Opinion

သရဲ အခြောက်ခံရသောပုံပြင်တစ်ပုဒ်

တစ်လောက..Taxi စီးရင်း Driver ဦးလေးကြီးက သူသရဲခြောက်ခံရတဲ့….   အကြောင်းကိုပြောပြတယ်..

အဲ့နေ့က ည၁၀နာရီလောက်ရှိရောပေါ့ကွာ..  မင်္ဂလာဒုံ.ဘက်ကို.. ရောက်နေတာ… ဦးက..မြို့ထဲပြန်မှာ ကားပြန်အပ်တော့မယ်ပေါ့ကွာ.. တစ်ခေါက်ပီးရင်တော့…

အဲ့ချိန်မှာ…မိန်းမတစ်ယောက်တားတယ်….ဆံပင်ရှည်ကို.. ဖားလျားချထားတယ်… အင်္ကျီကလဲ.. အဖြူရောင်ကွာ.. ခါးရှည်ပေါ့…. ပြောတဲ့နေရာကလည်း.. လမ်းကြုံနေတယ်.. နဲနဲပဲဝင်ရမှာ..  တက်ခိုင်းလိုက်တာပေါ့ကွာ..

 

ကားထွက်တော့မှ… ကြက်သီးတွေ.ကတစ်ဖြန်းဖြန်း.. .ထလာတယ်… သူရဲမများလားမသိဘူးဟ…

နောက်ကနေ.. ဂုတ်ချိုးပြီးသတ်ရင်တော့.. အခက်ဟ.. ဆိုပြီး.. လန့်လာရော..

Back မှန်က.. ကြည့်တော့လည်း.. ငြိမ်လို့.. ဆံပင်တွေကလည်း. လွင့်လို့…

ငါလည်း…  အသက်တောင်ကောင်းကောင်းမရှူရဲဘူးကွာ..

အဲ့လို့နဲ့… သူပို့ခိုင်းတဲ့လမ်းရောက်.ပါလေရော.. ခွေးတွေကလည်း… အဲ့ချိန်… အူချက်ကွာ…. မရပ်တော့ဘူး…

အိမ်က.မြင်နေရပြီ..ငါလည်း… လျှောက်ပြောရတာပေါ့… လမ်းထဲဝင်ရင်… ကားက.. ထွက်လို့မရလောက်ဘူး. ဘာညာနဲ့…

 

အဲ့ဒါနဲ့…အတင်းတောင်းပန်ပီး…လမ်းထိပ်တင်ရပ်ပေးလိုက်တယ်..ပိုက်ဆံမယူတော့ဘူး.. ပြောတာကို.. အတင်းပေးသွားသေးတယ်…ထူးဆန်းပုံက..ဆင်းဆင်းချင်းတင်..အသံမကြားပဲ..ပျောက်သွားတာ…တစ်သက်နဲ့တစ်ကိုယ်ကွာ..

မကြုံဖူးဘူး..နောက်တံခါးကလဲ..မပိတ်သွားဘူး…အဲ့ဒါနဲ့..ဘုရားစာတွေ..ရွတ်ပြီး…. ကားတံခါးကို..ဖွင့်လိုက်တယ်..ဆင်းပြီး..သွားပိတ်မယ်ပေါ့..ကားပေါ်ကဆင်းလိုက်တဲ့အချိန်မှာ…စဉ်းစားမိတယ်…ပြန်လှည့်လာရင်တော့ သေပြီလို့……

အဲ့ချိန်ဗြုန်းဆို…

ခြေထောက်ကို..လက်အေးအေးကြီး တစ်ဖက်က လှမ်းဆွဲတယ်..ငါလည်း….လှမ်းကြည့်တော့..

ဟိုမိန်းမ..ခေါင်းကြီး…ငါ့ခြေထောက်နားမှာလေ…အားပါးပါး…..

ဆံပင်မှာလည်း..ရေတွေ..ရွှဲလို့…..ငါတော့..မြတ်စွာဘုရားကို..အာရုံပြုလိုက်တယ်..

ငါတော့…သွားပြီလို့…

အဲ့ချိန်ဗြုန်းဆို အသံတစ်သံကြားတယ်……..

 

“နောက်ဆို..မြောင်းဘေးမှာ..ကား..မရပ်ပါနဲ့..ဦးလေးရယ်..”..တဲ့…

Related Posts

Leave a Reply

Your email address will not be published. Required fields are marked *