque HomePageတို့နဲ့ အတူ ချောမွတ်တောက်ပြောင်ကာ သပ်ရပ်လှပတဲ့ အလူမီနီယံ ကိုယ်ထည်ဟာ အဆိုပါ စမတ်ဖုန်းကို အန်းဒရွိုက် နံပါတ်တစ်နေရာ ပို့ဆောင်ပေးလိုက်တာပဲ ဖြစ်ပါတယ်။

၂။ နောက်တစ်ခုကတော့ LGရဲ့ G2စမတ်ဖုန်းပါ။ မျက်နှာပြင်ကတော့ ၅.၂လက်မနဲ့ ကျယ်ကျယ်ပြန့်ပြန့် အသုံးပြုနိုင်ပြီး Snapdragon 800 Processorတပ်ဆင် ထားတဲ့ မြန်နှုန်းမြင့် စမတ်ဖုန်းဖြစ်တဲ့အပြင် Hi-Fiအသံစနစ်၊ full HDရုပ်ထွက် စတာတွေဟာ G2ဖုန်းကို ပိုမိုနာမည်ကြီးစေတဲ့ အချက်တွေပဲ ဖြစ်ပါတယ်။ အဆိုပါ G2ဖုန်းနဲ့ ပတ်သက်ပြီး မြန်မာအိုင်စီတီမှ တင်ဆက်ထားတဲ့ သတင်းကိုလည်း ဒီနေရာမှာ လေ့လာဖတ်ရှုနိုင်ပါတယ်။

၃။ နံပါတ်သုံးက Samsungနည်းပညာ ကုမ္ပဏီကြီးရဲ့ Galaxy S Seriesထဲက နောက်ဆုံးထွက် Galaxy S4စမတ်ဖုန်း ဖြစ်ပါတယ်။ S3ဖုန်းနဲ့ တူညီတဲ့ အချက်တွေရှိပေမယ့် S3ထက် အများကြီး ပိုကောင်းအောင် ဖန်တီးထားတဲ့ Samsungရဲ့ နာမည်ကြီး လူကြိုက်များ အန်းဒရွိုက် စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ ဒါ့အပြင် အဆိုပါ Galaxy S4ရဲ့ သတင်းအပြည့်အစုံကိုလည်း ဒီနေရာမှာ ဖတ်ရှုနိုင်ပါတယ်။

၄။ နောက်တစ်ခုက Googleရဲ့ Nexus 4စမတ်ဖုန်းပဲ ဖြစ်ပါတယ်။ ရိုးရှင်းလှပပြီး ဆွဲဆောင်မှုရှိတဲ့ ပုံစံနဲ့အတူ မြန်ဆန်တဲ့ Processor, အလန်းစား Featuresတွေနဲ့ စွယ်စုံအသုံးပြုနိုင်မယ့် အန်းဒရွိုက်စမတ်ဖုန်း တစ်လုံးဖြစ်ပါတယ်။ LGနဲ့ Googleတို့ ပူးပေါင်း ထုတ်လုပ်ထားတာ ဖြစ်ပြီး အဆိုပါ စမတ်ဖုန်းအကြောင်း ပြည့်ပြည့်စုံစုံလေ့လာချင်ရင်တော့ ဒီနေရာမှာ ရှိပါတယ်။

၅။ နောက်ထပ် အန်းဒရွိုက်စမတ်ဖုန်းကလည်း နာမည်ကြီးနေတဲ့ Motorolaရဲ့ Moto Xစမတ်ဖုန်း ဖြစ်ပါတယ်။ အဆိုပါ စမတ်ဖုန်းရဲ့ အချက်အလက်တွေကိုတော့ ဒီနေရာမှာ ပြည့်ပြည့်စုံစုံ လေ့လာနိုင်ပြီး လက်ရှိမှာ တော်တော်လေး နာမည်ကြီးနေတဲ့ Featureတွေ များစွာပါ၀င်တဲ့ အဆင့်မြင့် စမတ်ဖုန်းတစ်လုံး ဖြစ်ပါတယ်။

author-avatar

About Kan Gyi

Kan Gyiသည် Myanmar ICTတွင် နည်းပညာသတင်းများ၊ ဆောင်းပါးများ၊ သုံးသပ်ချက်များနှင့် ကွန်ပျူတာ၊ မိုဘိုင်းဖုန်း စသည့် IT ပစ္စည်းများ အကြောင်းကို ရေးသား တင်ဆက်ပေးလျက် ရှိသည်။ Diploma in IT ရရှိထားပြီး E-major (Distance) တက်ရောက်လျက်ရှိသည်။ နည်းပညာ အကြောင်းအရာများကို အထူးစိတ်၀င်စားပြီး Myanmar ICT ပရိသတ်များအတွက် အကျိုးများစွာပြုမည့် သတင်းအချက်အလက် များကို အစဉ်မပြတ် ဖော်ပြပေးသွားမည် ဖြစ်ပါသည်။

Leave a Reply

Your email address will not be published. Required fields are marked *