News

ထူးဆန်းသောနည်းဖြင့် သေဆုံးသူများ နှင့် ကမ္ဘာကျော်ခဲ့သူတွေရဲ့ ထူးခြားဆန်းပြား အလွဲများ

– ဘီစီ ၅ ရာစုက ဂရိပန်းချီကျော်ဇူးဆစ်ဟာ သူရဲ့ ရုပ်တူပန်းချီကိုကြည့်ပြီး တအားရယ်မောရာကနေ သွေးကြောပြတ် သေသွားပါတယ်။

– ဘီစီ ၂၈၉ မှာ အာဂါသိုကလီးဆိုတဲ့လူဟာ သွားကြားထိုးတံကို မျိုချမိပြီး အသက်ရှုမရဖြစ်သေပါတယ်။

– ဧကရာဇ်ဘုရင်ကြီး အလက်ဇန်းဒါးသည်ဂရိတ်ဟာ နှစ်ရက်နှစ်ည ပျော်ပွဲရွှင်ပွဲကျင်းပရာကနေ ဖျားပြီးသေပါတယ်။

– အင်္ဂလန်ပြည်က ဂျွန်ဘုရင်ဟာ အစားလွန်ပြီးသေဆုံးပါတယ်။

– ၁၂၆၉ ခုနှစ်မှာ သူရဲကောင်း စတုတ္ထဖျီ၀ါရိုင်းဆိုသူဟာ စစ်ပွဲအောင်နိုင်င်္ပြီး ဝံ့ကြွားစွာပြန်လာပါတယ်။ ရွံ့နွံတစ်ခု ရောက်တဲ့အခါ ၀တ်ထားတဲ့သံချပ်ကာအကျီ ရဲ့အလေးချိန်ကြောင့် မြင်းရောလူရော မြုပ်ပြီးသေပါတယ်။

– ၁၄၇၈ ခုနှစ်မှာ မြို့စားကြီးဂျော့ကို သူ့ရဲ့ညီဖြစ်တဲ့ ရစ်ချက်က ၀ိုင်အရက်စည်ထဲ နှစ်သတ်ခဲ့ပါတယ်။

– စကော့တန်မြို့စားကြီး ဂျိမ်းဒေါက်ကလပ်ဟာ သူပထမဆုံးသယ်ဆောင်တင်သွင်းလာခဲ့တဲ့ ခေါင်းဖြတ်စက်နဲ့ သူကိုယ်တိုင်အသတ်ခံရပါတယ်။

– ဗြိတိသျှစာရေးဆရာ ဖရန့်ဆစ်ဘေကွန်ဟာ ဆီးနှင်းက အသေကောင်တစ်ခုကို မပုပ်ပွအောင်တားဆီး နိုင်စွမ်းရှိမရှိဆိုတာကို စမ်းသပ်တဲ့အနေနဲ့ ကြက်တစ်ကောင်ကိုသတ်ပြီး ဗိုက်ကိုခွဲလို့ နှင်းခဲတွေဖြည့်လိုက်ပါတယ်။ အဲဒီလိုလုပ်နေရင်းနဲ့ပဲသူ အအေးပတ်ပြီးသေသွားပါတယ်။

– ဗြိတိသျှစာရေးဆရာ သောမတ်မေဆိုသူဟာ အသက်ကြီးပြီး တဖြည်းဖြည်း၀လာတဲ့အတွက် မေးစေ့ကို အ၀တ်နဲ့ပတ်ပြီး ဦးခေါင်းကသိုင်းထားရပါတယ်။ အဲဒီသိုင်းထားတဲ့ အ၀တ်ကြောင့် အသက်ရှုကြပ်ပြီးသေပါတယ်။

–  ဗြိတိသျှစာရေးဆရာ သောမတ်မေ ဆိုတဲ့လူဟာ ၁၆၈၅ ခုနှစ်မှာ အလွန်ဆင်းရဲသွားပါတယ်။ အစာမရှိဘဲ ရက်ပေါင်းများစွာနေခဲ့ရတဲ့အတွက် သူတပါးထံက လက်ဖြန့်တောင်းရာက ငွေတစ်ဂီနီရပါတယ်။ ပေါင်မုန့်တစ်လုံး၀ယ်စားပါတယ်။ တစ်လုတ်တည်းနဲ့ နင်ပြီး သေသွားပါတယ်။

– ပြင်သစ်စာရေးဆရာ ဂျီရပ်ဒီနာ့ဗယ့် ဟာ ၁၈၅၅ ခုနှစ်မှာ လမ်းဘေးမီးတိုင်တစ်တိုင်မှာ ဂါ၀န်တစ်ထည်နဲ့ ကြိုးဆွဲချသေသွားပါတယ်။

– ၁၈၈၄ ခုနှစ်မှာ အမေရိကန်စုံထောက်အဖွဲ့ရဲ့ခေါင်းဆောင်ဖြစ်တဲ့ အယ်လင်မင်ကာတင်ဟာ ကိုယ့်လျှာ ကိုယ်ကိုက်မိရာကနေ အနာရှိန်တက်ပြီး သေဆုံးသွားပါတယ်။

– ဗြိတိသျှစာရေးဆရာ မြို့စားကြီး ဟယ်ရီစတင်းဘော့ဟာ ၁၉၀၅ မှာ မိတ်ဆွေတစ်ယောက်ကို အရက်မူးပြီး မီးထိုးတဲ့သံချောင်းနဲ့ ရိုက်နှက်မယ်ပြုရင်းပဲ မီးပုံထဲလဲကျသေပါတယ်။

– ဗြိတိသျှစာရေးဆရာ အားနောကင်းနက်ဟာ ပြင်သစ်ကသောက်ရေဟာ စိတ်ချရပါတယ်လို့ ဟောပြောပြီး ရေကို လက်တွေ့သောက်ပြပါတယ်။ အဲဒီရေကနေ တွိုက်ဖိုက်ရောဂါရပြီး သူသေသွားပါတယ်။

– ဗြိတိသျှကဗျာဆရာ လိုယိုနယ်ဂျွန်ဆင်ဟာ ၁၉၀၂ မှာ အရက်ဆိုင်ကုလားထိုင်ပေါ်က လိမ့်ကျပြီး သေသွားပါတယ်။

– ရုရှားဘာသာရေးဆရာကြီး ရပ်စပြူတင်ကို ၁၉၁၆ ခုနှစ်မှာ အဆိတ်ခတ်ထားတဲ့ကိတ်မုန့်၊ ဝိုင်အရက်တွေနဲ့ လုပ်ကြံပေမယ့်မသေပါဘူး။ သေနတ်နဲ့ နှစ်ကြိမ်တိတိ ပစ်ခတ်လုပ်ကြံပေမယ့်လည်း မသေပါဘူး။ နောက်ဆုံး ကြိုးတုပ်ပြီး မြစ်ထဲတွန်းချလိုက်တော့မှ သေပါတယ်။

– အမေရိကန်မှာနေတဲ့ နပိုလီယန်ရဲ့အနွယ်တော် ဂျာရိုဗီနပိုလီယန်ဟာ သူ့ဇနီးမွေးထားတဲ့ ခွေးက ကိုက်လို့ သေသွားပါတယ်။

– အမေရိကန်က ကောလိပ်တော်အရာရှိ လန်ဂလီတော်လီယားဟာ သူ့ရဲ့ အိမ်ထဲကို သူခိုး၀င်ရင် ဖမ်းမိအောင်လို့ ထောင်ချောက်ဆင်ထားပါတယ်။ ၁၉၄၇ မှာ သူ့ထောင်ချောက်ကို သူပြန်မိသွားပြီး အပ်ချုပ်စက်နဲ့ စာအုပ်တွေ ခေါင်းပေါ်ပြုတ်ကျသေပါတယ်။

– ဂရိဘုရင် အလက်ဇန်းဒါးနောက်တစ်ယောက်ဟာ သူမွေးထားတဲ့ မျောက်က သူ့ပြန်ကိုက်လိုက်လို့ သွားဆိပ်တက်ပြီး သေသွားပါတယ်။

လူသတ်တဲ့လျှပ်စစ်ကုလားထိုင်ကနေ ရာဇပလ္လင်အဖြစ်သို့

အပြစ်ရှိတဲ့လူတွေကို သတ်ဖို့အတွက် လျှပ်စစ်ကုလားထိုင်ကို နယူးယောက်မြို့မှာ ၁၈၉၀ သြဂုတ်လ ၆ ရက်နေ့မှာ စတင်အသုံးပြုပါတယ်။ အီသီယိုပီးယားနိုင်ငံဘုရင် ဒုတိယမင်နီလိပ်က အဲဒီသတင်းကိုကြားပြီး တော်တော် သဘောကျသွားပါတယ်။ အဲဒါနဲ့ ခေတ်မှီလျှပ်စစ်ကုလားထိုင်သုံးလုံးကို နယူးယောက်မြို့က ကုမ္ပဏီဆီလှမ်းမှာ ယူလိုက်ပါတယ်။ ကုလားထိုင်တွေရောက်လာတော့ ဘယ်လိုမှ အသုံးပြုလို့မရတာကို တွေ့ရပါတယ်။

ဘာကြောင့်လဲဆိုတော့ အဲဒီတုန်းက အီသီယိုပီးယားနိုင်ငံမှာ လျှပ်စစ်မီးလုံး၀မရှိလို့ပါပဲ။ ဘုရင်ကြီးဟာ ဈေးကြီးပေး ၀ယ်ထားတဲ့ ကုလားထိုင်သုံးလုံးကို နှမျောပြီး အလဟဿမဖြစ်စေဖို့အတွက် တစ်လုံးကို သူထိုင်မယ့် ရာဇပလ္လင်အဖြစ် အသုံးပြုလိုက်ပါတယ်။

မသေချင်ပါဘူးဆိုမှ

ဂျွန်ဒီလင်းဂါးဆိုတာ အမေရိကန်မှာ နံပတ်တစ် လူဆိုးဂိုဏ်းခေါင်းဆောင်ဖြစ်ခဲ့ပါတယ်။ သူ့ကို အသေပဲဖြစ်ဖြစ် အရှင်ပဲဖြစ်ဖြစ် ဖမ်းမိခဲ့ရင် ဆုငွေ ဒေါ်လာတစ်သောင်းပေးမယ်လို့အစိုးရက ကြေငြာလိုက်ပါတယ်။ စုံထောက်အဖွဲ့ ကလည်း သူ့နောက်ကို တကောက်ကောက်လိုက်နေပါတယ်။ အဲဒီအချိန်မှာ လူဆိုးကြီးဟာ ဆရာ၀န်တစ်ယောက်ကို ဒေါ်လာငါးထောင်ပေးပြီး သူ့မျက်နှာကို ခွဲစိတ်ပြုပြင်ပါတယ်။ လက်ဗွေရာတွေကိုလည်း ဖျက်ဆီးပါတယ်။ ဆရာက၀န်က အတတ်နိုင်ဆုံးကူညီပေမယ့် မေ့ဆေးပေးတာ လွန်သွားလို့ သေသွားပါတယ်။

စာရေးဆရာဖြစ်လိုသူများအတွက်

ပြင်သစ်စာရေးဆရာကြီး ဗစ်တာဟူးဂိုးဟာ နော်ဒီဒိမ်းဘုရားကျောင်းက ခါးကုန်းကြီးစတဲ့ စာအုပ်တွေနဲ့ ကမ္ဘာကျော်ခဲ့တာပါ။ သူ့ရဲ့ စာရေးပုံလေးက အတုယူစရာကောင်းပါတယ်။ သူဟာ စာရေးဖို့အရမ်းပျင်းတဲ့လူတစ်ယောက်ပါ။ အဲဒီအခါတိုင်းမှာ သူဟာ စာရေးဖြစ်အောင်အတွက် သူ့မှာရှိတဲ့ အ၀တ်အစားတွေနဲ့ ကိုယ်မှာ၀တ်ထားတဲ့အ၀တ်တွေကိုပါ ချွတ်ပြီး သူ့တပည့်ကိုပေးလိုက်ပါတယ်။ အဲဒီအခါ သူဟာ အ၀တ်အစားမရှိ တော့တဲ့အတွက် အပြင်ထွက်လို့မရတော့ပါဘူး။ အဲဒီတော့မှ အနားမှာရှိတဲ့ ခဲတံနဲ့ စက္ကူကိုကောက်ပြီးစာရေးနိုင်ပါတော့တယ်။

ယင်ဈာပန

ရောမနိုင်ငံမှာ ကျော်ကြားခဲ့တဲ့ကဗျာဆရာကြီးဗာဂျီဟာ ဘီစီ ၁၉ ရာစုမှာ ယင်ကောင်တစ်ကောင်ရဲ့ အသုဘကို ဦးဆောင်ခဲ့ပါတယ်။ သာမန်ယင်ကောင်လေးတစ်ကောင်ကို တီးဝိုင်းတွေ ငိုကြွေးသူတွေနဲ့ ယင်ကောင်ရဲ့အိမ်တော်လို့ သတ်မှတ်ထားတဲ့နေရာကနေ အထူးသတ်မှတ်လိုက်တဲ့ ကွင်းပြင်ကြီးဆီ လိုက်ပို့ခဲ့ကြပါတယ်။ အဲဒီယင်ကောင်နဲ့ပတ်သတ်တဲ့ ကဗျာစာတမ်းတွေလည်း ရေးသားခဲ့ပါတယ်။ အသုဘစရိတ်ငွေဟာ တစ်သိန်းတိတိကုန်ကျခဲ့တယ်လို့မှတ်တမ်းတွေက ဆိုပါတယ်။ အဲဒီလိုလုပ်တာဟာ အကြောင်းမဲ့မဟုတ်ပါဘူး။ အဲဒီအချိန်က ရောမနိုင်ငံမှာ ဥပဒေတစ်ရပ်ထုတ်လိုက် ပါတယ်။ အဲဒါကတော့ သူဌေးသူကြွယ်တွေပိုင်ဆိုင်တဲ့မြေအားလုံးကို စစ်ပြန်တပ်မတော်သားတွေကို ပေးရမယ်လို့ပဲဖြစ်ပါတယ်။ ကဗျာဆရာသူကြွယ်ကြီးဟာ အဲဒီလို ယင်ကောင်ရဲ့အသုဘကို လုပ်ပြသရော်လိုက်တဲ့အတွက် အဲဒီ ဥပဒေကို ပြန်ရုတ်သိမ်းသွားပါတယ်။

ဆွစ်ဇာလန်ရေတပ်မတော်

အမေရိကန်ပြည်ထောင်စုရဲ့ နိုင်ငံခြားရေး၀န်ကြီးဌာနမှာ ဒီလီယန်ဘိုင်ဆိုတဲ့လူဟာ တာ၀န်ခံဖြစ်ခဲ့ပါတယ်။ ဆွစ်ဇာလန်ရေတပ်မတော်အား ပနားမားတူးမြောင်းဖွင့်ပွဲသို့ တက်ရောက်ပေးပါရန်ဖိတ်ကြားအပ်ပါသည် ဆိုပြီးသူက သ၀ဏ်လွှာပို့ခဲ့ပါတယ်။ ဒါပေမယ့် ဖွင့်ပွဲရက်မှာ ဆွစ်ဇာလန်နိုင်ငံကတက်ရောက်ခြင်းမရှိခဲ့ပါဘူး။ ဘာလို့လဲဆိုတော့ ဆွစ်ဇာလန်နိုင်ငံမှာ ဘယ်တုန်းကမှ ရေတပ်မတော်ဆိုတာ မရှိခဲ့လို့ပါပဲ။

လက်ရာကောင်း

အမေရိကန်အမျိုးသားပန်းချီအကယ်ဒမီမှာ အက်အပ်ဒစ်ဆင်ဆိုတဲ့လူ ရေးဆွဲတဲ့ ပန်းချီကားကို ဒုတိယ ဆုချီးမြှင့်ခဲ့ပါတယ်။ ဆုပေးပြီးမှ ပန်းချီကားဟာ ပွဲစကတည်းက ပြောင်းပြန်ကြီးချိတ်ထားတာကို သိကြရပါတယ်။

သနားစရာဒေါက်တာ၀ပ်ဆင်

စာရေးဆရာ အာသာကင်နင်ဒွိုင်းဟာ ရှားလော့ဟုမ်း၀တ္ထုတွေထဲမှာ ဒေါက်တာ၀ပ်ဆင်ဆိုတဲ့ဇာတ်ကောင် ကို အမြဲထည့်သွင်းလေ့ရှိပါတယ်။ ဒေါက်တာ၀ပ်ဆင်ဟာ သူ့၀တ္ထုတွေထဲမှာ-

– စစ်အတွင်းက သေနတ်ဒဏ်ရာရခဲ့သည်။

– လက်မောင်းမှာ ဒဏ်ရာရခဲ့သည်။

– ခြေထောက်မှာ သေနတ်ဒဏ်ရာရခဲ့သည် စသဖြင့် တစ်ကြိမ်နဲ့တကြိမ် မတူအောင် ရေးသားခံခဲ့ရပါတယ်။

ဆီးနှင်းရှင်းတဲ့စက်

အာရပ်နိုင်ငံတွေမှာ ဆီးနှင်းဆိုတာ လုံး၀မရှိပါဘူး။ အရမ်းပူတဲ့နိုင်ငံတွေပါ။ ဒါပေမယ့် ဆီးနှင်းရှင်းတဲ့စက်တွေကို သူတို့ အမြဲ၀ယ်ယူကြပါတယ်။ သဲတွေကိုရှင်းပါတယ်။

Leave a Reply

Your email address will not be published. Required fields are marked *